• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဓမ္မဘက်မှာရပ်တည်ရန် အချိန်နောက်ကျသည်ဟူ၍မရှိဘဲ ပြည်သူ့ဘက်ရပ်တည်ပြီး CDM လုပ်ကျရန် တောင်းဆို

ဓမ္မဘက်မှာရပ်တည်ရန် အချိန်နောက်ကျသည်ဟူ၍မရှိဘဲ ပြည်သူ့ဘက်ရပ်တည်ပြီး CDM လုပ်ကျရန် တောင်းဆို

0
By Editor on February 14, 2022 Headline

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအား အလုပ်အကျွေးပြုခြင်းကို ရပ်တန့်ကာ ဓမ္မဘက်မှာရပ်တည်ရန် အချိန်နောက်ကျသည်ဟူ၍မရှိဘဲ ပြည်သူဘက်ရပ်တည်ပြီး CDM လုပ်ကျရန် အိန္ဒိယနိုင်ငံရောက် မြန်မာများက တောင်းဆိုခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် ပြည်ထောင်စုနေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသို့ အိန္ဒိယနိုင်ငံရောက် India for Myanmar အဖွဲ့က အိတ်ဖွင့်စာပေး ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြည်သူ့ဘက်ရပ်တည်ရန် နှိုးဆော်တိုက်တွန်းမှုများအား ဥပေက္ခာပြုပါက အိန္ဒိယနိုင်ငံရောက် မြန်မာများအနေဖြင့် ပြင်းထန်သောဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က ပြောသည်။

“အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီဆက်ဆံရေးဖြတ်တောက်နိုင်ရေးမှာ အဓိကပါဝင်တဲ့ သံတမန်ရေးရာဖြတ်တောက်ရေးမှာ သံရုံးဝန်ထမ်းတွေအနေနဲ့ CDM လုပ်တယ်ဆိုရင် အရမ်းထိရောက်မှုရှိမယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ဒီ အိတ်ဖွင့်စာကိုလည်း ပေးရခြင်းဖြစ်တယ်။” ဟု ဆလိုင်းဒိုခါရ်ကပြောသည်။

ဒီလိုအိတ်ဖွင့်ပေးစာ ပေးလိုက်သည့်အပေါ် မြန်မာသံရုံးဘက်က ပူးပေါင်းလာခြင်းမရှိပါက တတ်နိုင်သည့်နည်းလမ်းဖြင့် သံရုံးကို ဆက်လက်ဖိအားပေးသွားမည်ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.