• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»နတ်ချောင်းကျေးရွာတိုက်ပွဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်၊ လူနေအိမ်များကိုလည်း မီးရှို့

နတ်ချောင်းကျေးရွာတိုက်ပွဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်၊ လူနေအိမ်များကိုလည်း မီးရှို့

0
By Editor on December 24, 2021 Khonumthung

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါ်လမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာတွင် ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကို မီးရခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်ကစ၍ နတ်ချောင်း ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ပ.က.ဖ)၊ CNDF ၊ PDF-Kalay ပူးပေါင်းတို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ မွန်းလွဲပိုင်းတွင် Mi35 အမျိုး အစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြုကာလေကြောင်းမှ တဆင့်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့သည်ဟု CNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ စဖြစ်တာက အ.ထ.က ကျောင်းနားမှာ၊ ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဖက်ကေ တာ့ စနှိုက်ပါနဲ့ ၁ယောက်ကျတယ်။ နောက် ၁ယောက်ထပ်ကျတယ် နှစ်ယောက်ကျ တယ်လို့သိရ တယ်။ လောလောဆယ်အထိ။ သူတိို့ကတော့ ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဆက်တိုက်ပ စ်နေ တာတော့ရှိတယ်။ ” CNDF တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်ကစပြီး နတ်ချောင်းကျေးရွာရှိ လူနေအိမ်များ ကိုမီးရှို့ခဲ့ကြပြီး ရွာထဲ တွင်ပိတ်မိနေသော ပြည်သူများလည်းရှိသည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က နတ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသား (၃) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ယနေ့ တွင်လည်း နတ်ချောင်းစာသင်ကျောင်းရှေ့ဆိုင်ကယ်ဖြစ်ဖြတ်မောင်းသော အမျိုးသမီးတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု Voice oF Kalay သတင်းက ရေးသားဖော်ပြ ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.