• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်ကူညီရေးအတွက် ရူပီးငွေသိန်း ၄၀၀ ကျော်အသုံးပြုပြီဟု မီဇိုရမ်အစိုးရကဆို

စစ်ဘေးရှောင်ကူညီရေးအတွက် ရူပီးငွေသိန်း ၄၀၀ ကျော်အသုံးပြုပြီဟု မီဇိုရမ်အစိုးရကဆို

0
By Editor on February 20, 2023 Headline

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေသိန်း ၄၀၀ ကျော် အသုံးပြုထားပြီဟု မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောဆိုသည်။

မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော (Assembly Budget Session) လွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ယခုနှစ်ဇန်နဝါရီလ ၂၇ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်သော စစ်ဘေးရှောင်ဦးရေ ၃၁၅၀၈ ရှိသည့်အနက် ၃၁၀၅၀ တို့မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်များဖြစ်ကြပြီး ၄၅၈ ဦးတို့မှ ဘင်္ဂလားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်များဖြစ်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေ သိန်း ၃၈၄ ကျော်အသုံးပြုပြီဖြစ်ကာ ဘင်္ဂလားဒရှေ့်က စစ်ဘေးရှောင်ပြည်သူများအတွက် ရူပီးငွေသိန်း ၃၀ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူအားလုံးအတွက် ရူပီး သိန်း ၄၁၄ သိန်းကျော် အသုံးပြုထားပြီဟု Pu Lalchamliana က ပြောသည်။

စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ ယာယီစစ်ဘေးရှောင်စခန်းတည်ဆောက်ရေး၊ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည့်အရာများ ဝယ်ယူရာတွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းကတော့ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူဦးရေသည် ၄ သောင်းကျော် ၅ သောင်းနီးပါးခန့်ရှိပြီဟု ခန့်မှန်းထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.