ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က NLD လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်နေအိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နှင့် ချိပ်ပိတ်သိမ်းဆည်း လိုက်သည်ဟု သိရသည်။
နှကိုယ်ကတည်းက အဲ့အိမ္က လူမရွိဘူး၊ ဘာပစ္စည်း မှလည်းမရှိတော့ဘူး မိသားစုတွေက အရင်က တည်းက သိမ်းလိုက်တာထင်တယ်။ မှုကြိုကျောင်းလေး တခုကို ယာယီအဲ့မွာ ၂ ရက် ၃ရက်လောက်ရှိ ပြီဖွင့်တာ မနေ့ကတော့ ပိတ်လိုက်ပြီ။ ပိတ်တယ်ဆိုတာက သော့တွေခတ်တယ်၊ ခြံစည်းရိုးတွေ ပလ တ်စတစ်ကြိုးတွေချည်တာတွေ့လိုက်တယ်။ စစ်သားတွေ၊ ရဲတွေလာတာပေါ့။ ချိတ်ပိတ်တဲ့သဘော ပဲဖြစ်မှာပေါ့ ဆမီးဒေသခံတစ်ဦးက ပြောသည်။
၎၏ နေအိမ်အပြင် ခြံဝန်းအတွင်းဆောက်ထားသော Mission Baptist အသင်းတော်လည်း ချိပ်ပိတ်ခံရသည်ဟု သိရသည်။
ဆလိုင်းမျိုးထိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် ချင်းပြည်နယ် NLD ပါတီ အတွင်းရေးမှုးနှင့် ၂၀၂၀ ခုနှစ် ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိသူတစ်ဦးလည်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ဟားခါးမြို့ရှိ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ လည်းဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်း ဆာခေါင်း၏ နေအိမ်နှင့် ဟားခါးမြို့ကျောဘုတ်ရပ်ကွက်က သိက္ခာတော်ရဆရာတော် ဦးဗန်ကျဲမ်နေ အိမ်တို့ကိုလည်း စစ်ကောင်စီကချိတ်ပိတ်ခဲ့ပြီးဖြစ်သည်။