တပ်မတော်အစိုးရအဖွဲ့မှာ ပါဝင်ရန်ကမ်းလှမ်းပါက လက်ခံမည်မဟုတ်ကြောင်း CNLD ပါတီပြော

0

#Unicode

By လားနွန် – တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာပါ က လက်ခံမည်မဟုတ်ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။
အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပူးပေါင်းပါဝင်ရန် တပ်မတော်က တိုင်းရင်းသားပါတီများနှင့်ပြည်မနိုင်ငံရေးပါတီများအား ကမ်းလှမ်းမှုရှိနေပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကို တရားဝင်ကမ်းလှမ်းလာခြင်းမရှိသေးသော်လည်း အကယ်၍ ကမ်းလှမ်းလာမည်ဆိုပါက လက်ခံနိုင်စရာမရှိကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“အခုထိတော့ တရားဝင် ပါတီကို ကမ်းလှမ်းထားတဲ့စာတော့မရှိသေးဘူး တစ်ဦးတစ်ယောက်ဆက်သွယ်တာမျိုးရှိလား တော့မသိဘူး ရုံးချုပ်မှာတော့ လက်ခံရရှိတဲ့ တရားဝင်ဆက်သွယ်ဆောင်ရွက်မှုတော့ အခုထိတော့မရှိပါဘူး ပါတီအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး စဉ်းစားကိုမစဉ်းစားဘူး” ဟု CNLD ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။
ချင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အရှိုချင်းအမျိူးသားပါတီကိုတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တပ်မတော်က ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။
#Zawgyi

By လားနွန် – တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာပါ က လက်ခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။

အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပူးပေါင်းပါဝင်ရန် တပ်မတော်က တိုင်းရင်းသားပါတီများနှင့်ပြည်မနိုင်ငံရေးပါတီများအား ကမ်းလှမ်းမှုရှိနေပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကို တရားဝင်ကမ်းလှမ်းလာခြင်းမရှိသေးသော်လည်း အကယ်၍ ကမ်းလှမ်းလာမည်ဆိုပါက လက်ခံနိုင်စရာမရှိကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။


ချင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အရှိုချင်းအမျိုးသားပါတီကိုတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တပ်မတော်က ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။

Share.

About Author

Leave A Reply