• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဒီမိုကရေစီလိုလားသောပြည်သူများကို ကူညီပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ် Pu K.Vanlalvena ပြော

ဒီမိုကရေစီလိုလားသောပြည်သူများကို ကူညီပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ် Pu K.Vanlalvena ပြော

0
By Editor on December 15, 2021 Khonumthung

အိန္ဒိယနိုင်ငံသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံမှ ဒီမိုကရေစီလိုလားသောပြည်သူများကို ကူညီထောက်ပံ့ပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ် (Rajya Sabha MP) Pu K.Vanlalvena က ပြောသည်။

မြန်မာ့နိုင်ငံရေးအလြေနေကြောင့် အိနိ္ဒယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံနေကြသည့်မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသောအိန္ဒိယဗဟိုအစိုးရကို ဒီဇင်ဘာ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ ပါလီမန်အစည်းအဝေးတွင် Pu K.Vanlalvena က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် Zonet သတင်းတွင် ဖော်ပြသည်။

“မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၁၅၀၀၀ ခန့်ရှိတယ်။ အဲဒီစစ်ဘေးရှောင်တွေကို အိန္ဒိယဗဟိုအစိုးရရဲ့ ကူညီထောက်ပံ့မှုမပါဘဲ မီဇိုရမ်အစိုးရ၊ နိုင်ငံရေးပါတီ၊ NGO အဖွဲ့အစည်းတွေနဲ့ မီဇိုးပြည်သူတွေက (၁၁) လနီးပါး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြတယ်။ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိင်သည့်အထိ ဆောင်ရွက်နေပြီဖြစ်တယ်” ဟု Pu K.Vanlalvena က ပြောသည်။

ထို့ကြောင့် ဒီမိုကရေစီလိုလားသော အိမ်နီးချင်း မြန်မာပြည်သူများအား ကူညီပံ့ပိုးခြင်းသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယဗဟိုအစိုးရမှမဖြစ်မနေဆောင်ရွက်ရမည့်တာဝန်တရပ်ဖြစ်သည်ဟု Pu K.Vanlalven ကပြောသည်။

မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူများတချို့မှာ ဆွေမျိုးမိသားစုအိမ်မှာ နေထိုင်ကြပြီး တချို ့မွာ မီဇိုရမ်အစိုးရနှင့် NGO အဖွဲ့အစည်းပူးပေါင်းကာ မီဇိုရမ်ပြည်နယ်အသီးသီးရှိ ရွာပေါင်း (၁၅) ရွာမှာ တည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.