• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္ဝျမဳိ႕တြင္ ကိုဗစ္ပုိးေတြ႔လူနာ (၄) ဦးရွိျပီး ေဆးရံုသံုးပစၥည္းမလံုေလာက္မႈေၾကာင့္ အခက္အခဲၾကံဳေနရ

ပလက္ဝျမဳိ႕တြင္ ကိုဗစ္ပုိးေတြ႔လူနာ (၄) ဦးရွိျပီး ေဆးရံုသံုးပစၥည္းမလံုေလာက္မႈေၾကာင့္ အခက္အခဲၾကံဳေနရ

0
By Editor on November 19, 2020 Headline

#Unicode

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ရန်ကုန်မြို့မှ နေရပ်ပြန် ကျောင်းသား (၄) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ကိုဗစ်ရောဂါကာကွယ်နိုင်ရန်အတွက်အခက်အခဲနှင့် ကြုံနေရကြောင်း ပလက်ဝမြို့ အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာကပြောသည်။

“သူတို ့(၄)ယောက်က ဒီမှာရောက်တော့ Facility Quarantine ကို မြို့မမှုလွန်ကျောင်းမှာထား လိုက်တယ်။ ရောက်ရောက်ချင်း ရောဂါလက္ခာစစ်ဆေးတော့မတွေ့ဘူး ရန်ကုန်ပြန်ဆိုတော့ကွာရန်တင်းထားတယ်။ဒီနေ့ (၃) ရက်မြောက်နေ့မှာထပ်စစ်တော့ ဒီမနက်ကျမှ ပိုးတွေ့တာ၊သူတို့ကကျောင်းသားတွေပါ။ ပိုးတွေ့လူနာရှိလာတော့ အခက်ခဲတွေကရှိတာပေါ့ ကျွန်တော်တို့စီမှာ ကုတင်တွေလည်းမရှိဘူး ကျန်းမာရေးဌာနကရသေ လာက်ယူတယ်၊ ပြီးတော့လူငယ်သင်တန်းကျောင်း န.တ.လ ကကျောင်းကပိတ်ထားတော့ သူတို့စီက ငှားရတယ်၊ စာသင်ကျောင်းမှာက ရေ၊မီး၊ အိမ်သာ၊ရေချိုးခန်း၊ တို့အပြည့်အစုံမရှိတော့ယာယီပြန်လုပ်ရ တာပေါ့၊” ဟု ဦးအောင်လောဟာကပြောသည်။

အဆိုပါကျောင်းသား (၄) ဦးမှာ ပလက်ဝမြို့၊မြို့မရပ်ကွက်တွင် နေထိုင်ကြသော သူများဖြစ်ကြပြီး လက်ရှိတွင် ပလက်ဝမြို့ ပြည်သူ့ဆေးရုံနှင့်အနီးဆုံးဖြစ်သောနိုင်တင်းဂေးခန်းမအဆောင်တွင်ဆေး ကုသမှုခံယူနေကြောင်း သိရှိရသည်။ပလက်ဝမြို့ပေါ်တွင် လမ်းကြောင်းများ ပိတ်ထားသဖြင့် ဒီဇယ်ဆီမလုံလောက်မှုကြောင့် တရက်လျှင်လျှပ်စစ်မီး (၃) နာရီခန့်သာ ဖြန့်ဖြူးပေးနိုင်သည့်ကာလတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုရှိလာသောကြောင့် ဆေးကုသရာတွင် အခက်အခဲရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဗစ်တွေ့လူနာ များနှင့် ကွာရန်တင်းဝင်သူများထားရှိနိုင်ရန်အတွက်ကွာရန်တင်းစင်တာများ ကြိုတင်ပြင်ဆင်မှု၊ နေထိုင်စားသောက်ရေးအပိုင်းများပြင်ဆင်မှုတွေတွင်အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၎င်းက ဆက်ပြောသည်။

“စားရေးသောက်ရေးကလည်း ကျွန်တော်တို့ပြည်နယ်အစိုးရကိုပြန်တင်ပြရတယ်၊လူတ ယာက်ကိုတရက် (၃၅၀ဝ) နဲ့ပေးတယ်၊ကျွန်တော်တို့စီမှာတော့ ထမင်းဆိုင်မှာဈေးအသက်တာဆုံး တနပ်ကို(၂၀ဝ၀)နဲ့လူတစ်ယောက်က တရက်၂ခါစားရင် (၄၀ဝ၀) ကျတယ်ဆိုတော့ ကိုယ်က (၅၀ဝ) ပြန်စိုက်ရတယ်တရေစာတွေကမပါသေးဘူး၊” ဟု ပလက်ဝမြို့ အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာ ကပြောသည်။

