Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်ကြောင့် ကြွေလွင့်ခဲ့ရသော …….. တောင်ဇလပ်မြေက “မြေစာပင်များ”

စစ်ကြောင့် ကြွေလွင့်ခဲ့ရသော …….. တောင်ဇလပ်မြေက “မြေစာပင်များ”

0
By Editor on August 12, 2022 Featured

Salai Vakok

“အုံ ၊ ဝုန်း”

ဤဗုံးပေါက်ကွဲသံက မောင်နန်းလင်း (အမည်လွှဲ) တို့ မိသားစုကို ဒုတိယအကြိမ် ကမ္ဘာပျက်စေသည်။

လွန်ခဲ့သော တစ်လနီးပါးက ဗုံးကျပေါက်ကွဲသော အိမ်ဘေးကနေရာကိုပင် ဒုတိယအကြိမ် ကျရောက်ပေါက်ကွဲ၍ မီးဖိုခန်းတွင် ထမင်းစားနေသည့် မောင်နန်းလင်း၏ အစ်ကိုမှာ နှလုံးတည့်တည့်ကို ဗုံးစမှန်ပြီး တစ်နာရီအကြာတွင် သေဆုံးသွားသည်။

၂၀၂၂ ခုနှစ်၊ ဇွန် ၂၅ ရက်၊ မနက် ၉ နာရီခန့်တွင် မင်းတပ်မြို့၊ ခလရ- ၂၇၄ က အိမ်ခြေ ၁၀၀ ကျော်ရှိသော မဒပ်ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မောင်နန်းလင်း၏ အစ်ကိုမှာ ဗုံးစမှန်ကာ သေဆုံးသွားခြင်းဖြစ်သည်။

အသက် ၁၄ နှစ်အရွယ် မောင်နန်းလင်း၏ အစ်ကိုသည် ၇ တန်းတက်ရောက်ရမည့် ကျောင်းသားဖြစ်ပြီး ခုတော့ အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရတော့သည်။

သားသမီး (၈) ဦး၏ မိခင်၊ အသက် ၄၆ နှစ်အရွယ် မိုင်ဂရေးစုကြည် (အမည်လွှဲ) အတွက်တော့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် ရင်တွေကွဲကြေမွခဲ့ရခြင်းဖြစ်သည်။ ပထမအကြိမ်က မေ ၂၃ ရက် မနက် ၈ နာရီခွဲဖြစ်သည်။

ထိုနေ့က စစ်တပ်၏ လက်နက်ကြီးဗုံး ပထမအကြိမ်အဖြစ် မိုင်ဂရေးစုကြည်တို့ အိမ်ဘေးအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး တတိယတန်းကျောင်းတက်ရမည့် သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်နန်းလင်းကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ အိမ်ခြေရာကျော်ရှိသော ရွာထဲကို ပစ်လွှတ်သော ဗုံးကြောင့် ခြေတစ်ဖက်မှာ ပြတ်ထွက်ပျက်စီးသွားပြီး ကျန်တစ်ဖက်မှာ ပေါင်ကျိုးသွားခဲ့သည်။ ချက်ချင်းပင် ဆိုင်ကယ်ဖြင့် ဆေးရုံးသို့ပို့၊ လမ်းတစ်ဝတ်တွင် လူနာတင်ကားလာကြို၊ နေ့ချင်း ပခုက္ကူဆေးရုံရောက်သည်။ ထို့မှ မန္တလေးဆေးရုံးကိုပြေးရပြီး ယောင်္ကျားနှင့် သမီးဖြစ်သူမှာ မောင်နန်းလင်းကို ပြုစု၊ ကုသနေရသည်။

မောင်နန်းလင်းတို့ မန္တလေးဆေးရုံးတွင် ကုသနေရသောအချိန်မှာ ဒုတိယအကြိမ်ဗုံးကြောင့် မောင်နန်းလင်း၏အစ်ကိုမှာ သေဆုံးရခြင်းဖြစ်ပြီး မောင်နန်းလင်းတို့ သားအဖတွေမှာ ထိုအသုဘကို မမှီခဲ့ချေ။

