• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုနှင့်ပတ်သက်၍ တီးတိန် လူငယ်ခေါင်းဆောင် ၆ ဦးကို ထွေအုပ်က ခေါ်ယူသတိပေး
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုနှင့်ပတ်သက်၍ တီးတိန် လူငယ်ခေါင်းဆောင် ၆ ဦးကို ထွေအုပ်က ခေါ်ယူသတိပေး
0
By Editor on February 16, 2021 Khonumthung
#Unicode
ချင်းပြည်နယ် တီးတိန်မြို့တွင် တပ်မတော် စစ်အာဏာသိမ်းယူမှုအား ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့်ပတ်သက်၍ တီးတိန်မြ်ို့မှ လူငယ်ခေါင်းဆောင် ၆ ဦးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန (ထွေအုပ်)ရုံးက ခေါ်ယူသတိပေးခဲ့သည်ဟု သိရသည်။
တီးတိန်မြို့မှ လူငယ်ခေါင်းဆောင်တစ်ဦးက “ ကျွန်တော်တို့ Volunteer ၆ ယောက် ခေါ်တယ်၊ သူတို့ပြောတာကတော့ တီးတိန်မြို့ကို အရင်ကအတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကို သိပ်ပြီးတော့မှ မလုပ်ဖို့၊ စီးတန်းလှည့်လည်မယ်ဆိုရင် ဘယ်လိုမျိုးဥပဒေတွေရှိ တယ်၊ ဘယ်လိုမျိုး အဆင့််ဆင့်လုပ်ဖို့ လိုသလဲဆိုတာကို ရှင်းပြတာဖြစ်တယ်” ဟုပြောသည်။
ယနေ့ခေါ်ယူသတိပေးခံရသူများမှာ Tedim Youth Fellowship (TYF) ဥက္ကဌ Thawng Sian Tung၊ TYF အတွင်းရေးမှူး CS Mung No၊ TYF လက်ထောက်အတွင်းရေးမှူး Shia Shian တို့အပါအဝင် လူငယ် ၆ ဦးတို့ဖြစ်ကြပြီး ဆန္ဒဖော်ထုတ်မည်ဆိုပါက ငြိမ်းစုစည်းအရ စီတန်းလှည့်လည် ခွင့်ပြုချက်ရယူရန်အတွက် ရုံးကိုအရင်တင်ပြရန်၊ ခွင့်ပြုချက်မယူပဲ စီတန်းလှည့်လည်မည်ဆိုပါက မည်သည့်ဥပဒေများနှင့် ဆက်နွယ်နိုင်ကြောင်းကို ထွေအုပ်ဘက်က အဓိက ပြောဆိုခဲ့သည်ဟု သိရသည်။
တပ်မတော်စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှု မြန်မာတစ်ဝန်းလုံးတွင် အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ ချင်းပြည်နယ်မြို့နယ်တိုင်းတွင်လည်း ဆန္ဒဖော်ထုတ်မှုပြင်းထန်လျက်ရှိသည်။ တီးတိန်မြ်ို့တွင် စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစတင်ပြီး ထောင်နှင့်ချီသောဒေသခံများအပါအဝင် အစိုးရဝန်ထမ်းအေြ မာက်အများကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယနေ့တွင်လည်း တီးတိန်မြို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လူထုအင်အား ၂၀၀၀ ကျော်ခန့်က စီတန်းလှည့်လည်ကာ ဌာနဆိုင်ရာရုံးဝန်းရှေ့များတွင် ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
#Zawgyi
ချင်းပြည်နယ် တီးတိန်မြို့တွင် တပ်မတော် စစ်အာဏာသိမ်းယူမှုအား ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့မှ လူငယ်ခေါင်းဆောင် ၆ ဦးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန (ထွေအုပ်)ရုံးက ခေါ်ယူသတိပေးခဲ့သည်ဟု သိရသည်။
တီးတိန်မြို့မှ လူငယ်ခေါင်းဆောင်တစ်ဦးက “ ကျွန်တော်တို့ Volunteer ၆ ယောက် ခေါ်တယ်၊ သူတို့ပြောတာကတော့ တီးတိန်မြို့ကို အရင်ကအတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကို သိပ်ပြီးတော့မှ မလုပ်ဖို့၊ စီးတန်းလှည့်လည်မယ်ဆိုရင် ဘယ်လိုမျိုးဥပဒေတွေရှိ တယ်၊ ဘယ်လိုမျိုး အဆင့်ဆင့်လုပ်ဖို့ လိုသလဲဆိုတာကို ရှင်းပြတာဖြစ်တယ်” ဟုပြောသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ
မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ
Leave A Reply Cancel Reply
  • Featured Article
May 24, 2023
“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”
April 27, 2023
ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်
April 14, 2023
အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)
April 14, 2023
“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.