Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့ပေါ်တွင် ဝန်ထမ်းများအားလုံး မဖြစ်မနေ မဲပေးရမည်ဟု ဌာနဆိုင်ရာကအမိန့်ထုတ်ထား

တီးတိန်မြို့ပေါ်တွင် ဝန်ထမ်းများအားလုံး မဖြစ်မနေ မဲပေးရမည်ဟု ဌာနဆိုင်ရာကအမိန့်ထုတ်ထား

0
By Editor on December 23, 2025 Khonumthung

(004SS)

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး သည် မဖြစ်မနေ မဲပေးကြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ဝန်ထမ်းတိုင်း ကိုယ်တိုင် မဲပေးကြရန်နှင့် မဲပေးရန် ပျက်ကွက်ပါက နောက်ဆက်တွဲပြသနာများကို ကာယကံရှင် ဝန်ထမ်းများကသာ ဖြေရှင်းရမည်ဟု လူမှု ကွန်ရက်တွင် ပျံ့နှံ့လာသော တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရုံးအမိန့်စာတွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မဲပေးသည့်အခါ မိမိတို့၏ မှတ်ပုံတင်မူရင်း (ဝန်ထမ်းကဒ်) များကို မဖြစ်မနေ ယူဆောင်လာရန်နှင့် “အလေးအနက်” ထားကာ မဲပေးကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။

မဲပေးရန် ပျက်ကွက်သူများအား အကာအကွယ်ပေးမည်မဟုတ်ဘဲ ဥပဒေကြောင်းအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ ကြုံတွေ့လာရမည့် ကိစ္စရပ်များကို ကယကံရှင်ဝန်ထမ်းကိုယ်တိုင် ဖြေရှင်းရမည်ဟု ပါရှိသည်။

တီးတိန်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက “ဒီလိုစာထုတ်တာ ဟုတ်ပါတယ်။ ဒါကတော့ ဆေးရုံဝန်ထမ်းတွေ အတွက်ပေါ့နော်။ တခြား ဌာနဆိုင်ရာအားလုံးလည်း မဖြစ်မနေ မဲပေးရမယ်လို့ သိရတယ်။ ပြည်သူတွေအတွက်တော့ အခြေအနေ မသိရသေးပေမဲ့ ရုံးတိုင်းကတော့ ပေးရမယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ဝန်ထမ်းများကို အဓိကပစ်မှတ်ထား၍ မဲပေးရန် ဖိအားပေးမှုများ ရှိနေသော်လည်း မြို့ပေါ်ရှိ အရပ်သား ပြည်သူများအား မဲပေးရန် တိုက်ရိုက်ဖိအားပေးမှုမျိုးတော့ ယနေ့အထိ မရှိသေးကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအကြိုကာလအဖြစ် စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များသည် တီးတိန်မြို့ပေါ်ရှိ လူစည်ကားရာ လမ်းဇန်လမ်းခွဲတွင် ဆန်ပြုတ်စတုဒီသာ ကျွေးမွေးခြင်းများ ပြုလုပ်နေပြီး လမ်းသွားလမ်းလာအချို့ ဝင်ရောက်သုံးဆောင်မှုများ ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.