“ခလရ-၂၇၄ တပ်ရင်းကနေ ရမ်းသန်းပြီးတော့ ရွာထဲ ပစ်နေတာလေ။ သူတို့က အဲဒီလိုပဲ မထင်ရင်မထင်သလို ရွာတွေကိုရော၊ မြို့ပေါ်ကိုရော ရမ်းသန်းပြီး ပစ်တာပဲ။ အဲလိုပစ်လို့ပဲ ကလေးတွေ ထိသွားတာပေါ့နော”

“မောင်နန်းလင်းရဲ့ အစ်ကိုဖြစ်တော့ သူ့အမေက ဘုရားကျောင်းကိုခေါ်သွားတယ်။ ဘုရားကျောင်းမှာပဲ အသုဘလုပ်တယ်။ သူ့အဖေ၊ အစ်မနဲ့ မောင်နန်းလင်းတို့က မန္တလေးဆေးရုံးမှာပဲ ရှိသေးတယ်။ သူ့အမေ၊ သူ့အမနဲ့ သူ့အစ်ကိုတို့နဲ့ ရွာသူ/သားတို့က အသုဘကို လုပ်ရတာပေါ့” ဟု မောင်နန်းလင်း၏ ဦးလေးက ပြောသည်။

စစ်အာဏာသိမ်းတပ်သည် ပြည်သူတွေ နေထိုင်သော မြို့ရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်လေ့ရှိပြီ မောင်နန်းလင်းတို့ကဲ့သို့ ကလေးငယ်များအပါဝင်လူထုမှာ ထိခိုက်ဒဏ်ရာများရရှိခြင်းနှင့် သေဆုံးခြင်းတို့ ကြုံတွေ့နေရသည်။

မင်းတပ်မြို့နယ်တွင် စစ်အာဏာသိမ်းတပ်၏ ခလရ-၂၇၄ တပ်ရင်းက မြို့ပေါ်နှင့် ရွာတွေထဲကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်မှုကြောင့် အရပ်သား ၇ ဦးခန့် သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်၏ မြေမြုပ်မိုင်းတွေကြောင့် အရပ်သားပြည်သူ ၅ ဦးခန့်၊ မသင်္ကာမှုဖြင့် သေနတ်နှင့် ပစ်ခံရ၍ သေဆုံးသူ ၃ ဦး စုစုပေါင်း အပြစ်မဲ့ အရပ်သား ၂၀ ကျော် သေဆုံးသည်ဟု မင်းတပ်-PDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။

“အများအားဖြင့်တော့ အရပ်သားပြည်သူ သေဆုံးမှုဟာ လက်နက်ကြီးကြောင့််ဖြစ်ပါတယ်။ နောက်တစ်ချက်က မိုင်းပေါ့နော်။ သူတို့ စစ်ကြောင်းထွက်သွားပြီးရင် ကျန်ခဲ့တဲ့နေရာတွေမှာ မိုင်းတွေ ထားခဲ့တယ်။ မိုင်းကြောင့် သေရတဲ့ဦးရေလည်း များတယ်။ ဖမ်းပြီးတော့ အသတ်ခံရတဲ့ အရပ်သားလည်း ရှိတယ်။ လက်နက်ကြီးက အများဆုံး၊ ဖမ်းဆီးနှိပ်စက်တာက တတိယ၊ ဒုတိယက မိုင်းပေါ့” ဟု ၎င်းက ပြောသည်။

ချင်းပြည်သူများသည် ချင်းကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသောအရာများကို မလုပ်ဖို့၊ လမ်းများကို မသွားဖို့၊ ၎င်းတို့၏ ထုတ်ပြန်ချက်များကို လိုက်နာဖို့လိုအပ်သည်ဟု အကြံပြုကြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံ၏ အစိုးရအဖြစ် ပြည်တွင်းနှင့် ပြည်ပတွင် နည်းလမ်းပေါင်းစုံဖြင့် ပုံဖော်နေသော်လည်း နိုင်ငံတွင် နထိုင်သော အပြစ်မဲ့ အရပ်သားပြည်သူများကို ဥပဒေမဲ့ ရက်စက်စွာ သတ်ဖြတ်နေသည်။ လူနေထိုင်သော ရပ်ရွာများကို လက်နက်ကြီးများ ပစ်ခြင်း၊ လက်နက်ငယ်ဖြင့် ပစ်ခြင်း၊ မီးရှိုခြင်းများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေပါသည်။

