• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက် မီဇိုရမ်အစိုးရက ထပ်မံထုတ်ပြန်

စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက် မီဇိုရမ်အစိုးရက ထပ်မံထုတ်ပြန်

0
By Editor on October 3, 2022 Khonumthung

မြန်မာ့နိုင်ငံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက်ကို အိုင်ဇောလ်မြို့ ကောမီရှင်နာမင်းကြီး (Deputy Commissioner) က စက်တင်ဘာလ ၂၈ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်လိုက်သည်။

အိုင်ဇောလ်မြို့ Deputy Commissioner မှ ထုတ်ပြန်ကြေညာလိုက်သော ယင်းစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ဆီလျှော်အောင် ပြန်ဆိုထားပါသည်။

၁။ ရပ်ကွက် (သို့) ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ရပ်/ကျေးအဆင့်ဖွဲ့စည်း ထားသော စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အကြောင်းကြားရမည်။ ရပ်/ကျေးအဆင့်စစ်ဘေးရှောင်ကော်မတီများနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ နယ်မြေအရာရှိထံကြားနာပြီးနောက် ကော်မီရှင်နာမင်းကြီးရုံးသို့ အိုင်ဇောလ်မြို့တွင် စစ်ဘေးရှောင်အသိမှတ်ပြုကဒ် (identity Card) ပြုလုပ်ရမည်ဖြစ်သည်။

၂။ အိုင်ဇောလ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်း (Relief Camp) များတွင်နေထိုင်ကြမည့် မည်သူမဆို Deputy Commissioner ၏ ခွင့်ပြုချက် (သို့မဟုတ်) ၎င်း၏ ကိုယ်စားပြုတစ်ဦးဦးထံမှ ခွင့်ပြုချက်အရင်ရှိထားရမည်။

၃။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မီဇိုရမ်ပြည်နယ်အတွင်း ပြဌာန်းထားသော ဥပဒေနှင့် ရပ်၊ရွာ စည်းမျည်းစည်းကမ်းများအား ဆန့်ကျင်ပြီး နေထိုင်ခြင်းမပြုရ။ ထို့အပြင် အိန္ဒိယ၏ ဥပဒေများကိုလည်း လိုက်နာရမည်ဖြစ်ပြီး မည်သူမျှမချိူးဖောက်ရ။

၄။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် မိမိတို့သဘောဆန္ဒဖြင့် ဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရ။ တည်ဆဲဥပဒေများကို လိုက်နာရမည်။

၅။ မြန်မာစ်စဘေးရှောင်များအနေဖြင့် (စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများသာ) အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်မည်ဆိုပါက စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ (သို့မဟုတ်) ရပ်၊ကျေး စစ်ဘေးရှောင်ကော်မတီများထံ အကြောင်းကြားပြီး ထိုမှတဆင့် အိုင်ဇောလ်မြို့ Deputy Commissioner ရုံးသို့ ထပ်မံအကြောင်းကြားကာ ကော်မီရှင်နာမင်းကြီးက ပြောင်းရွှေ့ခွင့် (Permit) ပေးရမည်။

၆။ ခရီးသွားလိုသည့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် Deputy Commissioner ၏ ခွင့်ပြုချက် (သို့မဟုတ်) ရပ်၊ ကျေး စစ်ဘေးရှောင်ကော်မတီများ (သို့မဟုတ်) စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ (Movement Permit) ပြောင်းရွှေ့သွား လာခွင့်လက်မှတ်ရှိထားရမည်။

၇။ မြန်မာစစ်ဘေးရှောင်ပြည်သများအနေဖြင့် မီဇိုရမ်ပြည်နယ်တည်ဆဲဥပဒေ ‘the Mizoram Land Revenue Act, 2013’ အရ မည်သူမျှ အိမ်ခြံမြေ ဝယ်ယူခွင့်မရှိသည့်အပြင် ပိုင်ဆိုင်ခွင့်လည်း မရှိစေရ။ အိမ်ခြံမြေပိုင်ရှင်များကလည်း ဥပဒေကိုချိူးဖောက်ပြီး အိမ်ခြံမြေရောင်းဝယ်ခြင်း၊ လွှဲအပ်ခြင်းမရှိစေရ။

၈။ မြန်မာစစ်ဘေးရှောင်များအနက် မော်တော်ဆိုင်ကယ်၊ ယာဉ်များ ပါလာသူရှိသည့်အတွက် သက်ဆိုင်ရာ ရပ်၊ကျေး စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အသိပေးအကြောင်းကြားရမည်။

၉။ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော စစ်ဘေးရှောင်ပြည်သူများအနက် တရားဝင်လမ်းကြောင်းဖြင့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာသူ၊ ဥပဒေဘောင်အတွင်း မော်တော်ယာဉ်မောင်းနှင်ခွင့်ရှိသူ International Driving Permit (IDP) လိုင်စင်ကိုင်ဆောင်ထားသူမှလွှဲ၍ မည်သူကမှ မည်သည့်ယာဉ်အမျိုးအစားကိုမဆို မောင်းနှင်ခွင့်မရှိစေရ။

၁၀။ မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် တရားမဝင်သည့်လမ်းကြောင်းဖြင့် Aadhar Card/Voters-ID/Driving License စသည့်တို့ကို ပြုလုပ်ခွင့်မရှိစေရ။

၁၁။ အထက်ပါ စည်းမျည်းစည်းကမ်းနှင့် အသိပေးမှုများကို မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာကြရန် အသိပေးတောင်းဆိုပါသည်။ ယင်းစည်းကမ်းသတ်မှတ်ချက်များအား လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အပြစ်ပေးအရေးယူခံရမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.