ပလက်ဝမြို့တွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု့ရှိလာသည့်အတွက် မြို့ပေါ်နေပြည်သူများသည် စိုးရိမ်ပူပန်မှု နှင့်ထိတ်လန့်မှု့များရှိသည့်အပြင် ကိုဗစ်ဖြစ်ပွားသော နေရပ်မှပြန်လာသူများကို လက်မခံစေချင်ကြောင်း ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။

“ကိုဗစ်တွေ့တယ်လို့သတင်းရတော့ အကုန်လုံးထိတ်လန့်ကုန်တာပေါ့ ၊အားလုံးကကြောက် နေကြတယ်။ ဈေးဆိုင်တွေကလည်း ပိတ်ကြပြီ စားကုန်သောက်ကုန်တွေလည်းဘယ်လို လုပ်ကြမလဲစိုးရိမ်ကြတာပေါ့၊ လမ်းကလည်းမဖွင့်ပေမယ့်ဒီကိုဗစ်ဖြစ်တဲ့နေရာကနေလာတယ်ဆိုတော့ကျွန်မတို့က မလာရင်ပိုကောင်းမှာဆိုပြီး ပြည်သူတွေဆွေးနွေးတိုင်ပင်တာတွေရှိကြတယ်” ဟု မအောင်မဖြူကပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် လက်ရှိတွင်ကိုဗစ်ပိုးတွေ့လူနာ (၄) ဦးရှိပြီး ကွာရန်းတင်း ဝင်သူ (၃၁) ဦးရှိပြီး လက်ရှိကွာရန်တင်းဝင်ရောက်သူများမှာ ရှမ်းပြည်နယ် မူဆယ်၊ စစ်တွေ၊ ကျောက်တော် မှ ရောက်ရှိလာသူများ ဖြစ်ကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပုိင္း၊ ပလက္ဝျမဳိ႕တြင္ ရန္ကုန္ျမဳိ႕မွ ေနရပ္ျပန္ ေက်ာင္းသား (၄) ဦးထံတြင္ ကုိဗစ္-၁၉ ပုိးေတြ႔ရွိျပီး ကုိဗစ္ေရာဂါကာကြယ္ႏုိင္ရန္အတြက္အခက္အခဲႏွင့္ ၾကဳံေနရေၾကာင္း ပလက္ဝျမဳိ႕ အုပ္ခ်ဳပ္ေရးမႈး ဦးေအာင္ေလာဟာကေျပာသည္။

“သူတုိ ႔(၄)ေယာက္က ဒီမွာေရာက္ေတာ့ Facility Quarantine ကုိ ျမဳိ႕မမႈလြန္ေက်ာင္းမွာထား လုိက္တယ္။ ေရာက္ေရာက္ခ်င္း ေရာဂါလကၡာစစ္ေဆးေတာ့မေတြ႔ဘူး ရန္ကုန္ျပန္ဆုိေတာ့ကြာရန္တင္းထားတယ္။ဒီေန႔ (၃) ရက္ေျမာက္ေန႔မွာထပ္စစ္ေတာ့ ဒီမနက္က်မွ ပုိးေတြ႔တာ၊သူတုိ႔ကေက်ာင္းသားေတြပါ။ ပိုးေတြ႕လူနာရွိလာေတာ့ အခက္ခဲေတြကရွိတာေပါ့ ကြ်န္ေတာ္တုိ႔စီမွာ ကုတင္ေတြလည္းမရွိဘူး က်န္းမာေရးဌာနကရသေ လာက္ယူတယ္၊ ျပီးေတာ့လူငယ္သင္တန္းေက်ာင္း န.တ.လ ကေက်ာင္းကပိတ္ထားေတာ့ သူတုိ႔စီက ငွားရတယ္၊ စာသင္ေက်ာင္းမွာက ေရ၊မီး၊ အိမ္သာ၊ေရခ်ဳိးခန္း၊ တုိ႔အျပည့္အစုံမရွိေတာ့ယာယီျပန္လုပ္ရ တာေပါ့၊” ဟု ဦးေအာင္ေလာဟာကေျပာသည္။

