• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်အတွက် CDF-Mindat ကလက်တု့ံပြန်၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရ

ထန်တလန်အတွက် CDF-Mindat ကလက်တု့ံပြန်၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရ

0
By Editor on November 1, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့က CDF-Mindat ၏ ချူံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ယင်းသည် စစ်ကောင်စီမှ ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Mindat ကထုတ်ပြန်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က မင်းတပ်မြို့‌ပေါ် စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စကစတပ်များကို CDF-MINDAT က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကိုယောမာန်ကပြောသည်။

“အစကတော့ အရှိန်ယူမယ် စီမံခန့်ခွဲမယ် တိုက်ခိုက်မယ်ပေါ့နော် ထန်တလန်ကိစ္စလည်းပေါ်လာတော့ ချက်ချင်း တစ်ခုခုတုံ့ပြန်ရင်ကောင်းမယ် ဆိုပြီးမှပေါ့နော် အချိန်မနှောင်းခင်ပေါ့လေ လုပ်ဖြစ်သွားတာပေါ့ ကျနော်တို့ အပြန်အလှန်ပ စ်ကြတာ နာရီဝက်လောက်ကြာမယ် ကျနော်တို့ဘက်ကတော့ တစ်ယောက်က ကျည်ဆံယှက်ထိသွားတာပေါ့နော် ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ၊ ဟိုဘက်(စကစ)ကတော့ အနည်းဆုံး ၈ ယောက်လောက် ဒဏ်ရာရတယ်၊ ၃ ယောက်လောက်က သေဆုံးသွားတယ် အလောင်းတွေဆွဲထုတ်သွားတယ်” ဟု ကိုယောမာန်ကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် စိချဲ့လမ်းဆုံ အနီးရှိ ဘုရားကျောင်တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးရှို့မှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၄ အိမ်လောင်ကျွမ်းပြာကျခဲ့ပြီး ယင်းကိစ္စအတွက် စစ်ကောင်စီကို CDF-Mindat က ပထမဆုံး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.