• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် နေအိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ကယ်ခိုးယူမှုများလာ

တီးတိန်မြို့တွင် နေအိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ကယ်ခိုးယူမှုများလာ

0
By Editor on September 21, 2022 Headline

ချင်းပြည်နယ် တီးတိန်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးလိုးလုယက်မှုများလာပြီး နေ့ခင်းပိုင်းတွင်လည်း နေအိမ်ဖောက်ထွင်းမှု၊ ဆိုင်ကယ်ခိုးယူမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

“မနေ့က အိမ်ရှင် အပြင်ခဏသွားတဲ့ချိန်မှာ အိမ်အဖောက်ခံရတယ်၊ ပိုက်ဆံ ၁၀၄,၀၀၀ ကျပ် ပါသွားတယ်။ တခြားပစ္စည်းတွေတော့ ပါမသွားဘူး။ ပြီးတော့ နေ့ခင်းကြောင်တောင် ဘုရားကျောင်းတက်တဲ့အချိန်မှာတောင် ဆိုင်ကယ်တွေ အခိုးခံရတယ်၊ နာရေးလာကြတဲ့သူတွေရဲ့ ဆိုင်ကယ်တွေတောင် ခိုးကြတယ်” ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။

ခိုးဆိုးလုယက်သူပြုလုပ်သူအများစုမှာ မူးယစ်ဆေးသုံးစွဲသူများဖြစ်သည်ဟုသိရပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းကာ ကုန်ဈေးနှုန်းများ အဆမတန်ကျဆင်းနေမှုတွေကြောင့် ယခင်ကထက် အိမ်ဖော က်ထွင်းမှု၊ ဆိုင်ကယ်ခိုးမှုစသည့်ဖြစ်ရပ်များ မကြာခဏဆိုသလို ကြားနေရသည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများလာသည့်အတွက် တီးတိန်မြို့တွင် ရပ်ကွက်အလိုက် လူငယ်များဖွဲ့စည်းပြီး ပြည်သူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

“ဒီလိုမျိုး နိုင်ငံရေး အခြေအနေမကောင်းတာရယ်၊ စားဝတ်နေရေးခက်ခဲတာ၊ ကုန်ဈေးနှုန်းမြှင့်တက်နေတာ စတာတွေ ဆက်လက်ကြုံနေရရင်တော့ ဒါမျိုးက အစပဲရှိသေးတယ်ပေါ့လေ၊ နောက်ပိုင်းမှာ ဒီထက် ပိုဆိုးလာနိုင်ခြေရှိတယ်ပေါ့နော်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ဆောက်လုပ်ရေးကွာတာ ဝန်ထမ်းနေအိမ် အဖောက်ခံရပြီး ငွေသား ကျပ် တစ်သိန်းခွဲ အခိုးခံလိုက်ရသည်အပြင် တနင်္ဂနွေနေ့ ဘုရားကျောင်းတက်နေချိန်တွင် ဆိုင်ကယ်နှစ်စီး အခိုးခံလိုက်ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.