• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးအခြေအကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများရှိပါက အတတ်နိုင်ဆုံး ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

နိုင်ငံရေးအခြေအကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများရှိပါက အတတ်နိုင်ဆုံး ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

0
By Editor on February 25, 2021 Headline
#Unicode
ရစ်ချက် – မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သူများရှိပါက မီဇိုရမ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။
အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကျင်းပသည့် (၈) ကြိမ်မြောက် Assembly Budget Session လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မြန်မာပြည်သားများဟာ အနယ်နယ်အရပ်ရပ်ကို ထွက်ပြေး တိမ်းရှောင်နေမှာကို ကျနော်တို့ အထူးစိုးရိမ်တယ်။ အကယ်၍ မြန်မာပြည်သားများအနေနဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိရင်တော့ မီဇိုရမ်အစိုးရအနေနဲကက နွေးထွေးစွာလက်ခံမယ် အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်သွားမယ်” လို့ ပြောသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြည်သူ့အစိုးရကို တပ်မတော်က အဓမ္မအာဏာသိမ်းယူခဲ့သည့်အပေါ် ကျွန်ုပ်တို့အထူးဝမ်းနည်းကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ ပြန်လည်ရရှိနိုင်ရေးအတွက် အထူးလိုလားကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ယခုလို ဆက်ပြောပါသည်။
“မြန်မာနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မီဇိုရမ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိပါက မီဇိုရမ်အစိုးရ အနေနဲ့က တတ်နိုင်တဲ့ဖက်ကနေ ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပြီဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယ ဗဟိုအစိုးရကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မီဇိုရမ်အစိုးရအနေဖြင့် တိုက်တွန်း တောင်းဆိုသွားမယ်” လို့ ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံကို စစ်တပ်မှအာဏာသိမ်းလိုက်သည့်နေ့ကစပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်သားများ လာရောက်ခိုလုံမှုများရှိလာနိုင်သည်ဟုဆိုကာ မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မီဇိုရမ်ပြည်နယ် အင်အားကြီးမားသော ဒေသခံ NGO အသီးသီးများဖြစ်ကြသည့် Central Young Mizo Association, Mizo Zirlai Pawl, ZoRo, MHIP, MUP နှင့် မီဇိုရမ်ရောက် မြန်မာနိုင်ငံသား စုပေါင်း ဖွဲ့စည်းထားသော NGO United for Democratic Myanmar အဖွဲ့တို့ကလည်း မီဇိုရမ်အစိုးရကို တောင်ဆိုခဲ့သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံတြင္ တပ္မေတာ္က စစ္အာဏာသိမ္းယူလိုက္ၿပီးေနာက္ ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈမ်ားေၾကာင့္ နယ္စပ္မွတဆင့္ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႕ ျမန္မာႏိုင္ငံသားမ်ား ထြက္ေျပးတိမ္းေရွာင္သူမ်ားရွိပါက မီဇိုရမ္ အစိုးရအေနျဖင့္ အတတ္ႏိုင္ဆံုး လက္ခံကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ေျပာသည္။
အဆိုပါကိစၥကို မီဇိုရမ္ျပည္နယ္တြင္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႕မွစတင္က်င္းပသည့္ (၈) ႀကိမ္ေျမာက္ Assembly Budget Session လြတ္ေတာ္အစည္းအေဝးတြင္ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ခုလို ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
“ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈေၾကာင့္ ျမန္မာျပည္သားမ်ားဟာ အနယ္နယ္အရပ္ရပ္ကို ထြက္ေျပး တိမ္းေရွာင္ေနမွာကို က်ေနာ္တို႕ အထူးစိုးရိမ္တယ္။ အကယ္၍ ျမန္မာျပည္သားမ်ားအေနနဲ႕ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္လာသူမ်ားရွိရင္ေတာ့ မီဇိုရမ္အစိုးရအေနနဲကက ေႏြးေထြးစြာလက္ခံမယ္ အတတ္ႏိုင္ဆံုး ကူညီ ေဆာင္ရြက္သြားမယ္” လို႕ ေျပာသည္။
အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ ျမန္မာႏိုင္ငံတြင္ ျပည္သူ႕အစိုးရကို တပ္မေတာ္က အဓမၼအာဏာသိမ္းယူခဲ့သည့္အေပၚ ကြ်ႏ္ုပ္တို႕အထူးဝမ္းနည္းေၾကာင္း၊ မီဇိုရမ္အစိုးရအေနျဖင့္ ျမန္မာႏုိင္ငံတြင္ စစ္မွန္ေသာဒီမိုကေရစီ ျပန္လည္ရရွိႏိုင္ေရး အတြက္ အထူးလိုလားေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ယခုလို ဆက္ေျပာပါသည္။
“ျမန္မာႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈေၾကာင့္ မီဇိုရမ္ကို ထြက္ေျပးတိမ္းေရွာင္လာသူမ်ားရွိပါက မီဇိုရမ္အစိုးရ အေနနဲ႕က တတ္ႏိုင္တဲ့ဖက္ကေန ကူညီေဆာင္ရြက္သြားဖို႕ အဆင္သင့္ရွိေနၿပီျဖစ္တယ္။ ဒါ့အျပင္ အိႏိၵယ ဗဟိုအစိုးရကိုလည္း အတတ္ႏိုင္ဆံုး ကူညီေဆာင္ရြက္သြားဖို႕ မီဇိုရမ္အစိုးရအေနျဖင့္ တိုက္တြန္း ေတာင္းဆိုသြားမယ္” လို႕ ေျပာသည္။
ေဖေဖာ္ဝါရီ ၁ ရက္ေန႕က ျမန္မာႏိုင္ငံကို စစ္တပ္မွအာဏာသိမ္းလိုက္သည့္ေန႕ကစၿပီး မီဇိုရမ္ျပည္နယ္အတြင္း ျမန္မာျပည္သားမ်ား လာေရာက္ခိုလံုမႈမ်ားရွိလာႏိုင္သည္ဟုဆိုကာ မီဇိုရမ္အစိုးရအေနျဖင့္ လက္ခံၿပီး အတတ္ႏိုင္ဆံုး ကူညီေဆာင္ရြက္သြားဖို႕ မီဇိုရမ္ျပည္နယ္ အင္အားႀကီးမားေသာ ေဒသခံ NGO အသီးသီးမ်ားျဖစ္ၾကသည့္ Central Young Mizo Association, Mizo Zirlai Pawl, ZoRo, MHIP, MUP ႏွင့္ မီဇိုရမ္ေရာက္ ျမန္မာႏိုင္ငံသား စုေပါင္း ဖြဲ႕စည္းထားေသာ NGO United for Democratic Myanmar အဖြဲ႕တို႕ကလည္း မီဇိုရမ္အစိုးရကို ေတာင္ဆိုခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.