• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တွင် လက်ကျန် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ထန်တလန်မြို့တွင် လက်ကျန် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံး

0
By Editor on August 27, 2021 Headline

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့ မြို့တွင်း ပစ်ခတ်မှုအတွင်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်ကျန် လက်နက်ကြီးတစ်လုံး ပြန်လည်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀‌ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ (၂၇) မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်လောက်တွင် စစ်ကောင်စီလက်ကျန် လက်နက်ကြီးကျည်အား အရပ်သားတစ်ဦးက သွားရောက်ကိုင်တွယ်ကာရာမှ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ထန်တလန်မြို့ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“တနေ့ သြဂုတ်လ (၂၅) ရက်နေ့က ပစ်တော့ ကျည်ဆံမှန်ပြီး အိမ်တစ်လုံးက ပျက်သွားတယ်… အိမ်ပျက်တဲ့ဟာတွေကို ပြုပြင်ဖို့သွားနေတုန်း ဗုံးလက်ကျန်လို့ပြောရမှာပေါ့ အိမ်ပြင်ရင်းနဲ့ အဲ့ဒီဗုံးက ကွဲသွားတာနဲ့တူတယ်” ဟု ပြောသည်။

ယခုပေါက်ကွဲမှုအတွင်း သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရှိသူများမှာ ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့ မြို့တွင်းပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် ထန်တလန်မြို့ပေါ်၊ ကျောင်းရပ်ကွက်ရှိ နေအိမ်များကို သွားရောက်ပြုပြင်ကြသူများဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဘုရားကျောင်းတွင်ထားရှိကာ ဆေးကုသမှုပေးနေပြီး သေဆုံးသူ အသက် (၄၅) နှစ်အရွယ် Pu Hlei Bik ၏ ရုပ်အလောင်းကိုတော့ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင် ထားရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့ ထန်တလန်မြို့ပေါ် ပစ်ခတ်မှုအတွင်းတွင်လည်း နေအိမ်အတွင်းပုန်းအောင်းနေသည့် အသက် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန် သေဆုံးခဲ့ကာ လူနေအိမ်များလည်းပျက်စီးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.