ချင်းပြည်နယ် ထန်တလန်မြို့နယ် တစ်နေရာတွင် Network for Chin Community Development (NCCD)၏ ဦးဆောင်မှုဖြင့် အခြေခံလူထုဖွံ့ဖြိုးရးသင်တန်းကို ဧပြီလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် လူထုအခြေပြုဖွံ့ဖြိုးရေးအကြောင်း၊ နိုင်ငံရေး၊လူမူရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်၊ ဒီမိုကရေစီ ၊လူ့အခွင့်အရေး၊ မဟာဗျူဟာရေးဆွဲခြင်း၊ FPIC အကြောင်းနှင့် NCCD ၏ ဖွံ့ ဖြိုးရေးမူ ၃ ချက်တို့ကို သင်ကြားပို့ချကာ သင်တန်းဆင်း အောင်လက်မှတ်ကိုလည်း ပေးအပ်ခဲ့ကြသည်ဟု သိရသည်။
ထို့နောက် ထန်တလန်မြို့နယ်၊ Tihbual ကျေးရွာမှာ ၃ ရွာစုပေါင်းပြီ ကွန်ယက်စီမံကိန်းကိုလည်းစတင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ကြကြောင်းသိရသည်။
NCCD သည် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ချင်းမြေယာမူဝါဒဥပဒေများအပြင် ကျေးလက်ဒေသမှ ချင်းပြည်သူများအတွက် အခြေခံလိုအပ်ချက်များ ကူညီပံ့ပိုးခြင်း၊ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်းနှင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။