စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၏အကို အထူးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန် မျက်စိနှင့် လက် ကျည်ဆံထိမှန်

0

ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၏အကို အထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန် (Dr. Za chhinga) သည် ယမန်နေ့ (မေလ ၂၆) ညက အိမ်အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မျက်စီနှင့် လက်တွင် ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန်သည် ခရိုင်ဂေါက်သီးရိုက်ပြိုင်ပွဲတွင်ပါဝင်ကာ မေလ ၂၆ ညနေ ၉ နာရီဝန်းကျင်ခန့် ကားဖြင့်နေအိမ်သို့အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘယ်ဘက်မျက်စိနှင့် ဘယ်လက်မောင်းတွင် ကျည်ဆံထိမှန်ခဲ့သည်ဟု သူ၏ နီးစပ်သူများထံမှသိရသည်။

ယခုလက်ရှိတွင် နေပြည်တော် ပြည်သူ့ဆေးရုံ ICU တွင် ကုသမှုခံယူလျှက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်မရှိသော်လည်း ကျည်ဆံထိမှန်သည့် မျက်စိမှာ စိုးရိမ်ဖွယ်ရှိသည်ဟု သိရသည်။

Share.

About Author

Leave A Reply