ချင်းပြည်နယ် ထန်တလန်မြို့တွင် ဒလံအကြီးစားဟု နာမည်ကြီးနေသည့် နယ်ထိန်းရဲတစ်ဦးအား ယနေ့ညနေပိုင်း ၃ နာရီခိုင်းတွင် အမည်မသိ လက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။
“ဒီနေ့ညနေပိုင်းမှာ နယ်ထိန်းရဲတစ်ယောက် အသတ်ခံရတာဟုတ်တယ်၊ ဘယ်သူတွေ သတ်သွားတာလည်းတော့ မသိဘူး၊ သူက ဒလံအကြီးစားလို့ နာမည်ထွက်နေတာကြာပြီ၊ ခါတိုင်းဆို ကားဖြူလေးနဲ့ လိုက်ပတ်နေတာ၊ ဒီနေ့တော့ ဆိုင်ကယ်နဲ့ထွက်လာပုံရတယ်၊ သူက လူတွေကို ဖမ်းပြီး ပိုက်ဆံတောင်းတာတွေလည်း လုပ်လေ့ရှိတယ်လို့ကြားတယ်၊ သူ့ကိုတော်တော်လည်း အမြင်ကပ်ကြတယ်၊ ချင်းတော့မဟုတ်ဘူး ဗမာထင်တယ်”ဟု ထန်တလန်မြို့ခံတစ်ဦးမှ ပြောသည်။
ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သော်လည်း ယနေ့ ရဲတစ်ဦးအသတ်ခံရမှုမှာ မြို့ထဲတွင် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။