• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုက္ပြဲေၾကာင့္ ရြာသားမ်ားအားလံုး ထြက္ေျပးတိမ္းေရွာင္ေနခ်ိန္ ေနအိမ္မ်ား မီးေလာင္မႈျဖစ္ပြား

တိုက္ပြဲေၾကာင့္ ရြာသားမ်ားအားလံုး ထြက္ေျပးတိမ္းေရွာင္ေနခ်ိန္ ေနအိမ္မ်ား မီးေလာင္မႈျဖစ္ပြား

0
By Editor on May 27, 2020 Headline

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (ေအေအ) တို႔အၾကား စစ္ေရးပဋိပကၡေၾကာင့္ ရြာသားမ်ားအားလံုး ေနရပ္စြန္႔ခြါ၍ ထြက္ေျပးတိမ္းေရွာင္ေနၾကသည့္အခ်ိန္တြင္ ၎တို႔ေနထုိင္ခဲ့ေသာ ပလက္၀ၿမိဳ႕နယ္၊ ေအာက္မီးလက္၀ေက်းရြာရွိ လူေနအိမ္မ်ား ေမလ ၂၆ ရက္ေန႔က မီးေလာင္ကြ်မ္းမႈျဖစ္ပြား ခဲ့သည္။  

လူသူကင္းမဲ့၍ လူေနအိမ္မ်ားသာ က်န္ရွိေတာ့သည့္ အဆိုပါေက်းရြာတြင္ ေမလ ၂၆ ရက္ေန႔ မြန္းလႊဲပိုင္း ၂ နာရီ၀န္းက်င္ခန္႔က မီးစတင္ေလာင္ကြ်မ္းခဲ့ျခင္ျဖစ္ၿပီး တစ္စံုတစ္ဦးသို႔မဟုတ္ အဖြဲ႔အစည္းတစ္ခုခုမွ ႐ိႈ႕မီးျခင္းျဖစ္ႏုိင္သည္ဟု သံုးသပ္ထားၾကသည္။

မီးေလာင္ကြ်မ္းမႈျဖစ္ပြားရသည့္အေၾကာင္းရင္းကို မသိရေသာ္လည္း မီးမေလာင္ခင္မနက္ပိုင္းကလည္း အဆိုပါေက်းရြာအနီးအနားတြင္ တပ္မေတာ္တပ္သားမ်ားလႈပ္ရွားေနသည္ကို ပလက္၀ၿမိဳ႕ကေန လွမ္းျမင္ရသည္ဟု ပလက္၀ၿမိဳ႕ စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔မွတာ၀န္ရွိသူတစ္ဦးကေျပာသည္။

“ပလက္၀ရဲ႕ ဟိုဘက္ကမ္းပဲ ပလက္၀ကေနလွမ္းျမင္ေနရတယ္ အကုန္လံုးျမင္တယ္၊ မီးမေလာင္ခင္ မနက္ပိုင္း (၈) နာရီ (၉) နာရီ၀န္းက်င္မွာက ျမန္မာ့တပ္မေတာ္ကေန အဲဒီဘက္မွာလႈပ္ရွားေနတာ ဒီဘက္ ပလက္၀ဘက္ကေနေတြ႕ရတယ္၊ မနက္ပိုင္းမွာေတြ႕ရတယ္ ညေန ၂ နာရီေလာက္မွာ မီးေလာင္တာေတြ႕ရတယ္၊ AA ဖက္ကလည္း အဲဒီအနီးအနားမလႈပ္ရွားတာကလည္းၾကာျပီ မရိွဘူးသူတို႔ အဲဒီအနီးတ၀ိုက္မွာက မီးလက္၀ကေန (၄) (၅) မိုင္ေလာက္မွာလည္း ျမန္မာ့တပ္မေတာ္ဖက္ကေန ေနရာယူထားျပီ ဆိုေတာ့ AA ဖက္ကေတာ့ လံုး၀မရိွတာေတာ့ ေသခ်ာတယ္၊ အဲလိုမ်ိဳးအေျခအေနေတြေတာ့ရိွတယ္ ဒါေပမယ့္ ဒါဘယ္သူ႔လက္ခ်က္လည္းဆိုတာေတာ့ တစ္ထစ္ခ် ေကာက္ခ်က္ခ်လို႔ေတာ့မရဘူး” ဟု ပလက္၀စစ္ေဘးေရွာင္ကူညီေရးအဖြဲ႕မွတာ၀န္ရိွသူတစ္ဦးက ေျပာသည္။

