(005MK)
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းကျေးရွာတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့မနက်ပိုင်း ၉ နာရီ၀န်းကျင်ခန့်က လက်ပံချောင်းကျေးရွာထဲသို့ လက်နက်ကြီးကျည် ၂ ကြိမ်ကျရောက် ပေါက် ကွဲကာ အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး အသက် ၉ နှစ်အရွယ် Joseph Malsawmhlua သည် ပြင်းထန် ဒဏ်ရာကြောင့် မွန်းလွဲပိုင်း ၁၂ နာရီခွဲခန့်တွင် သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်း Zofa Journal တွင် ဖော်ပြသည်။
Joseph Malsawmhlua သည် ၀မ်းကွဲညီအကိုများနှင့်အတူ ဖခင်ဖြစ်သူ၏ ၀က်ခြံဆောက်လုပ်မှုကို ၀◌ိုင်း၀န်း ကူညီနေသည့်အချိန်တွင် ၎င်းတို့အနီးနားသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလာသည့်အတွက် ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဒဏ်ရာရရှိသူများကို နီးစပ်ဆေးရုံများသို့ ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ကလေးမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်းကျေးရွာသည် ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ပြီး ယခင်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။