• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ်မတော်အာဏာသိမ်းသည့်အမိန့်ထုတ်ပြန်

တပ်မတော်အာဏာသိမ်းသည့်အမိန့်ထုတ်ပြန်

0
By Editor on February 10, 2021 Headline

#Unicode

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကြီးမာစွာကွာခြားသည်ဟုဆိုကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာအရပ်ရပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့အပ်နှင်းကြောင်း ယနေ့မနက် ၈း၄၅ က အမိန့်ထုတ်ပြန်ခဲ့သည်။

အမိန့်အပြည့်အစုံမှာ ..

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁ ကို ၁၃၈၂ ခုနှစ် ပြာသိုလပြည့်ကျော် ၅ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့ ရက်စွဲဖြင့်ထုတ်ပြန်ရန်

အပိုဒ် ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။

အပိုဒ် ၂
နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွာစွာ လွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်ခဲ့ပါသည်။

အပိုဒ် ၃
မဲစာရင်းပြသနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များကို ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်းရွက်ခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့်ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိသည်။ အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံသည့်အလံများ လွှင့်ထူခြင်းအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသည်။ နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်လျက်ရှိသည်။

အပိုဒ် ၄
အဆိုပါပြသနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြော်ငြာလိုက်သည်။

အပိုဒ် ၅
မဲစာရင်းများစစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၈ ခွဲ (က) အရ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်သည်။

အပိုဒ် ၆
အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဤအမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်သတ်မှတ်လိုက်သည်။

ပုံ – မြင့်ဆွေ ယာယီသမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

#Zawgyi

၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲစာရင္းႀကီးမာစြာကြာျခားသည္ဟုဆိုကာ နိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရး အာဏာအရပ္ရပ္အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံသို႔အပ္ႏွင္းေၾကာင္း ယေန႔မနက္ ၈း၄၅ က အမိန႔္ထုတ္ျပန္ခဲ့သည္။

အမိန႔္အျပည့္အစုံမွာ ..

ဥပေဒကဲ့သို႔ အာဏာတည္ေသာအမိန႔္ ၁/၂၀၂၁ ကို ၁၃၈၂ ခုႏွစ္ ျပာသိုလျပည့္ေက်ာ္ ၅ ရက္၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ ဒီကေန႔ ရက္စြဲျဖင့္ထုတ္ျပန္ရန္

အပိုဒ္ ၁
၂၀၂၀ ျပည့္ႏွစ္ နိုဝင္ဘာ ၈ ရက္ေန႔တြင္ျပဳလုပ္ခဲ့သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ အေျခခံအသုံးျပဳခဲ့ေသာ မဲစာရင္းမ်ားမွာ ႀကီးမားစြာကြာျခားမႈမ်ားရွိေနသျဖင့္ ေျဖရွင္းေဆာင္ရြက္ေပးရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ပ်က္ကြက္ခဲ့ပါသည္။

အပိုဒ္ ၂
နိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာသည္ ျပည္သူ႔ထံမွဆင္းသက္ရမည္ျဖစ္ေသာ္လည္း က်င္းပခဲ့သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ ဆိုးရြာစြာ လြဲမွားေနသည့္ မဲစာရင္းမ်ားျဖစ္ခဲ့သည္။ ဒီမိုကေရစီစနစ္ခိုင္မာေစရန္ႏွင့္ ျပည္သူ႔ထံမွ ဆင္းသက္ရမည္ဆိုသည့္အခ်က္ႏွင့္ ဆန႔္က်င္ခဲ့ပါသည္။

အပိုဒ္ ၃
မဲစာရင္းျပသနာမ်ားကို ေျဖရွင္းရန္ျငင္းပယ္ျခင္း၊ အေရးယူေဆာင္ရြက္မႈမျပဳျခင္း၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္မ်ားကို ေရႊ႕ဆိုင္းေပးရန္ေတာင္းဆိုမႈအေပၚ ေရႊ႕ဆိုင္းေပးျခင္းမရွိသည့္အျပင္ ျပည္သူ႔လႊတ္ေတာ္အစီအစဥ္မ်ားထုတ္ျပန္ကာ အစီအစဥ္အတိုင္းဆက္လက္လုပ္ေဆာင္ရန္ ေဆာင္ရြက္ျခင္းတို႔သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ပုဒ္မ ၄၁၇ ပါ နိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို အဓမၼနည္းျဖင့္ ရယူရန္ေဆာင္းရြက္ျခင္းျဖစ္သည္။ တိုင္းရင္းသားစည္းလုံးညီညြတ္မႈကို ပ်က္ျပားေစပါသည္။ ၎ကဲ့သို႔ေဆာင္ရြက္မႈမ်ားေၾကာင့္ ျမန္မာနိုင္ငံ၏ ေဒသအသီးသီးတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို မယုံၾကည္သျဖင့္ဆႏၵျပမႈမ်ား မ်ားစြာျဖစ္ေပၚလ်က္ရွိသည္။ အျခားပါတီအဖြဲ႕အစည္း လူပုဂၢိဳလ္မ်ားကလည္း ေထာက္ခံသည့္အလံမ်ား လႊင့္ထူျခင္းအပါအဝင္ လႈံ႔ေဆာ္မႈမ်ိဳးစုံ ျပဳလုပ္ေနေၾကာင္းေတြ႕ရသည္။ နိုင္ငံေတာ္တည္ၿငိမ္မႈကို မ်ားစြာထိခိုက္လ်က္ရွိသည္။

အပိုဒ္ ၄
အဆိုပါျပသနာကို မွန္ကန္စြာေျဖရွင္းျခင္းမျပဳပါက နိုင္ငံေတာ္၏ ဒီမိုကေရစီေလၽွာက္လမ္းမႈတြင္ အခက္အခဲမ်ားျဖစ္ေပၚလာေစမည္ျဖစ္၍ ဥပေဒႏွင့္အညီေျဖရွင္းရန္ လိုအပ္ပါသျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ပုဒ္မ ၄၁၇ အရ နိုင္ငံေတာ္အား အေရးေပၚအေျခအေနေၾကာ္ျငာလိုက္သည္။

အပိုဒ္ ၅
မဲစာရင္းမ်ားစစ္ေဆးအတည္ျပဳျခင္းအပါအဝင္ လိုအပ္သည့္ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္နိုင္ရန္အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ပုဒ္မ ၄၁၈ ခြဲ (က) အရ နိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးအာဏာတို႔အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံသို႔ လႊဲအပ္တာဝန္ေပးလိုက္သည္။

အပိုဒ္ ၆
အေရးေပၚအေျခအေန အက်ိဳးသက္ေရာက္သည့္ နယ္ေျမသည္ နိုင္ငံတစ္ဝွမ္းျဖစ္ေၾကာင္းႏွင့္ အေရးေပၚအေျခအေနအား ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၇ အရ ဤအမိန႔္ထုတ္ျပန္သည့္ေန႔မွ တစ္ႏွစ္သတ္မွတ္လိုက္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.