• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဒီဇယ္ဆီျပတ္လပ္မႈေၾကာင့္ ပလက္၀ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးႏုိင္ေတာ့မည္မဟုတ္

ဒီဇယ္ဆီျပတ္လပ္မႈေၾကာင့္ ပလက္၀ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးႏုိင္ေတာ့မည္မဟုတ္

0
By Editor on October 1, 2020 Headline

#Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စက်သုံးဆီ (ဒီဇယ်) ပြတ်လပ်မှုကြောင့် ယနေ့အောက်တိုဘာလ ၁ ရက်နေ့ညစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးထံမှသိရသည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် အသုံးပြုမည့် ဒီဇယ် ပီပါ (၁၂၀) လုံးသည် ဆမီးမြို့တွင်သောင်တင်နေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် သယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။

“လက်ရှိ ကျနော်တို့ဆီမှာ ရှိတဲ့ဟာက ကုန်သွားတယ်၊ ဆမီးမှာ ပီပါ အလုံး ၁၂၀ တော့ရှိတယ် ဒါပေမယ့် လမ်းကြောင်း မကောင်းသေးလို့မသယ်နိုင်သေးတာ၊ အဲဒီလမ်းကြောင်းပေါ်မှာက ဟိုဘက်အဖွဲ့အစည်းတွေရှိတယ်လေ လမ်းကြောင်း ရှင်းမှဘဲ တပ်ကခွင့်ပြုတာကိုး တစ်ပတ်လောက်ရှိပြီစောင့်နေတာကတော့’’ ဟု ဦးအောင်လောဟာကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဆမီးမြို့တို့မှ ဆက်သွယ်သော လမ်းကြောင်းများပြတ်တောက်သည့်အတွက် စက်သုံးဆီအပြင် စားနပ်ရိက္ခာများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် ရက်အတော်ကြာလျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးဖြစ်သည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕တြင္ စက္သံုးဆီ(ဒီဇယ္)ျပတ္လပ္မႈေၾကာင့္ ယေန႔ေအာက္တိုဘာလ ၁ ရက္ေန႔ညစ၍ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေပးႏုိင္ေတာ့မည္မဟုတ္ေၾကာင္း  ပလက္၀ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးထံမွသိရသည္။

ပလက္၀ၿမိဳ႕လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးရာတြင္ အသံုးျပဳမည့္ ဒီဇယ္ ပီပါ (၁၂၀) လံုးသည္ ဆမီးၿမိဳ႕တြင္ေသာင္တင္ေနၿပီး နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္းေၾကာင့္ သယ္ယူရန္အခက္အခဲျဖစ္ေနၾကသည္ဟု ပလက္၀ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး ဦးေအာင္ေလာဟာကေျပာသည္။

“လက္ရွိ က်ေနာ္တို႔ဆီမွာ ရွိတဲ့ဟာက ကုန္သြားတယ္၊ ဆမီးမွာ ပီပါ အလံုး ၁၂၀ ေတာ့ရွိတယ္ ဒါေပမယ့္ လမ္းေၾကာင္း မေကာင္းေသးလို႔မသယ္ႏုိင္ေသးတာ၊ အဲဒီလမ္းေၾကာင္းေပၚမွာက ဟိုဘက္အဖြဲ႔အစည္းေတြရွိတယ္ေလ လမ္းေၾကာင္း ရွင္းမွဘဲ တပ္ကခြင့္ျပဳတာကိုး တစ္ပတ္ေလာက္ရွိၿပီေစာင့္ေနတာကေတာ့’’ ဟု ဦးေအာင္ေလာဟာကေျပာသည္။ 

ပလက္၀ၿမိဳ႕နယ္သည္ မဟာဓာတ္အားလိုင္းမေရာက္ရွိႏုိင္ေသးသည့္အတြက္ ၿမိဳ႕နယ္လွ်ပ္စစ္ ဓာတ္အားျဖန္႔ျဖဴးေရးဦးစီးဌာနမွ ဒီဇယ္ဆီအသံုးေသာ မီးစက္ျဖင့္ ယခင္က တစ္ရက္လွ်င္ (၄) နာရီ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေလ့ရွိသည္။ 

ပလက္၀ၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တို႔ စစ္မက္ျဖစ္ပြားရာေဒသျဖစ္ၿပီး ရခိုင္ျပည္နယ္ႏွင့္ ဆမီးၿမိဳ႕တို႔မွ ဆက္သြယ္ေသာ လမ္းေၾကာင္းမ်ားျပတ္ေတာက္သည့္အတြက္ စက္သံုးဆီအျပင္ စားနပ္ရိကၡာမ်ားလည္း ျပတ္ေတာက္ေနဆဲျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၁ ရက္ေန႔ကလည္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိေသာေၾကာင့္ စက္သံုးဆီမ်ား သယ္ယူရန္ အခက္အခဲျဖစ္ေနသည့္အတြက္ ပလက္၀ၿမိဳ႕နယ္တြင္ ရက္အေတာ္ၾကာလွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.