ဥပဒေမဲ့ ကျူးလွန်မှုများကို တာဝန်ခံမှု၊ တာဝန်ယူမှု မရှိသော ဥပဒေမဲ့ စစ်အာဏာသိမ်းထားခြင်းဖြစ်သည်။ ထိုသို့ကျူးလွန်ခြင်းက ချင်းတောင်တန်းတွင်သာမက နိုင်ငံ၏ တောင်တန်းမြေပြန့်အားလုံးတွင် ပြည်သူများ ခံစားနေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ အာဏာသိမ်းချိန်မှစ၍ ယခုနှစ် ဇူလိုင်လကုန်အထိ ချင်းလူမျိုးသေဆုံးမှုမှာ ၃၂၀ ကျော်ရှိသည်ဟု ချင်းရေးရာအဖွဲ့ချုပ်၏ စာရင်းအရ သိရသည်။ အရပ်သားသေဆုံးမှုတွင် ဆန္ဒပြနေစဉ် အသတ်ခံရမှု၊ ဖမ်းဆီးပြီးနောက် အသတ်ခံရမှု၊ မိုင်းနင်းမိ၍ သေဆုံးမှု၊ လက်နက်ကြီး/ငယ်ဖြင့် ရမ်းသန်းပစ်၍ သေဆုံးမှုတို့ ဖြစ်သည်။ ထို့အပြင် တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကျဆုံးမှုလည်း ထိုစာရင်းတွင် ပါဝင်သည်။

“စကစ (စစ်ကောင်စီတပ်) တွေက ကျေးရွာတွေထဲ ရမ်းသန်းပစ်ခတ်မှုက ခုနောက်ပိုင်း ပိုမိုလုပ်ဆောင်လာတဲ့အတွက် ချင်းပြည်သူတွေအနေနဲ့ စကစနဲ့ ပတ်သက်သူတွေနဲ့ ခပ်ဝေးဝေးနေဖို့၊ စစ်ကြောင်းရှိရင် တိုက်ပွဲရှိရှိ၊ မရှိရှိ ကြိုရှောင်ဖို့၊ စကစ ဘာပဲပြောပြော မယုံမိဖို့၊ အပြန်အလှန်သတိပေးပြီး အချင်းချင်းကူညီဖို့လည်း အရေးကြီးပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က ရပ်ရွာတွေထဲ လက်နက်ကြီးဖြင့် ပစ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့် အရပ်သားပြည်သူများမှာ ခြေပြတ်ခြင်း၊ လက်ပြတ်ခြင်းအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုက ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။

အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှုတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံအရပ်သားများကို ခွဲခြားမှုမရှိဘဲ ရပ်ရွာထဲ လက်နက်ကြီးဖြင့် ပစ်ခြင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထွက်ချိန် တွေ့ရှိပါက သတ်ပစ်ခြင်း၊ မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ရာမှ သေဆုံးခြင်း၊ အရပ်သားများကို လက်နက်သဖွယ် လူသားဒိုင်းအဖြစ် အသုံးချမှုတို့ကြောင့် စုစုပေါင်း ချင်းအရပ်သား ၂၆၀ ကျော် သေဆုံးရသည်ဟု CHRO ၏ လူအခွင့်အရေးနှင့် ဘာသာရေးဌာနမှ တာဝန်ခံက ပြောသည်။

“လူထုအနေနဲ့ သတိထားဖို့ လိုတာပေါ့။ အခုက စကစက ပြည်သူလူထုအားလုံးကို သူတို့ရဲ့ရန်သူလို သဘောထားပြီးတော့ လူထုနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် စကစတွေ စစ်ကြောင်းထွက်တဲ့အခါ သူတို့ရဲ့အခြေအနေကို သိထားဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုကို တော်လှန်နေစဉ်ကာလအတွင်း ချင်းလူထုသည် စစ်ရှောင်ရင်းဖြင့် လိုအပ်သော အစာရေစာနည်းပါးခြင်း၊ ဖျားနာချိန် ဆေးဝါးမကုသနိုင်ခြင်းနှင့် ကလေးမီးဖွားချိန်တွင် ကလေးမီးတွင်းမှာ ဆုံးပါးခြင်း စသဖြင့် သေဆုံးမှုများလည်း ရှိနေသည်။

