• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တမူးဖြစ်စဉ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် သွေဖည်ပြီး ကျူးလွန်သူ မည်သူမဆို အရေးယူမယ်လို့ NUG ထုတ်ပြန်

တမူးဖြစ်စဉ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် သွေဖည်ပြီး ကျူးလွန်သူ မည်သူမဆို အရေးယူမယ်လို့ NUG ထုတ်ပြန်

0
By Editor on December 7, 2022 Headline

စစ်ကိုင်းတိုင်း တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရသည့် ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် သွေဖည်ပြီး ကျူးလွန်သူ မည်သူမဆို အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက NUG က ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွန်ကြားထားပြီဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရ လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တမူးမြို့တွင် ဒလန်ဟုဆိုသော အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်သည် စစ်ကောင်စီနှင့်နီးစပ်သော တယ်လီဂရန်ချန်နယ်များတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက စတင်ပျံ့နှံ့လာခဲ့ရာ လူသုံးများသော Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ ပျံ့နှံ့လာကာ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

အဲဒီဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြီး ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွှဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ စစ်ရေးညွန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရန်လိုအပ်ပြီး စစ်ကောင်စီအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ၎င်းတို့ကဲ့သို့အကြမ်းဖက်မှုအား ပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို မကျရောက်မိစေရန် အထူးသတိချပ်ရမည်ဟု NUG ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လူမဆန်သောရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင် အဆုံးသတ်နိုင်ရေး စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်နေကြရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့ တရားလက်လွတ်ပြုကျင့်သူများ မဖြစ်စေရေးကိုလည်း ဂရုပြုကြရန် NUG က တိုက်တွန်းထားသည်။

ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားမည်ဟု NUG က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.