ပလက္၀ၿမိဳ႕၏ တဖက္ကမ္း ကုလားတန္းျမစ္နေဘးတြင္တည္ရွိေသာ ေအာက္မီးလက္၀ေက်းရြာသည္ အိ္မ္ေျခ ၁၂၀ ေက်ာ္ လူဦးေရ ၆၀၀ ေက်ာ္ခန္႔ရွိၾကၿပီး ၎တို႔ေက်းရြာအနီးပတ္၀န္းက်င္တြင္ တပ္မေတာ္ႏွင့္ ေအေအ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ေက်းရြာေနျပည္သူမ်ားအားလံုးသည္ ၿပီးခဲ့သည့္ မတ္လကတည္းက ပလက္၀ၿမိဳ႕ေပၚ ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾက၍ လူေနအိမ္မ်ားသာက်န္ရွိသည့္ ေက်းရြာတစ္ရြာျဖစ္သည္။   

ေအာက္မီးလက္၀ေက်းရြာ မီးစတင္ေလာင္ကြ်မ္းသည့္အခ်ိန္တြင္ ပလက္၀ၿမိဳ႕ေပၚစစ္ေဘးတိမ္းေရွာင္ေနၾကသည့္ ရြာသားမ်ားက မီးၿငိမ္းသတ္ရန္၎တို႔ေက်းရြာဆီ စက္ေလွျဖင့္သြားေရာက္ခဲ့ၾကေသာ္လည္း တပ္မေတာ္ဘက္မွ ပစ္ခတ္သည့္အတြက္ ျပန္လွည့္လာခဲ့ၾကရသည္ဟု ပလက္၀သတင္းကို အဓိကေရးသားေနေသာ ခူမီးမီဒီယာမွ အယ္ဒီတာ ကိုပီတာကေျပာသည္။

“မေန႔ကဒီလို မီးလက္၀ရြာရဲ႕ ေတာင္ကုန္းထိပ္မွာ စစ္တပ္ရင္းတစ္ခုကအေျခခ်တယ္ တပ္မ (၂၂) လားမသိဘူး ဒီဖက္ျပည္မဘက္ကေနလာတဲ့တပ္မေပါ့ အဲဒီရြာသားေတြ မီးေလာင္ေနတာကိုေတြ႕ေတာ့ သူတို႔ေတြေလာင္ျပီဆိုေတာ့ စိတ္မေကာင္းဘူးဆိုျပီးေတာ့ သူတို႔ မီးသြားျငိမ္းခ်င္တယ္ေပါ့ေနာ္ ခြင့္ေတာင္းတာေပါ့ ဒါေပမဲ့ (၂၈၉) တပ္ရင္းကေတာ့ ခြင့္ျပဳတယ္ဆိုျပီးေတာ့ သူတို႔ေျပာလိုက္တာ ေျပာလုိက္ေတာ့ သူတို႔သြားၾကတာ သြားၾကေတာ့ တကယ့္တကယ္ေတာ့ မီးလက္၀ေတာင္ကုန္းမွာအေျခခ်တဲ့ တပ္ရင္းက (၂၈၉) တပ္မဟုတ္ဘူးေလ ဆိုေတာ့ ျပည္မဘက္ကေနလာတဲ့တပ္ရင္းကေနျပီးေတာ့ သူတို႔ကို ဒီေသနတ္နဲ႔ပစ္ၾကတာကိုး ဒါေၾကာင့္ သူတို႔က ျပန္လာရတယ္ ဒီေန႔လည္း အခုထိမသြားရဲဘူး” ဟု ကိုပီတာကေျပာသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ေအာက္မီးလက္၀ေက်းရြာမွ အိမ္ေျခ (၆၀) ခန္႔ ေလာင္ကြ်မ္းပ်က္စီးႏုိင္သည္ဟု ခန္႔မွန္းထားၾကသည္။

Photo Credit: Khumi Media

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား စစ်ရေးပဋိပက္ခကြောင့် ရွာသားများအားလုံး နေရပ်စွန့်ခွါ၍ ထွက်ပြေးတိမ်းရှောင်နေကြသည့်အချိန်တွင် ၎င်းတို့နေထိုင်ခဲ့သော ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝကျေးရွာရှိ လူနေအိမ်များ မေလ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။

