Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို စစ်ကောင်စီဗုံးကြဲ

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို စစ်ကောင်စီဗုံးကြဲ

0
By Editor on January 16, 2025 Headline

(002MG)

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို ယနေ့ ဇန်နဝါရီလ (၁၆)ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကလေးမြို့သို့ ရောက်နေသည့်ခမ်းပတ်ဒေသခံတဦးက “အိမ်ကနေ ဖုန်းဆက်လာကြတာ (၃) ကြိမ် ဗုံးလာကြဲတယ်။ အမှတ် ၁ ရပ်ကွက် အစွန်ပိုင်း ကျီခါးလမ်းဖက်မှာ၊ အသံကတော့ တော်တော်ကျယ်တယ်၊ အဲ့နားမှာရှိသူတွေကတော့ ပုန်းကျင်းထဲဝင်ပုန်းနေရတယ်။ ထိခိုက်တာတော့ ဘာမှမသိရသေးဘူး” ဟု ပြောသည်။

ခမ်းပတ်မြို့ကို စစ်ကောင်စီက မြေပြင်တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှု တချို့ရှိသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိသော ခမ်းပတ်မြို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င် ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။

ချင်းလူမျိုးအများစုနေထိုင်ကြသော ခမ်းပတ်မြို့တွင် ရပ်ကွက်ကြီး (၅) ခုနှင့် လူဦးရေ (၄၀ဝ၀) ဝန်းကျင်ရှိသည်ဟု သိရသည်။

ခမ်းပတ်မြို့တွင် Wifi အင်တာနက်လိုင်းပြတ်တောက်နေသည်မှာ ၁ လနီးပါးရှိပြီဖြစ်ကာ ဆက်သွယ်ရေးဖုန်းလည်းများ လည်း မကြာခဏ ပြတ်တောက်မှုကြုံနေရကြောင်း ဒေသခံများကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.