အဆုိပါေက်ာင္းသား (၄) ဦးမွာ ပလက္ဝျမဳိ႕၊ျမဳိ႕မရပ္ကြက္တြင္ ေနထုိင္ၾကေသာ သူမ်ားျဖစ္ၾကျပီး လက္ရွိတြင္ ပလက္ဝျမဳိ႕ ျပည္သူ႔ေဆးရုံနွင့္အနီးဆုံးျဖစ္ေသာႏုိင္တင္းေဂးခန္းမအေဆာင္တြင္ေဆး ကုသမႈခံယူေနေၾကာင္း သိရွိရသည္။ပလက္ဝျမဳိ႕ေပၚတြင္ လမ္းေၾကာင္းမ်ား ပိတ္ထားသျဖင့္ ဒီဇယ္ဆီမလုံေလာက္မႈေၾကာင့္ တရက္လ်ွင္လ်ွပ္စစ္မီး (၃) နာရီခန္႔သာ ျဖန္႔ျဖဴးေပးႏုိင္သည့္ကာလတြင္ ကုိဗစ္နုိင္တင္းေရာဂါပုိးေတြ႔ရွိမႈရွိလာေသာေၾကာင့္ ေဆးကုသရာတြင္ အခက္အခဲရွိႏိုင္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ကုိဗစ္ေတြ႔လူနာ မ်ားႏွင့္ ကြာရန္္တင္းဝင္သူမ်ားထားရွိႏိုင္ရန္အတြက္ကြာရန္တင္းစင္တာမ်ား ၾကဳိတင္ျပင္ဆင္မႈ၊ ေနထုိင္စားေသာက္ေရးအပုိင္းမ်ားျပင္ဆင္မႈေတြတြင္အခက္ခဲႏွင့္ ရင္ဆုိင္ၾကဳံေတြ႔ေနရေၾကာင္း၎က ဆက္ေျပာသည္။

“စားေရးေသာက္ေရးကလည္း ကြ်န္ေတာ္တုိ႔ျပည္နယ္အစုိးရကုိျပန္တင္ျပရတယ္၊လူတ ယာက္ကုိတရက္ (၃၅၀၀) နဲ႔ေပးတယ္၊ကြ်န္ေတာ္တုိ႔စီမွာေတာ့ ထမင္းဆုိင္မွာေစ်းအသက္တာဆုံး တနပ္ကုိ(၂၀၀၀)နဲ႔လူတစ္ေယာက္က တရက္၂ခါစားရင္ (၄၀၀၀) က်တယ္ဆုိေတာ့ ကုိယ္က (၅၀၀) ျပန္စုိက္ရတယ္တေရစာေတြကမပါေသးဘူး၊” ဟု ပလက္ဝျမဳိ႕ အုပ္ခ်ဳပ္ေရးမႈး ဦးေအာင္ေလာဟာ ကေျပာသည္။

ပလက္ဝျမဳိ႕တြင္ ကိုဗစ္ႏုိင္တင္းေရာဂါကူးစက္မႈ႔ရွိလာသည့္အတြက္ ျမဳိ႕ေပၚေနျပည္သူမ်ားသည္ စုိးရိမ္ပူပန္မႈ ႏွင့္ထိတ္လန္႔မႈ႔မ်ားရွိသည့္အျပင္ ကုိဗစ္ျဖစ္ပြားေသာ ေနရပ္မွျပန္လာသူမ်ားကို လက္မခံေစခ်င္ေၾကာင္း ပလက္ဝျမဳိ႕ေဒသခံ ဆရာမေအာင္မျဖဴကေျပာသည္။

“ကုိဗစ္ေတြ႔တယ္လုိ႔သတင္းရေတာ့ အကုန္လုံးထိတ္လန္႔ကုန္တာေပါ့ ၊အားလုံးကေၾကာက္ ေနၾကတယ္။ ေစ်းဆုိင္ေတြကလည္း ပိတ္ၾကျပီ စားကုန္ေသာက္ကုန္ေတြလည္းဘယ္လုိ လုပ္ၾကမလဲစုိးရိမ္ၾကတာေပါ့၊ လမ္းကလည္းမဖြင့္ေပမယ့္ဒီကုိဗစ္ျဖစ္တဲ့ေနရာကေနလာတယ္ဆုိေတာ့ကြ်န္မတုိ႔က မလာရင္ပုိေကာင္းမွာဆုိျပီး ျပည္သူေတြေဆြးေႏြးတုိင္ပင္တာေတြရွိၾကတယ္” ဟု မေအာင္မျဖဴကေျပာသည္။

ခ်င္းျပည္နယ္ေတာင္ပုိင္း၊ ပလက္ဝျမဳိ႕တြင္ လက္ရွိတြင္ကုိဗစ္ပုိးေတြ႔လူနာ (၄) ဦးရွိျပီး ကြာရန္းတင္း ဝင္သူ (၃၁) ဦးရွိၿပီး လက္ရွိကြာရန္တင္းဝင္ေရာက္သူမ်ားမွာ ရွမ္းျပည္နယ္္ မူဆယ္၊ စစ္ေတြ၊ ေက်ာက္ေတာ္ မွ ေရာက္ရွိလာသူမ်ား ျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.