• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့တွင် မိဘမဲ့ဂေဟာနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ထပ်မံမီးရှို့

ထန်တလန်မြို့တွင် မိဘမဲ့ဂေဟာနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ထပ်မံမီးရှို့

0
By Editor on November 7, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် နိုဝင်ဘာလ ၆ ရက် ယနေ့မနက် ၅ နာရီခွဲအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထပ်မံမီးရှို့မှုကြောင့် မိဘမဲ့ဂေဟာ အပါအဝင် လူနေအိမ် ၇ အိမ် မီးလောင်ကျွမ်း ပျက်ဆီးသွားသည်ဟု သိရသည်။

“ဒီမနက် ၅ နာရီခွဲကနေပြီး စလောင်တာ အမှတ် ၃ ရပ်ကွက်ထဲမှာမှ နေရာက ၂ နေရာမှာပါ။ တနေရာက မိဘမဲ့ဂေဟာရှိနေရာ PCH လို့ခေါ်တယ် အဲ့မှာ အိမ်သုံးလုံး၊ လမ်းမကြီးဘေးနား စို်က်ပျိုးရေးရပ်ကွက်မှာ ၄ အိမ် အခုချိန်ထိအတည်ပြုလို့ရတာ” ဟု ထန်တလန်မြို့ခံတစ်ဦးက ပြော သည်။

လူနေအိမ်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရှို့မီးနှင့် လက်နက်ကြီး၊ တမင်တကာ ပစ်ခတ်မှုကြောင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးသည်မှာ ယခုအကြိမ်နှင့် ၃ ကြိမ်ရှိလာပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ၂ဝ အိမ်၊ အောက်တိုဘာလ ၂၉ ရက်က ၁၆၄ အိမ်၊ ယနေ့ နိုဝင်ဘာလ ၆ ရက်အထိ အိမ်ခြေ ၁၉၀ ကျော် လောင်ကျွမ်းပျက်ဆီးသွားပြီဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိ မီးလောင်မှုအခြေအနေမှာ မီးညွန့်ကျိုးသွားပြီဟုသိရပြီး မီးခိုးများ ထွက်ရှိနေသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့က ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ထန်တလန်မြို့တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.