ချင်းပြည်နယ် တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း (၃၂ နှစ်) သည် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက တီးတိန်မြို့မစျေးအနီးတွင် သေနတ်နှင့် ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။
တီးတိန်မြို့မစျေးအနီး လဘ္လရည်ဆိုင်တဆိုင်တွင် ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က သူငယ်ချင်းတစ်ယောက်နှင့် ထိုင်နေစဉ်မှာ အမည်မသိလူတစ်စု ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး ဦးကြည်မင်းထွန်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။
“ညနေ ၆ နာရီခွဲလောက်ဖြစ်မယ် မြို့မစျေးလဘ္လရည်ဆိုင်မှာ သူနဲ့ သူ့သူငယ်ချင်းကထိုင်နေတာ ထိုင်တော့ အဲဒီမှာလူ ၆ ယောက်လောက်ဝင်လာတယ်လို့ပြောတယ် ဆိုင်ထဲဝင်ပြီး ပစ်သတ်ခံလိုက်ရ တယ်လို့ကြားရတယ်” ဟု တီးတိန်ဒေသခံကပြောသည်။
ဦးကြည်မင်းထွန်းသည် တီးတိန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည်မှာ တစ်နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး မည့်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကိုမူ မသိရပေ။