စစ်အာဏာသိမ်းတပ်၏ မြို့ရွာတွေထဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုမှာ ကြိုတင်ကာကွယ်၍ မရသောကြောင့် ချင်းလူထုသေဆုံးမှုမှာ အများဆုံးဖြစ်ပါသည်။ ဖမ်းဆီးပြီးနောက် အသတ်ခံရမှုမှလွှတ်ကင်းနိုင်ရန် စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပါက ကြိုတင်ရှောင်ကြဖို့ အကြံပြုသည်။

စစ်ကောင်စီတပ် ထောင်ခဲ့သော မိုင်းများနှင့် မပေါက်ကွဲသော ဗုံးများကြောင့် သေဆုံးမှုမှာ လူထု၏ မိုင်းအသိပညာအားနည်းမှုလည်း ပါဝင်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများက ဆိုသည်။

“ပြည်သူတွေအနေနဲ့ ကြွင်းကျန်လက်နက်တွေကို၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကို သတိထားပြီးတော့ သတင်းပို့ကြဖို့၊ အချင်းချင်း ချိတ်ဆက်ကြဖို့၊ ကိုယ်ဟာနဲ့ ကိုယ် မကိုင်တွယ်ဖို့၊ မစူးစမ်းဖို့ အဲလိုမျိုးပေါ့၊ သတိပေးချင်ပါတယ်” ဟု မင်းတပ်-CDF မှ တာဝန်ရှိသူတစ်ဦးက အကြံပြုသည်။

မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များသည် အချိန်မရွေး ပေါက်ကွဲနိုင်သောကြောင့် ထိုပစ္စည်းများကို ကိုင်တွယ်ခြင်း၊ စုဆောင်းခြင်း၊ နေရာရွှေ့ခြင်း၊ တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း၊ ထိုပစ္စည်းများအနီးသို့ သွားရောက်ခြင်းမပြုရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့-မြန်မာ (ICRC-မြန်မာ) က အသိပညာပေးထားသည်။

ချင်းပြည်သူတွေသည် မြေမြုမိုင်းနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် အရာဝတ္တုများအနီးသို့ မသွားရန်နှင့် ထူးဆန်းသောအရာဝတ္တုများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုရန် ICRC-မြန်မာက ဆိုသည်။

အဆိုပါ မိုင်းများ သို့မဟုတ် ပစ္စည်းများကို ဖြစ်နိုင်ပါက သတိပေးအမှတ်အသား ထင်ထင်ရှားရှားကို သင့်လျော်သော အကွာအဝေးတွင် ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို ချက်ခြင်းအကြောင်းကြားဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က အကြံပြုထားသည်။

ချင်းပြည်သူများသည် စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုများရှိပါက အရပ်ဖက်လူအခွင့်အရေးအဖွဲ့အစည်းများကို သတင်းပို့ကျဖို့ ထိုအဖွဲ့အစည်းများက တောင်းဆိုကြသည်။

သိုသော် အရပ်သားများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာများ ရရှိပါက မည်သည့်အရပ်ဖက်အဖွဲ့အစည်းထံမျှ အထောက်အပံ့အကူအညီများ လုံးဝ မရရှိကြပါ။ ထိုသို့ လူသားချင်းစာနာမှု အထောက်အပံ့များပေးသော အဖွဲ့အစည်းများ လိုအပ်နေပါသည်။

စစ်တပ်၏ မြို့ရွာကိုပစ်သော လက်နက်ကြီးကြောင့် လွန်ခဲ့သော (၃) လက ဒဏ်ရာအပြင်အထန်ရခဲ့သည့် မောင်နန်းလင်းသည် ခုချိန်ထိ ဆေးကုနေရဆဲဖြစ်ပြီး ကျောင်းမတက်နိုင်ပါ။ ခြေထောက်ပြတ်သွားသည့်ဘက်က သက်သာသော်လည်း ပေါင်ကျိုးသောဘက်မှာ ကုသနေရဆဲဖြစ်သည်။

အရပ်သားပြည်သူ မိုင်းဂရေးစုကြည်တို့မိသားစု၏ ဖြစ်ရပ်ဆိုးကို ကူညီပေးနေသော မောင်နန်းလင်း၏ ဦးလေးက ယခုကဲ့သို့ပြောသည်။

“သူတို့ တအားခံစားရတာပေါ့လေ။ ရင်ကွဲမတတ်ခံစားရတာပေါ့”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.