Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးမြို့နယ်၊ ထန်းတပင်ရွာကို စစ်ကောင်စီတပ်က မီးရှို့၊ လူနေအိမ် ၅၀ ခန့်မီးလောင်ပျက်စီးဟုဆို

တမူးမြို့နယ်၊ ထန်းတပင်ရွာကို စစ်ကောင်စီတပ်က မီးရှို့၊ လူနေအိမ် ၅၀ ခန့်မီးလောင်ပျက်စီးဟုဆို

0
By Editor on December 4, 2023 Headline

(002MG)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ထန်းတပင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ကာ နေအိမ်များမီးရှို့မှုကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ယနေ့မနက်တွင်လည်း ထပ်မံမီးရှို့နေသည်ဟု ထန်းတပင်ဒေသခံတစ်ဦးက ပြောသည်။

ထန်းတပင် ဒေသခံက “မနေ့က မီးလောင်တာ  ၅၀ လောင်ထားတယ်။ အခုကျတော့ ဒီမနက်ကနေပြန်စတယ် မီးက၊ မီးခိုးတွေလည်း အများကြီးပဲ ကျွန်တော့အိမ်လည်း လောင်သွားပြီ” ဟု ပြောသည်။

ထန်းတပင်ကျေးရွာတွင် ယမန်နေ့က ထွက်မပြေးနိုင်သည့် သက်ကြီးဘိုးဘွား (၇) ဦးကို ယနေ့မနက်ပိုင်းက တမူးမြို့ နင့် လေးမိုင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်လာပြီး မိသားစုဝင်များက သွားရောက်ခေါ်ယူကြရသည်ဟု ၎င်းတို့ကို ကူညီပေးခဲ့သူကပြောသည်။

ကလေး-တမူးမြို့ကားလမ်းမပေါ်တွင်တည်ရှိသော ထန်းတပင်ကျေးရွာထဲကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကြပြီး ပြည်သူများအားလုံးကို ဘောလုံးကွင်းထဲသို့ခေါ်ဆောင်ကာ နေအိမ်များကို စတင်မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိ ထန်းတပင်ကျေးရွာက ပြည်သူများအားလုံသည် အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့နင့် နီးစပ်ရာတော တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

“တရွာလုံးထွက်ပြေးကြတာဖိနပ်တောင်ယူချိန်မရဘူးတခါထဲထွက်ပြေးကြတာ။ဖမ်းတဲ့သူတွေကျတော့ဘောလုံးကွင်းမှာစု ပြီးတော့ ခဗျားတို့တော့ တမူးဖက်သွားတော့လို့ ပြောတာ။ မနေ့က ဖမ်းတဲ့သူတွေလည်ပြန်လွတ်လိုက်ပြီ။ ပြန်လို့မရသေးဘူး။ ခုကျ တော့ ရွာမှာ စစ်သားတွေကဘုရား ကျောင်းမှာစခန်းချတယ်” ဟု ထန်းတပင်ရွာသားတစ်ဦးက ပြောသည်။

ထန်းတပင်ကျေးရွာက အသက် ၁၃ နစ်အရွယ် အမျိုးသမီးတစ်ဦး ထွက်ပြေးတိမ်းရွောင်ရင်း ပျောက်ဆုံးခဲ့သည့်အပြင် အသက် ၄၅ နစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိကာ ရွာခံတစ်ဦးသေဆုံးမှုလည်းရှိသည်ဟု သိရသည်။

ထန်းတပင်ကျေးရွာသည် တမူးမြို့နှင့် ၅ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ (၃၀၀) ရှိသည့် ချင်းလူမျိုးအများစုနေထိုင်သည် ရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.