Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့က စစ်ကောင်စီတပ်သား ၂ ဦး CDM Siyin ထံ အလင်းဝင်

တီးတိန်မြို့က စစ်ကောင်စီတပ်သား ၂ ဦး CDM Siyin ထံ အလင်းဝင်

0
By Editor on February 18, 2025 Khonumthung

(002MG)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား (၂) ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ခဲယမ်းတချို့နှင့်အတူ CDF- CDM Siyin ထံ အလင်းဝင်လာသည်ဟု CDF-CDM Siyin စစ်ဦးစီးချုပ် ကိုထောင်းပူက ပြောသည်။

“မနေချင်တော့ဘူးလို့ သူတို့က ဆက်သွယ်လာတာကြာပြီ၊ မနေ့ကပဲ တီးတိန် ၂၆၉ တပ်ရင်းကနေ ဆိုင်ကယ်နဲ့ စျေးဝယ်ထွက်လာရင်းနဲ့ ကျွန်တော်တို့က မြို့အဝင်မှာ တဝက်လောက်မှာ သွားကြိုတာပေါ့။ ကျွန်တော်တို့က ကျည်ဆံတွေဆိုရင်လည်း အပြင်မှာပြန်ဝယ်ရတယ်ဆိုတော့ သူတို့ကိုလည်း ဆုပေးမယ်။ သူတို့က ရန်ကုန်၊ မန္တ လေးဖက်ကဆိုတော့ အခြေအနေကောင်းရင်သွားချင်ကြတာ။ အခုလည်း ဒီမှာပျော်ကြပါတယ် ကျွန်တော်တို့ရဲ ဘော်တွေနဲ့ အတူထားတာဆိုတော့ စားလဲအတူတူ၊သွားလည်းအတူတူပဲထားတယ်” ဟု ပြောသည်။

အလင်းဝင်လာသူ နှစ်ဦးမှာ တီးတိန်မြို့ (၂၆၉) တပ်ရင်းမှ တပ်သား ကျော်စောနိုင်နှင့် တပ်သား ဇော်လင်းတို့ ဖြစ်ကြပြီး လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန် ၃၀၀ ယူဆောင်လာကြသည်ဟု သိရသည်။

၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင် မိခင်တပ်ရင်းဖြစ်သည့် ကလေးမြို့ ဒကစ (၈၉) တပ်ရင်းမှ တီးတိန်မြို့ (၂၆၉) တပ်ရင်းသို့ ပြောင်းရွေ့ တာဝန်ဆောင်နေကြသူများ ဖြစ်ကြသည်။

CDF CDM Siyin ထံသို့ ဆက်သွယ်ကာ အလင်းဝင်လာသူ စစ်ကောင်စီတပ်သား (၁၆) ဦးခန့်ရှိလာပြီး အလင်းဝင် လာသူများအား ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း၊ မိမိသွားလိုရာနေရာများထံ သွားရောက်နိုင်ရန် စီမံဆောင်ပေးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း CDF CDM Siyin စစ်ဦးစီးချုပ်က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသည့် တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း၊ မြို့တွင်းဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ် သွားရောက်ကြိုဆိုပေးမည်ဖြစ်သည့်အပြင် သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးဖြစ်ကြောင်း CDF CDM Siyin အသိပေးဖိတ်ခေါ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.