လူသူကင်းမဲ့၍ လူနေအိမ်များသာ ကျန်ရှိတော့သည့် အဆိုပါကျေးရွာတွင် မေလ ၂၆ ရက်နေ့ မွန်းလွှဲပိုင်း ၂ နာရီဝန်းကျင်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်ဖြစ်ပြီး တစ်စုံတစ်ဦးသို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ ရှို့မီးခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ထားကြသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသော်လည်း မီးမလောင်ခင်မနက်ပိုင်းကလည်း အဆိုပါကျေးရွာအနီးအနားတွင် တပ်မတော်တပ်သားများလှုပ်ရှားနေသည်ကို ပလက်ဝမြို့ကနေ လှမ်းမြင်ရသည်ဟု ပလက်ဝမြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ပလက်ဝရဲ့ ဟိုဘက်ကမ်းပဲ ပလက်ဝကနေလှမ်းမြင်နေရတယ် အကုန်လုံးမြင်တယ်၊ မီးမလောင်ခင် မနက်ပိုင်း (၈) နာရီ (၉) နာရီဝန်းကျင်မှာက မြန်မာ့တပ်မတော်ကနေ အဲဒီဘက်မှာလှုပ်ရှားနေတာ ဒီဘက် ပလက်ဝဘက်ကနေတွေ့ရတယ်၊ မနက်ပိုင်းမှာတွေ့ရတယ် ညနေ ၂ နာရီလောက်မှာ မီးလောင်တာတွေ့ရတယ်၊ AA ဖက်ကလည်း အဲဒီအနီးအနားမလှုပ်ရှားတာကလည်းကြာပြီ မရှိဘူးသူတို့ အဲဒီအနီးတဝိုက်မှာက မီးလက်ဝကနေ (၄) (၅) မိုင်လောက်မှာလည်း မြန်မာ့တပ်မတော်ဖက်ကနေ နေရာယူထားပြီ ဆိုတော့ AA ဖက်ကတော့ လုံးဝမရှိတာတော့ သေချာတယ်၊ အဲလိုမျိုးအခြေအနေတွေတော့ရှိတယ် ဒါပေမယ့် ဒါဘယ်သူ့လက်ချက်လည်းဆိုတာတော့ တစ်ထစ်ချ ကောက်ချက်ချလို့တော့မရဘူး” ဟု ပလက်ဝစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလက်ဝမြို့၏ တဖက်ကမ်း ကုလားတန်းမြစ်နဘေးတွင်တည်ရှိသော အောက်မီးလက်ဝကျေးရွာသည် အိ်မ်ခြေ ၁၂၀ ကျော် လူဦးရေ ၆၀ဝ ကျော်ခန့်ရှိကြပြီး ၎င်းတို့ကျေးရွာအနီးပတ်ဝန်းကျင်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနေပြည်သူများအားလုံးသည် ပြီးခဲ့သည့် မတ်လကတည်းက ပလက်ဝမြို့ပေါ် နှင့် ရန်ကုန်မြို့တို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၍ လူနေအိမ်များသာကျန်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။   

အောက်မီးလက်ဝကျေးရွာ မီးစတင်လောင်ကျွမ်းသည့်အချိန်တွင် ပလက်ဝမြို့ပေါ်စစ်ဘေးတိမ်းရှောင်နေကြသည့် ရွာသားများက မီးငြိမ်းသတ်ရန်၎င်းတို့ကျေးရွာဆီ စက်လှေဖြင့်သွားရောက်ခဲ့ကြသော်လည်း တပ်မတော်ဘက်မှ ပစ်ခတ်သည့်အတွက် ပြန်လှည့်လာခဲ့ကြရသည်ဟု ပလက်ဝသတင်းကို အဓိကရေးသားနေသော ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာကပြောသည်။

“မနေ့ကဒီလို မီးလက်ဝရွာရဲ့ တောင်ကုန်းထိပ်မှာ စစ်တပ်ရင်းတစ်ခုကအခြေချတယ် တပ်မ (၂၂) လားမသိဘူး ဒီဖက်ပြည်မဘက်ကနေလာတဲ့တပ်မပေါ့ အဲဒီရွာသားတွေ မီးလောင်နေတာကိုတွေ့တော့ သူတို့တွေလောင်ပြီဆိုတော့ စိတ်မကောင်းဘူးဆိုပြီးတော့ သူတို့ မီးသွားငြိမ်းချင်တယ်ပေါ့နော် ခွင့်တောင်းတာပေါ့ ဒါပေမဲ့ (၂၈၉) တပ်ရင်းကတော့ ခွင့်ပြုတယ်ဆိုပြီးတော့ သူတို့ပြောလိုက်တာ ပြောလိုက်တော့ သူတို့သွားကြတာ သွားကြတော့ တကယ့်တကယ်တော့ မီးလက်ဝတောင်ကုန်းမှာအခြေချတဲ့ တပ်ရင်းက (၂၈၉) တပ်မဟုတ်ဘူးလေ ဆိုတော့ ပြည်မဘက်ကနေလာတဲ့တပ်ရင်းကနေပြီးတော့ သူတို့ကို ဒီသေနတ်နဲ့ပစ်ကြတာကိုး ဒါကြောင့် သူတို့က ပြန်လာရတယ် ဒီနေ့လည်း အခုထိမသွားရဲဘူး” ဟု ကိုပီတာကပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် အောက်မီးလက်ဝကျေးရွာမှ အိမ်ခြေ (၆၀) ခန့် လောင်ကျွမ်းပျက်စီးနိုင်သည်ဟု ခန့်မှန်းထားကြသည်။

Photo Credit: Khumi Media

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.