Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နတ်ချောင်းကျေးရွာတိုက်ပွဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်၊ လူနေအိမ်များကိုလည်း မီးရှို့

နတ်ချောင်းကျေးရွာတိုက်ပွဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်၊ လူနေအိမ်များကိုလည်း မီးရှို့

0
By Editor on December 24, 2021 Khonumthung

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါ်လမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာတွင် ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကို မီးရခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်ကစ၍ နတ်ချောင်း ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ပ.က.ဖ)၊ CNDF ၊ PDF-Kalay ပူးပေါင်းတို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ မွန်းလွဲပိုင်းတွင် Mi35 အမျိုး အစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြုကာလေကြောင်းမှ တဆင့်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့သည်ဟု CNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ စဖြစ်တာက အ.ထ.က ကျောင်းနားမှာ၊ ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဖက်ကေ တာ့ စနှိုက်ပါနဲ့ ၁ယောက်ကျတယ်။ နောက် ၁ယောက်ထပ်ကျတယ် နှစ်ယောက်ကျ တယ်လို့သိရ တယ်။ လောလောဆယ်အထိ။ သူတိို့ကတော့ ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဆက်တိုက်ပ စ်နေ တာတော့ရှိတယ်။ ” CNDF တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်ကစပြီး နတ်ချောင်းကျေးရွာရှိ လူနေအိမ်များ ကိုမီးရှို့ခဲ့ကြပြီး ရွာထဲ တွင်ပိတ်မိနေသော ပြည်သူများလည်းရှိသည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က နတ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသား (၃) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ယနေ့ တွင်လည်း နတ်ချောင်းစာသင်ကျောင်းရှေ့ဆိုင်ကယ်ဖြစ်ဖြတ်မောင်းသော အမျိုးသမီးတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု Voice oF Kalay သတင်းက ရေးသားဖော်ပြ ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.