• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တွင် အဖမ်းခံရသူ (၂) ဦးကို ပြန်လွတ်ပေးပြီး၊ (၂) ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

ထန်တလန်မြို့တွင် အဖမ်းခံရသူ (၂) ဦးကို ပြန်လွတ်ပေးပြီး၊ (၂) ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

0
By Editor on March 30, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မတ်လ ၂၇ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည့် ဒေသခံပြည်သူ (၄) ဦးအနက် (၂) ဦးကိုမတ်လ ၂၈ ရက်နေ့ကပြန်လွှတ်ပေးခဲ့ပြီး ကျန်(၂) ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်ဟုသိရသည်။
မတ်လ ၂၇ ရက်ည ၉ နာရီခွဲခန့်က ထန်တလန်မြို့ရှိ Thantlang Youth Association ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာတွင် အိမ်ပိုင်ရှာသားအဖ (၂) ဦးဖြစ်သည့် Pu Tial Ceu နှင့် Salai Van Hmun Sang၊ TCBC Pastor Ngun Thawng Lian၊ Pu Tial Cung တို့ (၄) ဦးအဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ထန်တလန်မြို့ခံတစ်ဦးက “ အဖမ်းခံရတာ ၄ယောက်ပါ၊ ၂ယောက်တော့လွတ်ပြီ၊ ၂ယောက်တော့ ခနလောက်သတင်းမေး စရာရှိတယ်ဆိုပြီးတော့ အချုပ်ထဲမှာပဲ တပတ်လောက်ကြာမလားမသိဘူး သူတို့က အချိန်နဲနဲလောက်ကြာနိုင်တယ်၊(TYA) ရုံးက သားဖနှစ်ယောက်ကို ၅၀၅ နဲ့ ဥပဒေတပ်ထားတယ်” ဟုပြောသည်။
ပုဒ်မ ၅၀၅ (က)နှင့်အမှုဖွင့်ခံရသူများမှာ Pu Tial Ceu နှင့် Salai Van Hmun Sang တို့သားအဖဖြစ်ပြီး TCBC Pastor Ngun Thawng Lian၊ Pu Tial Cung တို့သည် ယမန်နေ့ကပြန်လည်လွှတ်မြောက်လာခဲ့သည်။
ယနေ့နံနက်ပိုင်းကလည်း ဟားခါးမြို့တွင် အာရုဏ်ဦးသပိတ်ဆင်နွှဲသည့် လူငယ် (၆) ဦးကိုလည်း အာာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည်ဟုသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ ထန္တလန္ျမဳိ႕တြင္ မတ္လ ၂၇ ရက္ေန႔ညက အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားက ဖမ္းဆီးခဲ့သည့္ ေဒသခံျပည္သူ (၄) ဦးအနက္ (၂) ဦးကိုမတ္လ ၂၈ ရက္ေန႔ကျပန္လႊတ္ေပးခဲ့ၿပီး က်န္(၂) ဦးကို ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္တရားစြဲဆိုထားသည္ဟုသိရသည္။
မတ္လ ၂၇ ရက္ည ၉ နာရီခြဲခန္႔က ထန္တလန္ၿမိဳ႕ရွိ Thantlang Youth Association ရုံးကို စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားက ၀င္ေရာက္ရွာေဖြရာတြင္ အိမ္ပိုင္ရွာသားအဖ (၂) ဦးျဖစ္သည့္ Pu Tial Ceu ႏွင့္ Salai Van Hmun Sang၊ TCBC Pastor Ngun Thawng Lian၊ Pu Tial Cung တို႔ (၄) ဦးအဖမ္းခံခဲ့ရျခင္းျဖစ္သည္။
ထန္တလန္ျမဳိ႕ခံတစ္ဦးက “ အဖမ္းခံရတာ ၄ေယာက္ပါ၊ ၂ေယာက္ေတာ့လြတ္ျပီ၊ ၂ေယာက္ေတာ့ ခနေလာက္သတင္းေမး စရာရွိတယ္ဆုိျပီးေတာ့ အခ်ဳပ္ထဲမွာပဲ တပတ္ေလာက္ၾကာမလားမသိဘူး သူတုိ႔က အခ်ိန္နဲနဲေလာက္ၾကာႏုိင္တယ္၊(TYA) ရုံးက သားဖႏွစ္ေယာက္ကုိ ၅၀၅ နဲ႔ ဥပေဒတပ္ထားတယ္” ဟုေျပာသည္။
ပုဒ္မ ၅၀၅ (က)ႏွင့္အမႈဖြင့္ခံရသူမ်ားမွာ Pu Tial Ceu ႏွင့္ Salai Van Hmun Sang တို႔သားအဖျဖစ္ၿပီး TCBC Pastor Ngun Thawng Lian၊ Pu Tial Cung တို႔သည္ ယမန္ေန႔ကျပန္လည္လႊတ္ေျမာက္လာခဲ့သည္။
ယေန႔နံနက္ပိုင္းကလည္း ဟားခါးၿမိဳ႕တြင္ အာ႐ုဏ္ဦးသပိတ္ဆင္ႏႊဲသည့္ လူငယ္ (၆) ဦးကိုလည္း အာာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးထားသည္ဟုသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.