• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ် ခွာဟရိန်းတောင်ကြောတွင် တိုက်ပွဲဆက်ဖြစ်ပွားပြီး တိမ်းရှောင်နေရသူ ၆၀၀ နီးပါးရှိ

ထန်တလန်မြို့နယ် ခွာဟရိန်းတောင်ကြောတွင် တိုက်ပွဲဆက်ဖြစ်ပွားပြီး တိမ်းရှောင်နေရသူ ၆၀၀ နီးပါးရှိ

0
By Editor on June 11, 2021 Headline
ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ခွာဟရိန်းတောင်ကြောတွင် ယမန်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျေးရွာ(၃)ရွာမှ ပြည်သူ ၆၀၀ နီးပါးမှာ တောထဲသို့ထွက်ပြေးနေရကြောင်း သိရသည်။
“မနေ့က တိုက်ပွဲဖြစ်တဲ့ ခွါဟရိန်းတောင်ကြောဘက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းတဲ့အတွက်ကြောင့် ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်တယ်၊ အခုချိန်မှာတော့ အသေးစိတ် အချက်အလက်တွေမသိရသေးဘူး၊ မနေ့က တိုက်ပွဲစဖြစ်တဲ့ချိန်ကနေစပြီး အဲဒီအနီးနားက ကျေးရွာသုံးရွာက ပြည်သူတွေအနေနဲ့ ဗုံးသံတွေ သေနတ်သံတွေနဲ့ဆိုတော့ တောထဲကို ထွက်ပြေးကြပြီ၊ အားလုံးက ၄၀၀ ကနေ ၆၀၀ ကြားလောက်ရှိမယ်၊ သေချာစာရင်းမကောက်နိုင်သေးဘူး”ဟု CDF-Thantlang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခွါဟရိန်းတောင်ကြောရှိ တိုက်ပွဲဖြစ်ပွားသည့် အနီးအနားမှရွာသူရွာသား အားလုံးနီးပါးမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစပြီး စစ်ရှောင်နေကြခြင်းဖြစ်ပြီး မိုးများလည်း ဆက်တိုက်ရွာသွန်းနေကာ အစားအသောက်နဲ့ဆေးဝါးများလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ အကူအညီလိုအပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထန်တလန်မြို့နယ်သို့ စစ်အင်အားများတိုးချဲ့လာမှုကြောင့် ယမန်နေ့မှ စတင်ကာ CDF-Thantlang နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၇ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.