ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သား ၆ ဦးကို လက်နက်နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၆ ဦးကို ထန်တလန်မြို့ CB ဘဏ်အဆောက်အအုံထဲမှာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထန်တလန်ကလာသော သတင်းရင်းမြစ်ကဆိုသည်။
၎င်းတို့နှင့်အတူ သေနတ် ၇ လက် မော်တာဗုံးသီး ၈ လုံးလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။
စစ်ကောင်စီတပ်သား ၆ ဦး ဖမ်းဆီးခံရပြီးနောက် ယနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။