#Unicode
တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့နေ့လည်ပိုင်း ၂ နာရီကစ၍ ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူလူထုက ဒုတိယမြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုတွင် လူထုအင်အား တစ်သောင်းဝန်းကျင် ခန့်ပါ၀င်ခဲ့ကြပြီး ဟားခါးမြို့ ဗိုလ်ချူပ်လမ်းမအတိုင်း ချီတက်ကာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းလွှတ် စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
လမ်းမပေါ်ချီတက်ဆန္ဒဖော်ထုတ်ကြသည့် လူထုကို ထောက်ခံအားပေးသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများက လည်း လမ်းဘေးဝဲယာတွင်ရပ်စောင့်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သင်ကေတ ဖြစ်သော လက်သုံးချောင်းထောင်ခဲ့ကြသည့်အပြင် လက်ခုပ်တီးအားပေးခဲ့ကြသည်။
#Zawgyi
တပ္မေတာ္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္သည့္အေနျဖင့္ ယေန႔ေန႔လည္ပိုင္း ၂ နာရီကစ၍ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ ျပည္သူလူထုက ဒုတိယေျမာက္ေန႔အျဖစ္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။
ယေန႔ဆႏၵေဖာ္ထုတ္မႈတြင္ လူထုအင္အား တစ္ေသာင္းဝန္းက်င္ ခန႔္ပါ၀င္ခဲ့ၾကၿပီး ဟားခါးၿမိဳ႕ ဗိုလ္ခ်ဴပ္လမ္းမအတိုင္း ခ်ီတက္ကာ စစ္အာဏာရွင္စနစ္ က်ဆုံးေရး ဒို႔အေရး၊ ဒီမိုကေရစီရရွိေရး ဒို႔အေရး၊ ဖမ္းဆီးခံနိုင္ငံ့ေခါင္းေဆာင္မ်ား ခ်က္ခ်င္းလႊတ္ စသည့္ ေႂကြးေၾကာ္သံမ်ားကို ဟစ္ေႂကြးခဲ့ၾကသည္။
လမ္းမေပၚခ်ီတက္ဆႏၵေဖာ္ထုတ္ၾကသည့္ လူထုကို ေထာက္ခံအားေပးသည့္အေနျဖင့္ ရပ္ကြက္ေနျပည္သူမ်ားက လည္း လမ္းေဘးဝဲယာတြင္ရပ္ေစာင့္ကာ အာဏာရွင္စနစ္ကို ဆန႔္က်င္သည့္ သင္ေကတ ျဖစ္ေသာ လက္သုံးေခ်ာင္းေထာင္ခဲ့ၾကသည့္အျပင္ လက္ခုပ္တီးအားေပးခဲ့ၾကသည္။