Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က စာသင်ကျောင်းများ ရက်အကန့်သတ်မရှိ ပိတ်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က စာသင်ကျောင်းများ ရက်အကန့်သတ်မရှိ ပိတ်

0
By Editor on January 17, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းများအားလုံးကို ဇန်နဝါရီလ ၁၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ထုတ်ပြန်သည်။

“အားလုံးသိပြီးတဲ့အတိုင်းပေါ့နော်၊ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတော့ ဒီစာသင်ကျောင်းတွေ၊ ပြည်သူနဲ့ဆိုင်တဲ့နေရာတွေလည်းမချန်ပဲနဲ့ ဗုံးကြဲတာတွေလုပ်တဲ့အတွက်ကြောင့် အခု ကျွန်တော်တို့ ဒီ ဝိတိုရိယစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ကင်းထောက်လေယာဉ်တွေလည်း စိုးရိမ်စရာ ကောင်းလောက်အောင် ခဏခဏ ကျွန်တော် တို့ဘက် ကင်းလာထောက်တဲ့အတွက်ကြောင့် အဲ့တာ ကျွန်တော်တို့အတွက် မလုံခြုံဘူးလို့ ခံစားရလို့ပေါ့နော်၊ ကျွန်တော် တို့ ကျောင်းပိတ်လိုက်ရတာဖြစ်ပါတယ်” ဟု (Public Administration, Thantlang Education Department) ပညာရေးဌာနတာဝန်ခံ Salai Cross Thang က ပြောသည်။

စာသင်ကျောင်းများပိတ်ပင်ထားသည့် အချိန်ကာလအတွင်း ပြည်သူများအနေဖြင့် ကျောင်းဧရိယာအတွင်း ဆော့ကစားခြင်းများ၊ ပျော်ပွဲစားထွက်ခြင်းများ လူစုလူဝေးဖြင့် နေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း Public Administration, Than tlang Education Department က သတိပေးတားမြစ်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ထန်တလန်မြို့နယ်အတွင်းတည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ပြီးသည့်နောက်တွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်သည် ထန်တလန်မြို့နယ်တွင် ထပ်မံ ပျံသန်းလာသည့်အတွက် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ထန်တလန်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဖွင့်လှစ်ထားသော ကျောင်းပေါင်း ၉၅ ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၁၅၀၀၀ ကျော်ခန့်ရှိကာ ထန်တလန်မြို့နယ်တွင်းရှိ ကျောင်းနေရွယ် ကလေးများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်သည် ကျောင်းတက်နိုင်သည့်အနေထားရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.