• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တောင်ယာလုပ်နေသည့်ပြည်သူ ၃ ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်သောလက်နက်ကြီးထိမှန်သေဆုံး
ပုံစာ - မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်း

တောင်ယာလုပ်နေသည့်ပြည်သူ ၃ ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်သောလက်နက်ကြီးထိမှန်သေဆုံး

0
By Editor on June 17, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတာကြောင့် တောင်ယာလုပ်နေတဲ့အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးဗုံးဆံထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ ယနေ့မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်မှာ မင်းတပ်မြို့နယ် တိုက်နယ် ၃ ကျေးရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ခလရ ၂၇၄ တပ်ရင်းနဲ့ မျက်နှာချင်းဆိုင်ရွာလို့ပြောလို့ရတဲ့ တိုက်နယ် ၃ က တွီမွီရွာအနီးမှာ ကျရောက်ပေါက်ကွဲပြီး တောင်ယာမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟားအွမ်ကပြောပါတယ်။

“တိုက်နယ် ၃ မွီတွီရွာပေါ့ မွီတွီရွာဆိုတာက မင်းတပ်မြို့ပေါ်မှာတပ်စွဲနေတဲ့ ခလရ ၂၇၄ တပ်ရင်းနဲ့ မျက်နှာချင်းရွာလို့ ပြောလို့ရပါတယ်၊ အဲဒီရွာကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ် အသက် ၇၀ ရွယ်အမျိုးသားတစ်ဦးရယ်၊ အသက် ၆၀ ရွယ် အမျိုးသမီးတစ်ဦးရယ် အသက် ၃၀ ရွယ် အမျိူးသမီးတစ်ဦး လက်နက်ကြီးမှန်ပြီးသေဆုံးသွားတာ’’

လက်နက်ကြီးထိမှန်ပြီးသေဆုံးသူတွေဟာ အသက် ၇၀ ရွယ်အမျိုးသားတစ်ဦး၊ အသက် ၆၀ နဲ့ အသက် ၃၀ ရွယ် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြပြီး တောင်ယာထဲမှာ အလုပ်လုပ်နေကြတဲ့အချိန်မှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ဗုံးဆံ ထိမှန်သေဆုံးခဲ့ကြတာလို့သိရပါတယ်။

ဒါ့အပြင် လူနေအိမ် ၄ လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သလို အမျိုးသားတစ်ဦးမှာလည်း လက်နက်ကြီး ထိမှန်ဒ ဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်မှာတပ်စွဲထားတဲ့ ခလရ ၂၇၄ တပ်ရင်းဟာ တိုက်ပွဲဖြစ်ပွားမှုမရှိရင်တောင် နေ့စဉ်လိုလို လက်နက်ကြီး ပစ်ခတ်လေ့ရှိပြီး ယနေ့ဖြစ်စဉ်မှာလည်း ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့တမင်တကာပစ်ခတ်တာ ဖြစ်တယ်လို့ ဆလိုင်းဟားအွမ်ကပြောပါတယ်။

“ကျနော်တို့မင်းတပ်မြို့ကို CDF တွေခိုလုံနေတယ်ဆိုပြီး သိလို့လည်းမဟုတ်ဘူး လှုပ်ရှားမှုရှိတာကြောင့်လည်းမဟုတ်ဘူး ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့လူမျိုးတွေရှိတဲ့ရွာတွေကို ပစ်တာ၊ ဒါကတိုက်ပွဲလည်းမဟုတ်ဘူး ကျနော်တို့မျိုးနွယ်စုတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး သုံးနှုန်းလို့ရတယ်၊ ဒါကအခါအားလျှော်စွာပစ်နေတာ နေ့တိုင်းပစ်နေတာညမှာလည်းထ ပစ်တယ် နေ့မှာလည်း ပစ်တယ် ပြည်သူတွေရှိတဲ့ဆီကို ရည်ရွယ်ချက်ရှိရှိပစ်တာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာ”

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ဇွန် ၁၄ ရက်နေ့ကမနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ CDF-Mindat တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြပါ သေးတယ်။

မင်းတပ်မြို့အဝင်ဂိတ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat ဘက်က ပစ်ခတ်ခဲ့ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း မင်းတပ်မြို့လဝကရုံးအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အဲဒီနေ့က စစ်ကောင်စီ တပ်သား ၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ အထိနာတာကြောင့် ခလရ ၂၇၄ နဲ့ ကျောက်ထုအမြောက်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးအနည်းဆုံး ၉ ကြိမ်လောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.