• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က နိုင်ငံတဝန်းလုံးမှာ အိမ်ခြေ ၇ သောင်းကျော်မီးရှို့ဖျက်ဆီး၊ ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံးမှု တတိယအများဆုံးပြည်နယ်ဖြစ်

စစ်ကောင်စီတပ်က နိုင်ငံတဝန်းလုံးမှာ အိမ်ခြေ ၇ သောင်းကျော်မီးရှို့ဖျက်ဆီး၊ ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံးမှု တတိယအများဆုံးပြည်နယ်ဖြစ်

0
By Editor on June 16, 2023 Headline

(02HH)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် လူနေအိမ်အေဆာက်အအုံ ၇ သောင်းကျော်ပျက်စီးခဲ့ပြီး ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် ပျက်စီးဆုံးရှုံးမှု တတိယအများ ဆုံးပြည်နယ်ဖြစ်သည်ဟု Data for Myanmar ၏ စာရင်းအရသိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ နိုင်ငံတဝန်းလုံး မီးရှို့ဖျက်ဆီးမှုအခြေအနေနှင့်ပတ်သက်၍ Data for Myanmar အဖွဲ့က ဇွန်လ ၁၄ ရက် နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ (၁) ရက်မှ ၂၀၂၃ ခုနှစ် မေလ (၃၁) နေ့ အထိ လူနေအိမ်အဆောက်အအုံ ၇၀၃၂၄ ပျက်စီးခဲ့သည်ဟု ဆိုသည်။  

စစ်ကိုင်တိုင်းသည် တစ်နိုင်ငံလုံးတွင် အဆောက်အအုံမီးရှို့ဖျက်ဆီးခံရမှုအများဆုံးဒေသဖြစ်ပြီး အိမ်ခြေပေါင်း ၅၃၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ဒုတိယ ပျက်စီးဆုံးရှုံးမှုအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေပေါင်း ၁၀၄၅၁ လုံး ပျက်စီးဆုံးရှုံးခဲ့ သည်ဟု Data for Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။

ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံးမှု တတိယအများဆုံးဒေသဖြစ်ပြီး အိမ်ခြေပေါင်း ၁၆၃၇ လုံးပျက်စီးဆုံးရှုံးကာ ကျေးလက် ဒေသတွင် လူနေအိမ် ၃၀၂ လုံး နှင့် မြို့ပြတွင် ၁၃၃၅ လုံး ပျက်စီးခဲ့သည်ဟု Data for Myanmar စာရင်း အရသိရသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ခုခံတော်လှန်စစ်အားကောင်းသော ဒေသများကိုပစ်မှတ်ထားကာ လူနေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ်မှ ဒုညွန်ကြားရေးမှူး Salai Van Sui San ကပြောသည်။

“ခုခံတွန်းလှန်ရေး CDF တွေ အားကောင်းတဲ့ နေရာတွေမှာ ပိုပြီး တော့အဖြစ်များတာတွေ့ရတယ်၊  လူမဆန်တဲ့ စိတ်ကြောင့် လို့ပြောချင်တယ်၊ ပြည်သူတွေရဲ့နေအိမ်ဆိုတာက တော်လှန်ရေးနဲ့ ဘာမှ သက်ဆိုင်မှုမရှိတဲ့ဟာ သူတို့ကလည်း ဘာရည်ရွယ် ချက်နဲ့မီးရှို့တာလဲဆိုရင် ပြည်သူတွေနဲ့ တော်လှန် ရေးတပ်သားတွေကြားမှာ အမုန်းပိုပွားအောင်မီးရှို့လိုက်တဲ့သဘောပဲ” ဟု  Salai Van Sui San ကပြောသည်။

ချင်းပြည်နယ်တွင် ထန်တလန်မြို့သည် လူနေအိမ်မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဖြစ်ပြီး အိမ်ခြေပေါင်း ၁၂၉၉ လုံး ပျက်စီးကာ ဖလမ်းနှင့် ဟားခါးမြို့နယ်မှာလည်း နေအိမ် ၂၀ဝ ကျော်မီးရှို့ဖျက်ဆီးခံရသည်ဟု Data for Myanmar ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အရပ်သားပြည်သူများနေထိုင်သော နေအိမ်များ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း လုပ်ရပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ချင်းရေး ရာအဖွဲ့ချုပ် ဒုညွန်ကြားရေးမှူး ကပြောဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.