Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝ စစ္ေရွာင္ျပည္သူမ်ားအတြက္ ေစာင္ႏွင့္အေႏြးအထည္မ်ားကူညီပံ့ပိုးေပးၾကရန္ နယ္ခံလႊတ္ေတာ္ကိုယ္စားလွယ္ ေတာင္းဆို

ပလက္ဝ စစ္ေရွာင္ျပည္သူမ်ားအတြက္ ေစာင္ႏွင့္အေႏြးအထည္မ်ားကူညီပံ့ပိုးေပးၾကရန္ နယ္ခံလႊတ္ေတာ္ကိုယ္စားလွယ္ ေတာင္းဆို

0
By Editor on November 16, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဆောင်းရာသီကာလအတွင်း စောင်နှင့်အနွေး အထည်များလုံလောက်မှုမရှိသည့်အတွက် ကူညီပံ့ပိုးပေးကြရန် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က တောင်းဆိုလိုက်သည်။

“ကျနော်တို့ ပလက်ဝနဲ့ ဆမီးက ချင်းပြည်နယ်မှာဆိုရင် ခက်ခဲတဲ့နေရာလို့ပြောလို့ရတယ်၊ ပူတဲ့အချိန်မှာဆို အရမ်းပူပြီးတော့၊ အေးတဲ့အချိန်မှာဆိုအရမ်းအေးတယ်၊ အခုနိုဝင်ဘာလဆိုရင် ဆောင်းရာသီအဝင်ဆိုတော့ နည်းနည်းအေးလာပြီ၊ အထူးသဖြင့် တိုက်ပွဲရှောင်တွေကတော့ ဒီတိုင်းထွက်ပြေးလာကြတဲ့သူတွေဖြစ်တယ်၊ နွေရာသီတို့ မိုးရာသီတို့ကတော့ ပြသနာမရှိဘူး၊ ခုဆောင်းရာသီမှာဆိုရင် အဓိကတော့ စောင်ပေါ့၊ တစ်ချို့အလှူရှင်တွေကတော့ လှူမယ်ဆိုပြီးကတိပေးထားတာတော့ရှိတယ်၊ ဒါပေမယ့်လူဦးရေကများတော့ လိုအပ်နေသေးတယ်ဆိုတာသေချာတယ်”ဟု ဆလိုင်းမျိုးထိုက်ပြောသည်။

ပလက်ဝမြို့နှင့်ဆမီးမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် လူဉီးရေ ၁ သောင်းကျော်ရှိပြီး အိမ်ထောင်စုအနေဖြင့် ၂၀၀၀ ကျော်ရှိသဖြင့် တစ်အိမ်ထောင်စုတွင် စောင် ၁ ထည်နှုန်းဖြင့် တွက်မည်ဆိုပါက စောင်အရေအတွက် ၂၀၀၀ ကျော်လိုအပ်ချက်ရှိနေပြီး မိသားစုဝင်တိုင်း စောင်လုံလုံလောက်လောက် ရရှိနိုင်ရန် အခက်အခဲရှိနေကြောင်း ဆလိုင်းမျိုးထိုက်ကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များ လှူဒါန်းထားသူအချို့ရှိပြီး စစ်ဘေးရှောင်များထံရောက်ရှိနိုင်ရန် ပို့ဆောင်ပေးနေပြီး နိုဝင်ဘာလမကုန်ခင် စစ်ဘေးရှောင်များအားလုံး လွှမ်းခြုံကာ ကူညီပံ့ပိုးနိုင်ရန် လိုအပ်နေကြောင်း သိရသည်။

“ခုလက်တလောက တစ်ခြား စားဝတ်နေရေးထက် အရေးကြီးတဲ့အပိုင်းကတော့ အဝတ်အစားတွေဖြစ်နေတယ်၊ အဲဒါကြောင့် ဖိနပ်လေးတွေကအစ ဆောင်းမှာဝတ်လို့ရတဲ့ဖိနပ်တွေ၊ ဆောင်းမှာဝတ်လို့ရတဲ့ အဝတ်အထည်တွေ၊ ပြီးတော့ အဓိကတော့ ညအိပ်လို့ အေးရင် ခြုံဖို့စောင်လိုအပ်နေတယ်၊ အဲဒါတွေကို နိုဝင်ဘာအတွင်းမှာ တိုက်ပွဲရှောင်အားလုံး လွှမ်းခြုံနိုင်ဖို့လိုတယ်၊ အဲဒါကြောင့် နိုဝင်ဘာမကုန်ခင်မှာ စောင်နဲ့အဝတ်အထည်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်၊ အလှူရှင်တွေအနေနဲ့လည်း ဆက်လက်ပြီးတော့ ကူညီပေးဖို့တောင်းဆိုချ င်ပါတယ်”ဟု ဆလိုင်းမျိုးထိုက်ကပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် စောင်နှင့်အဝတ်အထည်များကို အလှူခံပေးထားပြီး ယခုရက်ပိုင်းအတွင်း ပို့ဆောင်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဉီးစိုးထက်ကပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ ေဆာင္းရာသီကာလအတြင္း ေစာင္ႏွင့္အေႏြး အထည္မ်ားလုံေလာက္မႈမရွိသည့္အတြက္ ကူညီပံ့ပိုးေပးၾကရန္ ပလက္ဝၿမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က ေတာင္းဆိုလိုက္သည္။ 

