Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ် Lungler တပ်စခန်းကို CNA/CDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ထန်တလန်မြို့နယ် Lungler တပ်စခန်းကို CNA/CDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

0
By Editor on September 13, 2021 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ကျေးရွာ Lungler တပ်စခန်းကို ချင်းအမျိူးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်က စက်တင်ဘာလ ၁၁ ရက်ညက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးသည်ဟု CDF- Thantlang က ယနေ့ထုတ်ပြန်သည်။

CNA/CDF ပူးပေါင်းတပ်ဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့က Lungler ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို အင်အား ၂၀၀ ကျော်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်အသုံးပြုကာ ဝေဟင်မှပစ်ခတ်ခဲ့သော ကြောင့် ဆုတ်ခွါခဲ့ကြသည်ဟု သိရသည်။

ထို့ု့ာက် စက်တင်ဘာလ ၁၁ ရက်ည ၇ နာရီ ၄၅ မိနစ်တွင် CNA/CDF အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပြန်လည်တိုက်ခိုက်ရဲ့ရာ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကာ CNA/CDF ဘက်မှ အကျဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့သည်ဟု CDF-Thantlang ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

CNA/CDF အနေဖြင့် Lungler တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းစည်းပြီးနောက် စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.