• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပလက္၀ေရြးေကာက္ပြဲ ျပည္သူ႔ဆႏၵထင္ဟပ္ႏိုင္မည္မဟုတ္ဟု ေလ့လာသူမ်ားေ၀ဖန္

ပလက္၀ေရြးေကာက္ပြဲ ျပည္သူ႔ဆႏၵထင္ဟပ္ႏိုင္မည္မဟုတ္ဟု ေလ့လာသူမ်ားေ၀ဖန္

0
By Editor on October 30, 2020 Khonumthung

#Unicode

By Benezer – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ရွေးကောက်ပွဲမကျင်းပရန်ကြေညာလိုက်သည့်အတွက် ပလက်ဝမြ်ို့နယ်၏ အထွေထွေရွေးကောက်ပွဲသည် ပြည်သူ တရပ်လုံး၏ ဆန္ဒထင်ဟပ်နိ်ုင်မည်ဟုတ်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ဝေဖန်လိုက်ကြသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ၁၀၀ ရှိတဲ့ထဲမှာ ၉၄ ခုလောက်ကဖျက်ပြီးတော့ နည်းနည်းပဲလုပ်တယ်ဆိုတာက ပြည်သူလူ ထုရဲ့ဆန္ဒကိုမထင်ဟပ်တော့ဘူး၊ ရာခိုင်နှုန်း အင်မတန်နည်းတဲ့ နေရာလောက်ဘဲ ရွေးကောက်ပွဲလုပ်တယ် ဆိုလို့ရှိရင် တစ်နယ်လုံးရဲ့ ဆန္ဒကို ထင်ဟပ်မှုရှိလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သွားတာပေါ့၊ အဓိကတော့ ပြည်သူတွေရဲ့ Right to Vote ဆုံးရှုံးသွားတာပေါ့၊ ပြည်သူလူထုရဲ့ Power Distribution က ရွေးကောက်ပွဲကနေသွားတာဆိုတော့ အများစုက မဲမထည့်ရတဲ့အခါမှာ သူတို့ရဲ့ကိုယ်စားပြုမှု မပီပြင်တော့ဘူး”ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မှုများလုပ်ဆောင် နေသည့် Civic Development Institute မှ ဆလိုင်းဘွေရိုဆန်ကပြောသည်။

ပလက်ဝမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၀၂အုပ်စုရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျေးရွာအုပ်စု ၉၄ ခုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သဖြင့် တစ်မြို့နယ်လုံး၏ ၇ ရာခိုင်နှုန်းခန့်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ ပလက်ဝမြ်ို့နယ်ကျေးရွာအုပ်စုအများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့မည့်အပေါ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာမှာကို ဒေသခံအချို့က စိုးရိမ်မှုများရှိ နေကြောင်း သိရသည်။

အမည်မဖော်လိုသူ ပလက်ဝဒေသခံတစ်ဉီးမှ “အကုန်လုံးတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲတော့ ဖြစ်မှာမဟုတ်ဘူး၊ အကုန်လုံးရဲ့ ဆန္ဒနဲ့ ရွေးချယ်တင်မြောက်မှာမဟုတ်တော့ လုံခြုံရေးအခြေအနေပေါ်မှာ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးရဲ့ ဆန္ဒမဲဖြစ်တဲ့ဟာတော့ ရမှာမဟုတ်ဘူး၊ အခုက ရတဲ့နေရာတွေလောက်ဘဲလုပ်မှာဆိုတော့ စောင့်ကြည့်ရမယ့်အနေအထားတော့ ရှိပါတယ်”ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် မဲဆန္ဒနယ်အမှတ် (၁) တွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ပေါ်ရှိ ရက်ကွက် (၃) ခုနှင့် ရှင်းလက်ဝကျေး ရွာအုပ်စုစသည့် (၈) နေရာတွင်သာ ရွေးကောက်ပွဲကျင်းပကြမည်ဖြစ်သည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Zawgyi

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္၏ ေက်းရြာအုပ္စုအားလံုးနီးပါးတြင္ ေရြးေကာက္ပြဲမက်င္းပရန္ေၾကညာလိုက္သည့္အတြက္ ပလက္၀ၿမ္ိဳ႕နယ္၏ အေထြေထြေရြးေကာက္ပြဲသည္ ျပည္သူ တရပ္လံုး၏ ဆႏၵထင္ဟပ္ႏိ္ုင္မည္ဟုတ္ဟု ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ားက ေ၀ဖန္လိုက္ၾကသည္။ 

