Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီထိုးစစ်ကြောင့် မတူပီမြို့နယ်က ဒေသခံပြည်သူ တစ်ထောင်ကျော် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ
Photo: IDP-Matupi

စစ်ကောင်စီထိုးစစ်ကြောင့် မတူပီမြို့နယ်က ဒေသခံပြည်သူ တစ်ထောင်ကျော် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

0
By Editor on February 9, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုကြောင့် ခြန်းပြန်း(ခ) အပါအဝင် ရွာ (၅) ရွာမှ အရပ်သားပြည်သူ ၁၂၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။

ခြန်းပြန်း(က)၊ ခြန်းပြန်း(ခ)၊ ဟာတူး၊ ရမ်တိန်းနှင့် မွင်တုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၂၀၀ ခန့်သည် နီးစပ် ရာတောတောင် တွေထဲ စစ်ဘေးရှောင်နေရပြီး စစ်ရှောင်အများစုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် စစ်ဘေး ရှောင်ပြေးခဲ့ရသည်ဟု မတူပီမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“အဓိကက အရင်ကလည်း ဒီစစ်ရေးတင်းမာမှုရှိတော့ ပုံမှန်သွားလာပဲ နေကြတော့ ပြင်ဆင်မှု အပိုင်းက မရှိဘူး၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကြောင်းထိုးလာတော့ အဝတ်တစ်ခု ကိုယ်တစ်ခုနဲ့ပဲ ပြေးလာရတာဆိုတေ့ာ လော လောဆယ် စားနပ်ရိက္ခာပိုင်းနဲ့ ဆေးဝါးက အရေးပေါ် လိုအပ်နေပါတယ်”ဟု သူက ပြောသည်။

စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အများအပြားလည်း ပါဝင်နေပြီး အရေအတွက် အတိအကျကို စာရင်းမကောက်ယူနိုင်သေးကြောင်း၊ ၎င်းတို့အတွက်လည်း အကူအညီများ ၊ အထောက်အပံ့များ လိုအပ်နေသည်ဟု သိရသည်။

ခြန်းပြန်း(က)နှင့် ဟာတူးရွာမှ စစ်ရှောင်များသည် တစ်နေရာမှာ စုစည်း၍ စစ်ဘေးရှောင်ကြပြီး၊ ရမ်းတိန်းဒေသခံများ က တစ်နေရာမှာ စုစည်း၍ စစ်ဘေးရှောင်ရကြောင်း၊ တခြားရွာများလည်း လုံခြုံမည့် တောထဲတွင် ယာယီတဲ၊ တာလပတ် အမိုးအကာဖြင့် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်အထိ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့သော ခြန်းပြန်း(ခ)ကျေးရွာတွင် အိမ်ခြေ ၇၀ နီးပါး ရှိရာမှာ အရပ်သားနေအိမ် ၃၈ အိမ်ကို မီးရှို့ဖျက်စီးခဲ့ပြီး စပါးကျီး (၁) လုံး၊ စာကြည်တိုက် (၁) ခုတို့ကိုလည်း မီးရှို့ဖျက်စီးသွားခဲ့သည်၊ တခြားရွာများကို မီးရှို့ဖျက်စီးခဲ့မှုများ မရှိကြောင်း မတူပီ (ပအဖ)မှ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်က မတူပီ- ပလက်ဝ လမ်းပေါ်တွင် ယာယီတပ်စွဲထားသော ခလရ (၃၀၄) တပ်ရင်းမှ အင်အား (၂၀၀)ခန့်သည် မတူပီ – မင်းတပ် လမ်းကြောင်းအတိုင်း ခြန်းပြန်းရွာများအထိ စစ်ကြောင်း ထိုးလာခဲ့သည်ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

ခြန်းပြန်း(ခ)ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးမှာ ခြေနှစ်ဖက် ပြတ်သွားပြီး၊ တစ်ဦးမှာ ခြေတစ်ဖက် ပြတ်၍ နောက်တစ်ဦးမှာ မျက်စီထိခိုက် ဒဏ်ရာများ ရရှိခဲ့ကာ စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု သိရသည်။

အထိနာသော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖာ်ဝါရီလ ၂ ရက်တွင် ခြန်းပြန်း (ခ)ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့ကိုယ်တိုင် ပြောပြချက်အရ(စကစသတင်းရင်းမြစ်) ခြန်းပြန်းအထိ သွားခိုင်းတယ်တဲ့။ သုံးသပ်တာက စကစက မတူပီမှာ အင်အားတော်တော်လေး များသွားလို့ သူတို့မှာ စားစရာမရှိလို့၊ ရိက္ခာကလည်း ပြတ်နေပြီးဆိုတော့ လိုအပ်မူ ရှိလို့ ရွာတွေကို ဆင်းပြီး ခိုးတာပဲ ဖြစ်မှာပါ။ ရှိတဲ့ ဆန်တွေကိုလည်း အကုန်မပြီး ပြန်ဆင်းသွားတယ်” ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

မင်းတပ်မြို့နယ်တွင် ဗျူဟာမှူးအခြေစိုက်သော စစ်စခန်း (၁)ခု၊ ခြေလျင်တပ်ရင်း ခလရ (၃၀၄) တပ်ရင်းနှင့် ခြေမြန် တပ်ရင်း ခမရ ၁၀၄ တပ်ရင်းတို့ အခြေစိုက်ထားပြီး လက်ရှိတွင် မတူပီအခြေစိုက်တပ်ရင်းများကို စစ်ကောင်စီက စစ်အင်အားများ တိုးမြှင့်ပြင်ဆင်ထားကာ အင်အား ၅၀၀ မှ ၁၀၀၀ ဝန်ကျင်းအထိ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာများမှ ဆန်နှင့် ကြက်၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်၊ ယူဆောင်ပြီး စစ်စခန်းများထဲ ပြန်ဆုတ်သွားပြီးဖြစ်ကြောင်း CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။

သို့သော် နယ်မြေလုံခြုံရေးအခြေအနေရ ဒေသခံပြည်သူ အားလုံးကို စစ်ဘေးရှောင်ခိုင်းထားရဆဲဖြစ်ပြီး စစ်ရှောင် ပြည်သူများမှာ အိမ်ပြန်စရာလည်း မရှိဖြစ်နေကြောင်း သိရသည်။

မတူပီ စစ်စခန်းများတွင် စစ်အင်အားများ တိုးမြှင့်ထားပြီး စစ်ကောင်စီ၏ ရိက္ခါလုံလောက်မှု မရှိသော အခြေအနေ ကြောင့် တခြားနီးစပ်ရွာကျေးရွာများကိုလည်း ခြန်းပြန်းဘက်က ရွာတွေကဲ့သို့ ဆက်လက်လုပ်ဆောင်နိုင်၍ ပြည်သူများ သတိထားရန် လိုအပ်ကြောင်း သိရသည်။

“အခုတလောက မတူပီ စစ်ကောင်စီ အင်အားက တော်တော်လေး များပြီးဆိုတော့ ရိက္ခာက လုံလောက်မှု ရှိမှာ မဟုတ်ဘူး။ ဆိုတော့ အဓိကက ခြင်းပြန်လိုပေါ့၊ ရွာတွေကို လိုက်မွှေ၊ ဆန်တွေ လိုက်ကောက်၊ ကြက်ဝက်တွေ အကုန်သတ်ပြီး ယူသွားမှာပဲ၊၊ သူတို့ အဲလိုပုံစံ လုပ်လာမှာ ၊ အနီးနားက ရွာတွေကို သတိထားပြီး နေစေချင်တယ်” ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.