Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မည်ဟု PDA – တီးတိန် တရားဝင်ကြေညာ

တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မည်ဟု PDA – တီးတိန် တရားဝင်ကြေညာ

0
By Editor on January 15, 2025 Headline

တီးတိန်မြို့နယ်ကို မည်သည့်အဖွဲ့ကိုမျှ ပေးမည်မဟုတ်၍ ဝင်ရောက်လျှင် တိုက်ထုတ်မည်ဟု ZFU/ PDF – Zoland က တုန့်ပြန်

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့သိမ်းတိုက်ပွဲကို PDA – တီးတိန်နှင့် မဟာမိတ်တပ်များက ဖော်ဆောင်တော့မည်ဖြစ်ပြီး ပြည်သူများ အချိန်မီပြင်ဆင်နိုင်ရန် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်သည်။

“တီးတိန်မြို့နယ်အတွင်း ပြည်သူလူထုများ အချိန်မီပြင်ဆင်နိုင်ရန် အသိပေးခြင်း” ဟူ၍ ဇန်နဝါရီလ ၁၄ ရက်က တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီ၏ တပ်ဖွဲ့ဖြစ်သော PDA – တီးတိန်က မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်ရာ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်း တီးတိန်မြို့နယ်ကောင်စီက ဆိုသည်။

ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ စစ်ကောင်စီတပ်သားများ ချေမှုန်းကင်းစင်စေလိုသော မည်သည့် တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်း၊ တိုက်ပွဲဝင်ရန် ဖိတ်ခေါ် အကူအညီတောင်းဆိုထားသည်။

လက်ရှိတွင် ဇိုးမီး (ချင်း) များ အခြေပြုနေထိုင်ရာ တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တွင်သာ စစ်ကောင်စီတပ်များ ကျန်ရှိသေးသဖြင့် အလျင်အမြန် တိုက်ခိုက်သိမ်းယူရေးအတွက် စစ်ရေးမဟာမိတ်များနှင့်အတူ ဆောင်ရွက်သွားမည်ဟု PDA- Tedim ထံမှ သိရသည်။

တီးတိန်မြို့နယ်ကို စစ်ကောင်စီတပ်ဖြစ်စေ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖြစ်သော CNF အပါအဝင် PDA – တီးတိန်ဖြစ်စေ မည်သည့်အဖွဲ့အစည်းကိုမျှ ပေးအပ်မည်မဟုတ်ဘဲ တားမြစ်ထားမှုကြားက ဝင်ရောက်လာပါက ICNCC၊ ချင်းညီနောင်နှင့် လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်ဟု PDF – Zoland က ပြန်လည်ထုတ်ပြန်သည်။

“လက်ရှိ ချင်းပြည်အရေးအား ပြည်သူ့သို့ တင်ပြခြင်း” ဟူ၍ ZFU/ PDF – Zoland က ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။

CNF/CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များသည် လူထု၏ အကျိုးကို ရှေးရှုခြင်း တစုံတရာ မပါရှိဘဲ အမြတ်ထုတ်လိုမှု၊ နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်ကြောင်း၊ အချိန်မီ ပြင်ဆင်မှုမရှိဘဲ တနေ့တွင် လူထု၏ တရားစီရင်မှုကို ကြုံတွေ့ခံစားရမည်ဆိုပါက များစွာထိခိုက်နစ်နာရမည်ဖြစ်ကြောင်း PDF – Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်အဖွဲ့သည် စစ်ကောင်စီတပ်များထံမှ တီးတိန်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း၊ CNA ပူးပေါင်းတပ်က PDA – တီးတိန်ကို အသုံးချကာ တီးတိန်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ZFU/ PDF – Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇိုမီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင်ယှက်ရန် ကြိုးပမ်းလာသော မည်သည့်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ZFU/ PDF – Zoland က သတိပေးထုတ်ပြန်သည်။

တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူများမှ ဆုတောင်းအပ်နှံပေးခြင်းဖြင့် အားဖြည့်ကူညီရန် တီးတိန်မြို့နယ်ကောင်စီ၊ PDA – တီးတိန်တို့မှ ဖိတ်ခေါ်သကဲ့သို့ မိမိတို့မြေကို အတူတကွ ကာကွယ်သွားကြရန် ပြည်သူတရပ်လုံးကိုလည်း ZFU/ PDF – Zoland ဖိတ်ခေါ်နေသည်။

တီးတိန်းမြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော PDA – Tedim ၊ PDF – Zoland၊ CDF – CDM Siyin၊ Hualngoram – CDF တို့သည် စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်နေကြပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းမပြုသော ZRA – EC တပ်ဖွဲ့လည်းရှိသည်။

PDA – Tedim ၊ CDF – CDM Siyin၊ Hualngoram – CDF တပ်ဖွဲ့များသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ပြီး PDF – Zoland မှာ ICNCC၊ ချင်းညီနောင်အဖွဲ့ (CB) နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သည်။

၂၀၂၄ နှစ်လယ်ပိုင်းကလည်း မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် ချင်းညီနောင်/အာရက္ခတပ်တော် AA မဟာမိတ် ပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်ခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့ ထိခိုက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာများရရှိခြင်းတို့ ဖြစ်ပွားဖူးသည်။

တီးတိန်မြို့နယ်တွင် ဆိုင်းဇန်၊ တေဇန်၊ တာဒို၊ ခေါနူး၊ စီးယင်း၊ ဟွာလ်ငို၊ ငွန်၊ ဇို၊ ဒိမ် စသည့် မျိုးနွယ်စုများ ဒေသအလိုက် နေထိုင်ကြပြီး ဇိုမီးချင်း သို့မဟုတ် တီးတိန်ချင်းဟူ၍ လူသိများကြသည်။

ချင်းလဲန်းကောင်စီ (CC)၊ ချင်းပြည်အစိုးရအဖွဲ့တွင် CNF/CNA,၊ CDF- Matupi တပ်မဟာ ၂၊ CDF – Lautu ၊ CDF – Zotung၊ CDF – Paletwa၊ CDF – Hualngoram၊ CDF – Tonzang ၊ CDF – Hakha ၊ CDF -Thantlang ၊ CDF – KKG ၊ CDF – Zophei ၊ CDF/CDM – SIYIN၊ PDA -Tedim၊ CDF – Zanniatram၊ Senthang Revolution Force နှင့် ကန်ပက်လက်ကောင်စီ စသည့် အဖွဲ့တွေ ပါဝင်သည်။

ချင်းညီနောင် (CB) နှင့် ICNCC အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)/ CDF – Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖယ် ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ CDF – Kanpetlet/ ကန်ပက်လက်မြို့နယ်ကောင်စီ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) နဲ့ CDF – မတူပီ တပ်မဟာ – ၁ တို့ ပါဝင်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.