Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့တွင် မိဘမဲ့ဂေဟာနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ထပ်မံမီးရှို့

ထန်တလန်မြို့တွင် မိဘမဲ့ဂေဟာနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ထပ်မံမီးရှို့

0
By Editor on November 7, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် နိုဝင်ဘာလ ၆ ရက် ယနေ့မနက် ၅ နာရီခွဲအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထပ်မံမီးရှို့မှုကြောင့် မိဘမဲ့ဂေဟာ အပါအဝင် လူနေအိမ် ၇ အိမ် မီးလောင်ကျွမ်း ပျက်ဆီးသွားသည်ဟု သိရသည်။

“ဒီမနက် ၅ နာရီခွဲကနေပြီး စလောင်တာ အမှတ် ၃ ရပ်ကွက်ထဲမှာမှ နေရာက ၂ နေရာမှာပါ။ တနေရာက မိဘမဲ့ဂေဟာရှိနေရာ PCH လို့ခေါ်တယ် အဲ့မှာ အိမ်သုံးလုံး၊ လမ်းမကြီးဘေးနား စို်က်ပျိုးရေးရပ်ကွက်မှာ ၄ အိမ် အခုချိန်ထိအတည်ပြုလို့ရတာ” ဟု ထန်တလန်မြို့ခံတစ်ဦးက ပြော သည်။

လူနေအိမ်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရှို့မီးနှင့် လက်နက်ကြီး၊ တမင်တကာ ပစ်ခတ်မှုကြောင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးသည်မှာ ယခုအကြိမ်နှင့် ၃ ကြိမ်ရှိလာပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ၂ဝ အိမ်၊ အောက်တိုဘာလ ၂၉ ရက်က ၁၆၄ အိမ်၊ ယနေ့ နိုဝင်ဘာလ ၆ ရက်အထိ အိမ်ခြေ ၁၉၀ ကျော် လောင်ကျွမ်းပျက်ဆီးသွားပြီဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိ မီးလောင်မှုအခြေအနေမှာ မီးညွန့်ကျိုးသွားပြီဟုသိရပြီး မီးခိုးများ ထွက်ရှိနေသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့က ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ထန်တလန်မြို့တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.