• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်က CDM နှစ်ဦးနှင့် အရပ်သားတစ်ဦးကို ZRA ဖမ်းဆီးရိုက်နှက်ကာ နယ်နှင်ဒဏ်ပေး

တီးတိန်မြို့နယ်က CDM နှစ်ဦးနှင့် အရပ်သားတစ်ဦးကို ZRA ဖမ်းဆီးရိုက်နှက်ကာ နယ်နှင်ဒဏ်ပေး

0
By Editor on June 22, 2022 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကျိန်းပီးကွတ်ကျေးရွာက CDM နှစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း သုံးဦးကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ ကျေးရွာမှပြောင်းရွှေ့ကြရန် နယ်နှင်ဒဏ်ပေးသည်ဟု သိရသည်။

ZRA (EC) တပ်ဖွဲ့ဝင်များသည် ယမန်နေ့ (ဇွန်လ ၂၀) မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် ကျိန်းပီးကွတ်ကျေးရွာသို့ ဝင်ရောက်လာပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော (CDM) ကျောင်းဆရာတစ်ဦး၊ ရဲတပ်သားတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး၏အမျိုးသား စုစုပေါင်း ၃ ဦးတို့ကို ရွာအပြင်ဘက် နှစ်ခြင်းသချုင်းကုန်းအနီးသို့ ဖမ်းဆီးခေါ်ဆောင်ကာ ၃ နာရီကြာခန့် ရိုက်နှက်စစ်ဆေးခဲ့သည်ဟု သိရသည်။

၎င်းတို့ ၃ ဦးအား ရိုက်နှက်စစ်ဆေးမေးမြန်းမှုအပြီးတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဇွန်လ ၂၅ ရက်နေ့နောက်ဆုံးထား၍ ရွာထဲမှ ပြောင်းရွှေ့ထွက်ခွါကြရန် ZRA (EC) က နယ်နှင်ဒဏ်ပေးထားသည်ဟု သိရသည်။

“မသေချင်ရင်တော့ ထွက်သွားရမှာပေါ့၊ မိသားစုနှင့်အတူသွားရမှာဆိုတော့လေ။ စားဖို့သောက်ဖို့ ရောင်းလို့ရတာတွေ ရောင်းရမယ်။ ဘယ်တတ်နိုင်မှာလဲ” ဟု တီးတိန်မြို့က ဒေသခံတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကို ပြောပြသည်။

ဖမ်းဆီးရိုက်နှက်ခံရသော အဆိုပါ ၃ ဦးသည် လမ်းပင်မလျှောက်နိုင်ကြတော့ဘဲ ရွာသားများက ဆိုင်ကယ်များဖြင့် သွားရောက်သယ်ယူခဲ့ရသည်ဟု သိရသည်။

၎င်းတို့ထဲမှ တစ်ယောက်သည် ရွာမှ ပြောင်းရွှေ့သွားပြီဟု သိရသည်။

ကျိန်းပီးကွက်ကျေးရွာသည် တီးတိန်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးကာ အိမ်ခြေတစ်ရာကျော်ရှိပြီး အခြေခံပညာအထက်တန်းကျောင်းရထားသော ရွာတစ်ရွာဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ZRA (EC) က ယနေ့ဇွန်လ ၂၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ၎င်းတို့ ၃ ဦးသည် ဇိုမီးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား အခြားသော လက်နက်ကိုင်များထံ သတင်းပေးမှုနှင့် ရပ်မိ/ရပ်ဖ ပြည်သူများ၏ သဘောထားအရ ရပ်ရွာကျောင်းဖွင့်မည့်အပေါ် အနှောက်ယှက်ပေးမှုတို့ကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) ZRA (EC) သည် စစ်ကောင်စီက မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကို ထောက်ခံကြိုဆိုကြောင်း မေလ ၃၀ ရက်နေ့ကကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ZRA (EC) တပ်ဖွဲ့သည် ယခင်ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်နေသောကြသော ချင်းပြည်နယ်က ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်ဖျက်စီးသည့် သာဓကများရှိခဲ့သည်။

၂၀၂၁ ခုနှစ် မေ ၂၂ ရက်တွင် တီးတိန်မြို့နယ် အခြေစိုက်ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို ZRA (EC) က ဝင်ရောက်သိမ်းပိုက်ခဲ့သကဲ့သို့ ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင်လည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ကာ သေနတ်၊ ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းစုစုပေါင်း တန်ဖိုး ကျပ်သိန်း ၆၀ ကျော်ကို ဖျက်ဆီးခဲ့ပါသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလထဲတွင် တီးတိန်မြို့နယ် အခြေစိုက် CDF-Hualngo တပ်စခန်းကို ZRA ဝင်ရောက်ဖျက်ဆီးသည့်အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင်လည်း PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်းဆွမ်ကို တီးတိန်မြို့တွင် ZRA က ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

ထို့ကြောင့် CNF/CNA အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် Chinland Join Defense Committee (CJDC) က ZRA (EC) အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.