“က်ေနာ္တို႔ ပလက္ဝနဲ႔ ဆမီးက ခ်င္းျပည္နယ္မွာဆိုရင္ ခက္ခဲတဲ့ေနရာလို႔ေျပာလို႔ရတယ္၊ ပူတဲ့အခ်ိန္မွာဆို အရမ္းပူၿပီးေတာ့၊ ေအးတဲ့အခ်ိန္မွာဆိုအရမ္းေအးတယ္၊ အခုနိုဝင္ဘာလဆိုရင္ ေဆာင္းရာသီအဝင္ဆိုေတာ့ နည္းနည္းေအးလာၿပီ၊ အထူးသျဖင့္ တိုက္ပြဲေရွာင္ေတြကေတာ့ ဒီတိုင္းထြက္ေျပးလာၾကတဲ့သူေတြျဖစ္တယ္၊ ေႏြရာသီတို႔ မိုးရာသီတို႔ကေတာ့ ျပသနာမရွိဘူး၊ ခုေဆာင္းရာသီမွာဆိုရင္ အဓိကေတာ့ ေစာင္ေပါ့၊ တစ္ခ်ိဳ႕အလႉရွင္ေတြကေတာ့ လႉမယ္ဆိုၿပီးကတိေပးထားတာေတာ့ရွိတယ္၊ ဒါေပမယ့္လူဦးေရကမ်ားေတာ့ လိုအပ္ေနေသးတယ္ဆိုတာေသခ်ာတယ္”ဟု ဆလိုင္းမ်ိဳးထိုက္ေျပာသည္။

ပလက္ဝၿမိဳ႕ႏွင့္ဆမီးၿမိဳ႕ေပၚရွိ စစ္ေရွာင္စခန္းမ်ားတြင္ လူဉီးေရ ၁ ေသာင္းေက်ာ္ရွိၿပီး အိမ္ေထာင္စုအေနျဖင့္ ၂၀၀၀ ေက်ာ္ရွိသျဖင့္ တစ္အိမ္ေထာင္စုတြင္ ေစာင္ ၁ ထည္ႏႈန္းျဖင့္ တြက္မည္ဆိုပါက ေစာင္အေရအတြက္ ၂၀၀၀ ေက်ာ္လိုအပ္ခ်က္ရွိေနၿပီး မိသားစုဝင္တိုင္း ေစာင္လုံလုံေလာက္ေလာက္ ရရွိနိုင္ရန္ အခက္အခဲရွိေနေၾကာင္း ဆလိုင္းမ်ိဳးထိုက္ကေျပာသည္။

လက္ရွိတြင္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ေစာင္ႏွင့္အေႏြးအထည္မ်ား လႉဒါန္းထားသူအခ်ိဳ႕ရွိၿပီး စစ္ေဘးေရွာင္မ်ားထံေရာက္ရွိနိုင္ရန္ ပို႔ေဆာင္ေပးေနၿပီး နိုဝင္ဘာလမကုန္ခင္ စစ္ေဘးေရွာင္မ်ားအားလုံး လႊမ္းျခံဳကာ ကူညီပံ့ပိုးႏိုင္ရန္ လိုအပ္ေနေၾကာင္း သိရသည္။

“ခုလက္တေလာက တစ္ျခား စားဝတ္ေနေရးထက္ အေရးႀကီးတဲ့အပိုင္းကေတာ့ အဝတ္အစားေတြျဖစ္ေနတယ္၊ အဲဒါေၾကာင့္ ဖိနပ္ေလးေတြကအစ ေဆာင္းမွာဝတ္လို႔ရတဲ့ဖိနပ္ေတြ၊ ေဆာင္းမွာဝတ္လို႔ရတဲ့ အဝတ္အထည္ေတြ၊ ၿပီးေတာ့ အဓိကေတာ့ ညအိပ္လို႔ ေအးရင္ ျခဳံဖို႔ေစာင္လိုအပ္ေနတယ္၊ အဲဒါေတြကို နိုဝင္ဘာအတြင္းမွာ တိုက္ပြဲေရွာင္အားလုံး လႊမ္းျခဳံနိုင္ဖို႔လိုတယ္၊ အဲဒါေၾကာင့္ နိုဝင္ဘာမကုန္ခင္မွာ ေစာင္နဲ႔အဝတ္အထည္ေတြ လုံလုံေလာက္ေလာက္ရနိုင္ဖို႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အဆင္သင့္ရွိပါတယ္၊ အလႉရွင္ေတြအေနနဲ႔လည္း ဆက္လက္ၿပီးေတာ့ ကူညီေပးဖို႔ေတာင္းဆိုခ် င္ပါတယ္”ဟု ဆလိုင္းမ်ိဳးထိုက္ကေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ေစာင္ႏွင့္အဝတ္အထည္မ်ားကို အလႉခံေပးထားၿပီး ယခုရက္ပိုင္းအတြင္း ပို႔ေဆာင္နိုင္ရန္လည္း စီစဥ္ေဆာင္ရြက္ေနေၾကာင္း ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ ဉီးစိုးထက္ကေျပာသည္။

တမ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ယခုလက္ရွိ ပလက္ဝၿမိဳ႕ေပၚစစ္ေဘးေရွာင္စခန္းတြင္ လူဦးေရ (၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕ေပၚ စစ္ေဘးေရွာင္စခန္းတြင္ လူဦးေရ ၃၃၀၀ ေက်ာ္၊ မီးဇာေက်းရြာစစ္ေဘးေရွာင္စခန္းတြင္လူဦးေရ (၅၀၀) ေက်ာ္၊ စိမ့္စင္းေက်းရြာတြင္ လူဦးေရ ၂၀၀ ေက်ာ္ရွိၿပီး စုစုေပါင္း စစ္ေဘးေရွာင္ျပည္သူတစ္ေသာင္းနီးပါးခန႔္ရွိေၾကာင္းသိရသည္။ 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.