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ၁၀၀ ရွိတဲ့ထဲမွာ ၉၄ ခုေလာက္ကဖ်က္ၿပီးေတာ့ နည္းနည္းပဲလုပ္တယ္ဆိုတာက ျပည္သူလူ ထုရဲ့ဆႏၵကိုမထင္ဟပ္ေတာ့ဘူး၊ ရာခိုင္ႏႈန္း အင္မတန္နည္းတဲ့ ေနရာေလာက္ဘဲ ေရြးေကာက္ပြဲလုပ္တယ္ ဆိုလို႔ရွိရင္ တစ္နယ္လုံးရဲ့ ဆႏၵကို ထင္ဟပ္မႈရွိလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္သြားတာေပါ့၊ အဓိကေတာ့ ျပည္သူေတြရဲ့ Right to Vote ဆုံးရႈံးသြားတာေပါ့၊ ျပည္သူလူထုရဲ့ Power Distribution က ေရြးေကာက္ပြဲကေနသြားတာဆိုေတာ့ အမ်ားစုက မဲမထည့္ရတဲ့အခါမွာ သူတို႔ရဲ့ကိုယ္စားျပဳမႈ မပီျပင္ေတာ့ဘူး”ဟု ေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္မႈမ်ားလုပ္ေဆာင္ ေနသည့္ Civic Development Institute မွ ဆလိုင္းေဘြရိုဆန္ကေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ရပ္ကြက္ေက်းရြာအုပ္စုေပါင္း ၁၀၂အုပ္စုရွိၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေက်းရြာအုပ္စု ၉၄ ခုတြင္ လုံျခဳံေရးအေျခအေနအရ ေရြးေကာက္ပြဲက်င္းပနိုင္မည္မဟုတ္ေၾကာင္း ေၾကညာခဲ့သျဖင့္ တစ္ၿမိဳ႕နယ္လုံး၏ ၇ ရာခိုင္ႏႈန္းခန္႔မွာသာ ေရြးေကာက္ပြဲက်င္းပႏိုင္မည္ျဖစ္သည္။ 

ယခုကဲ့သို႔ ပလက္၀ၿမ္ိဳ႕နယ္ေက်းရြာအုပ္စုအမ်ားစုတြင္ ေရြးေကာက္ပြဲ မက်င္းပႏိုင္ေတာ့မည့္အေပၚ ႏို၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမၽွတသည့္ ေရြးေကာက္ပြဲ ျဖစ္မလာမွာကို ေဒသခံအခ်ိဳ႕က စိုးရိမ္မႈမ်ားရွိ ေနေၾကာင္း သိရသည္။

အမည္မေဖာ္လိုသူ ပလက္ဝေဒသခံတစ္ဉီးမွ “အကုန္လုံးေတာ့ လြတ္လပ္တဲ့ေရြးေကာက္ပြဲေတာ့ ျဖစ္မွာမဟုတ္ဘူး၊ အကုန္လုံးရဲ့ ဆႏၵနဲ႔ ေရြးခ်ယ္တင္ေျမာက္မွာမဟုတ္ေတာ့ လုံျခဳံေရးအေျခအေနေပၚမွာ လုပ္ရတာျဖစ္တဲ့အတြက္ေၾကာင့္ အကုန္လုံးရဲ့ ဆႏၵမဲျဖစ္တဲ့ဟာေတာ့ ရမွာမဟုတ္ဘူး၊ အခုက ရတဲ့ေနရာေတြေလာက္ဘဲလုပ္မွာဆိုေတာ့ ေစာင့္ၾကည့္ရမယ့္အေနအထားေတာ့ ရွိပါတယ္”ဟု ေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ေက်းရြာအုပ္စုေပါင္း ၁၀၂ အုပ္စုရွိသည့္အနက္ မဲဆႏၵနယ္အမွတ္ (၁) တြင္ ၄၅အုပ္စု၊ အမွတ္(၂) တြင္ (၅၇) အုပ္စုရွိၿပီး ပလက္ဝၿမိဳ႕ေပၚရွိ ရပ္ကြက္ (၄) ခု၊ ဆမီးၿမိဳ႕ေပၚရွိ ရက္ကြက္ (၃) ခုႏွင့္ ရွင္းလက္ဝေက်း ရြာအုပ္စုစသည့္ (၈) ေနရာတြင္သာ ေရြးေကာက္ပြဲက်င္းပၾကမည္ျဖစ္သည္။

လႊတ္ေတာ္ မဲဆႏၵနယ္ေၿမ (၅) ခုရွိသည့္ ပလက္ဝၿမိဳ႕နယ္တြင္ လာမည့္ေရြးေကာက္ပြဲတြင္ နိုင္ငံေရးပါတီ (၆) ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၄ ဦးဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.