• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ သံချပ်ကာကားအပါအဝင် ရိက္ခာများတင်ဆောင်သော ကားအစီး ၃၀ ခန့် ချင်းတောင်သို့တက်လာ၊ ဖလမ်း ဟားခါးဘက်ဦးတည်လာဟု ဆို

စစ်ကောင်စီ၏ သံချပ်ကာကားအပါအဝင် ရိက္ခာများတင်ဆောင်သော ကားအစီး ၃၀ ခန့် ချင်းတောင်သို့တက်လာ၊ ဖလမ်း ဟားခါးဘက်ဦးတည်လာဟု ဆို

0
By Editor on March 10, 2023 Headline

စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာကားအပါအဝင် ရိက္ခာများတင်ဆောင်လာသည်ဟု ယူဆရသော ကားအစီး ၃၀ ခန့်သည် ယနေ့မနက်ပိုင်းက ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာပြီး ဖလမ်း ဟားခါးဘက်သို့ သွားရောက်မည်ဟု ယူဆကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောဆိုသည်။

“၇ ရက်နေ့ကထွက်လာတဲ့အဖွဲ့ ဒီနေ့မနက်ပိုင်းမှာ သိုင်းငင်းလမ်းခွဲရောက်ပြီ။ သူတို့က ခြေလျင်နဲ့ ကားလမ်းအတိုင်းရော တောလမ်းအတိုင်းရောနှင်လာတယ်။ ဒီနေ့ ၉ ရက်နေ့မှာ ကားနဲ့ အင်အား ၁၀ဝ လောက် ထပ်တက်လာတယ်၊ သံချပ်ကားလည်းပါလာတယ် သိုင်းငင်းလမ်းခွဲမှာ ပထမ တက်တဲ့အဖွဲ့နဲ့ နောက်တက်တဲ့ အဖွဲ့တွေပေါင်းနေတယ်။ ဖလမ်း၊ ဟားခါးဖက်ကိုဆက်သွားမယ်လို့ သတင်းရထားတယ်။” ဟု PDF-Zoland က တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ခြေလျှင်ဖြင့်တက်လာခဲ့ကြပြီး ယနေ့ ၉ ရက်နေ့တွင် သံချပ်ကာကားအပါအဝင် ချောဆွဲခံထားရသော အရပ်သားကုန်တင်ကား အစီး ၃၀ ခန့်ဖြင့် ချင်းပြည်နယ်သို့ ထပ်မံချီတက်လာခြင်းဖြစ်သည်။

“သူတို့အနောက်ကနေပါလာတဲ့ကားတွေက စစ်သုံးကားတွေမဟုတ်ပဲနဲ့ အရပ်သားကားတွေဖြစ်နေတယ်၊ ဒီလိုကားသုံးတာက လူသားဒိုင်းသုံးတာ သူတို့သတ္တိကြောင်တဲ့အလုပ်လုပ်တယ် ပြည်သူတွေကိုဒီအတိုင်း ထိုးကျွေးလိုက်တဲ့သဘော၊ ဘာမှ သိက္ခာမရှိတဲ့အလုပ်တွေလုပ်နေတဲ့သဘောလို့ပဲပြောရမယ်။” PDF-Zoland က တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် သိုင်ငင်းကျေးရွာမှတဆင့် ဖလမ်းမြို့ဘက်သို့ ဆက်လက်ချီတက်သွားပြီး သိုင်ငင်းနှင့် ဇောင်ကောင်ရွာကြား Bekan ရွာတွင် ညအိပ်ကြသည်ဟု သတင်းရင်းမြစ်တချိူ့က ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီစစ်ကြောင်း ချင်းပြည်နယ်ဘက်သို့ တက်လာသည့်အတွက်ကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နေရာမရွေး၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.