Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေး ၄ နှစ်တာမှာ CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံး

တော်လှန်ရေး ၄ နှစ်တာမှာ CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံး

0
By Editor on May 4, 2025 Headline

(006SV)

လောက်တူလူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေးအတွက် စစ်အဏာရှင်ကို လက်နက်ကိုင် တော်လှန်ရေးဆောင်ရွက်နေသော ၄ နှစ်တာကာလတွင် CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးသည်ဟု သိရသည်။

တော်လှန်ရေးခရီးရှည် ၄ နှစ်တာတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် CDF – Lautu မှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ယနေ့ မေလ ၄ ရက်မှာ ကျရောက်သည့် ၄ နှစ်ပြည့် နှစ်ပတ်လည်တွင် CDF – Lautu က ထုတ်ပြန်သည်။

တော်လှန်ရေးတွင် ပြည်သူသာ အဓိက၊ ပြည်သူသည်သာ အဆုံးအဖြတ်ဖြစ်၍ တော်လှန်ရေး အောင်နိုင်ရေးသည် ပြည်သူ့ လက်ဝယ်တွင် ရှိသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူအားလုံး လူအင်အားဖြင့်ဖြစ်စေ၊ ငွေကြေးအားဖြင့် ဖြစ်စေ မိမိ တတ်နိုင်သော အခန်းကဏ္ဍမှ စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ပွဲ ဝင်သွားရန် CDF – Lautu က တိုက်တွန်းသည်။

CDF – Lautu သည် လောက်တူလူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေး စသည့် ရည်းမှန်းချက်ဖြင့် တော်လှန်တိုက်ပွဲဝင်နေသည်ဟု သိရသည်။

ချင်းပြည်သူများ၊ လောက်တူပြည်သူများနှင့် စွန့်လွှတ်အနစ်နာခံ တော်လှန်တိုက်ပွဲဝင်ကြသော ရဲဘော်ရဲဘက်များ အားလုံး ကောင်းကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင့် CDF – Lautu က နှစ်ပတ်နေ့တွင် ဆုတောင်းဆန္ဒပြုထားသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF – Lautu က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.