• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်များအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေး အစီစဉ်မရှိပါက နေရပ်ပြန်မပို့နိုင်ဟု မီဇိုရမ်အစိုးရပြော

စစ်ဘေးရှောင်များအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေး အစီစဉ်မရှိပါက နေရပ်ပြန်မပို့နိုင်ဟု မီဇိုရမ်အစိုးရပြော

0
By Editor on September 16, 2022 Headline

မီဇိုရမ်ပြည်နယ်တွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးအစီစဉ်များ စနစ်တကျ ဆောင်ရွက်ထားခြင်းမရှိပါက မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို ပြန်လည်မပို့ဆောင်နိုင်ကြောင်း အိန္ဒိယဗဟိုအစိုးရကို ပြောဆိုလိုက်သည်။

နယူးဒေလီမြို့ကိုရောက်ရှိသော မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ State Planning Board ဒုတိယဥက္ကဌ Pu H. Rammawi သည် စက်တင်ဘာလ ၁၃ ရက်က အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းရေးမှူး Smita Pant နှင့် တွေ့ဆုံကာ စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်၏ သဘောထားကို တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ် နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူများ အထူးသဖြင့် ချင်းပြည်နယ်နှင့် ကလေးမြို့နယ်ကပြည်သူများ အများဆုံး ဝင်ရောက်ခိုလုံကြသည့် ပြည်နယ်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် နေရာချထားရေးအတွက် အိန္ဒိယနှင့် စစ်ကောင်စီတို့ လျှို့ဝှက်ဆွေးနွေးခဲ့ကြသော ကြေးနန်းစာတစောင် ပြီးခဲ့သည့် သြဂုတ်လအတွင်း ပေါက်ကြားလာခဲ့သည်။

ယင်းလျှိူ့ဝှက်စာတွင် နှစ်နိုင်ငံကြားနယ်စပ်ဒေသရှိ နေရပ်စွန်ခွါသူများအား နေရပ်ပြန်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် တာဝန်ရှိအဖွဲ့အစည်းများမှ လုပ်ငန်းအဆင်ပြေချောမွေ့စေရေး သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးတို့အပါအဝင် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ဗဟိုအစိုးရအဆင့်တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်းဆောင်ရွက်ခွင့်ပြုနိုင်ရန် မြန်မာဘက်က တာဝန်ခံ၊ ဦးဆောင်ဝန်ကြီးဌာနအား သတ်မှတ်ပေးရန် စသည်တို့ ပါဝင်ခဲ့သည်။

ယင်းကဲ့သို့အခြေအနေများတွင် စစ်ဘေးရှောင် နေရပ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အစိုးရက သူ၏ သဘောထားရပ်တည်ချက်ကို အိန္ဒိယဗဟိုအစိုးရထံ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.