• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕ခံျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္မ်ား အေရးတႀကီးလိုအပ္ေနဆဲ

ပလက္၀ၿမိဳ႕ခံျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္မ်ား အေရးတႀကီးလိုအပ္ေနဆဲ

0
By Editor on April 22, 2020 Headline

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တိုက္ပြဲေၾကာင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ျပတ္ေတာက္ကာ စားနပ္ရိကၡာျပတ္လပ္မႈဒဏ္ ႀကံဳေတြ႔ေနၾကရသည့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ဆန္အိတ္ (၈၀၀) ေက်ာ္ကို အစိုးရအစီစဥ္ျဖင့္ အေရာက္ပို႔ေဆာင္ႏုိင္ၾကေသာ္လည္း ေရရွည္စားေသာက္ရန္အတြက္ လံုေလာက္မႈမရွိေၾကာင္း ခ်င္းစစ္ေဘးေရွာင္ကူညီေထာက္ပံ့ေရးအဖြဲ႔ထံမွ သိရသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ စီစဥ္ေဆာင္ရြက္မႈျဖင့္ ၿပီးခဲ့သည့္ဧၿပီလ (၁၉) ရက္ေန႔က အစိုးရအဖြဲ႔၊ အလွဴရွင္မ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ားမွ လွဴဒါန္းေသာ ဆန္အိတ္ (၈၃၀) အိ္တ္ကို ဆမီးၿမိဳ႕မွတဆင့္ ပလက္၀ၿမိဳ႕သို႔ အေရာက္ပို႔ေဆာင္ႏုိင္ခဲ့ၾကသည္။

သို႔ေသာ္လည္း ယင္းပမာဏသည္ စစ္ေဘးေရွာင္ျပည္သူ (၄၀၀၀) နီးပါးႏွင့္ ပလက္၀ၿမိဳ႕ခံျပည္သူ (၇၀၀၀) ေက်ာ္ စုစုေပါင္းလူ (၁၁၀၀၀) ေက်ာ္အတြက္ ရက္အနည္းငယ္သာလံုေလာက္မႈ ရွိမည္ဟု ခ်င္းစစ္ေဘးေရွာင္ကူညီေထာက္ပံ့ေရးအဖြဲ႔ျဖစ္သည့္ Relief and Rehabilitation Committee for Chin IDPs(RRCCI) က ဧၿပီလ ၂၁ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

RRCCI မွ တာ၀န္ရွိသူတစ္ဦးျဖစ္သည့္ ဆလိုင္းဂြ်န္ပိုင္နန္းက “အဲဒီဟာက တစ္လေတာင္မွေကာင္းေကာင္း စားရမွာမဟုတ္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ အခုက အဲဒီေဒသလူေတြနဲ႔ အဲဒီ IDPs အကုန္လံုးက အေျခအေနအရမ္းဆိုးေနတယ္၊ IDPs ပဲ ငတ္ေနတာမဟုတ္ဘူး ေဒသမွာလံုး၀စားစရာမရိွဘူးဆိုေတာ့၊ မိသားစုကအေရအတြက္လည္းမတူၾကေတာ့ ဒီေလာက္ဒီေလာက္ရတယ္ဆိုတာကလည္းညီမွွ်မွာမဟုတ္ဘူး တခ်ိဳ႕မွာကအေရအတြက္အလိုက္ မိသားစုမ်ားရင္မ်ားသလိုေပးရတယ္”  ဟု ေျပာသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕ေပၚတြင္ တိုက္ပြဲေၾကာင့္ ထြက္ေျပးလာၾကသည့္ စစ္ေဘးေရွာင္ျပည္သူ (၄၀၀၀) နီးပါးခန္႔ရွိၿပီး ၎တို႔ကို ၿမိဳ႕ေပၚဘုရားေက်ာင္း၊ အစိုးရအေဆာက္အဦးမ်ားတြင္ အဆင္ေျပသလိုေနရာခ်ေပးထားသည္ဟု သိရသည္။

စားနပ္ရိကၡာအတြက္ ရခိုင္ျပည္နယ္ကို အဓိကမွီခိုအားထားေနရသည့္ ပလက္၀ၿမိဳ႕နယ္သည္ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလဆန္းပိုင္းကစ၍ တပ္မေတာ္ႏွင့္ AA တိုက္ပြဲေၾကာင့္ ရခိုင္ျပည္နယ္ႏွင့္ဆက္သြယ္သည့္ ေရလမ္း၊ ကုန္လမ္းမ်ား ျပတ္ေတာက္သြားခဲ့ရၿပီး မည္သည့္ကုန္ပစၥည္းမွ် သယ္ယူပို႔ေဆာင္၍မရေတာ့သည့္အတြက္ စားနပ္ရိကၡာျပတ္လပ္မႈကို စစ္ေဘးေရွာင္မ်ားအျပင္ ၿမိဳ႕ခံျပည္သူမ်ားကလည္း ရင္ဆိုင္ေနၾကရျခင္းျဖစ္သည္။

ထို႔ေၾကာင့္ မတူပီ-ဆမီး-ပလက္၀လမ္းေၾကာင္းမွတဆင့္ ပလက္၀ၿမိဳ႕သို႔ ရိကၡာဆန္မ်ား သယ္ယူပို႔ေဆာင္ရန္ စီစဥ္ခဲ့ၾကေသာ္လည္း ဆမီးႏွင့္ ပလက္၀ၾကားတြင္ လက္နက္ကို္င္တပ္ဖြဲ႔မွ ကားမီး႐ိႈ႕မႈမ်ားရွိေနသည့္အတြက္ မည္သည့္ ကားသမားမွ ပလက္၀ၿမိဳ႕သို႔ မသြားရဲၾကေၾကာင္းသိရသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔အေနျဖင့္ ပလက္၀ၿမိဳ႕နယ္သို႔ ဆန္အိတ္ (၂၀၀၀) ေက်ာ္ ဆက္လက္ပို႔ေဆာင္ရန္စီစဥ္ထားသည္ဟု ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွပုဂၢိဳလ္ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

“ဆမီးမွာ ဆန္အိတ္က ၃၃၅၄ အိတ္က်န္ေသးတယ္၊ အဲဒီထဲက ေနာက္ထပ္တစ္ၾကိမ္ႏွစ္ၾကိမ္ေလာက္ထပ္ပို႔ဖို႔ ဒီရက္ပိုင္းမွာက်ေနာ္တို႔ ၾကိဳးစားေနတယ္ ဒါေပမဲ့နယ္ေျမမေအးခ်မ္းတာရယ္ လံုျခံဳမႈမရိွတဲ့အတြက္ ဒီကားသမားေတြကမသြားရဲတာ အဲလိုေတာ့ျဖစ္ေနတယ္ ေနာက္တစ္ၾကိမ္ပို႔ဖို႔က နည္းနည္းအခက္အခဲျဖစ္ေနတယ္၊ ဒါေပမဲ့က်ေနာ္တို႔ဒါကေတာ့ ျပည္ေထာင္စုကိုလည္းတင္ျပျပီးေတာ့  ဆန္အိတ္အနည္းဆံုး ပလက္၀ကို ေနာက္ထပ္ (၂၀၀၀) ေလာက္ပို႔ဖို႔ က်ေနာ္တို႔လ်ာထားပါတယ္” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

RRCCI မွ တာ၀န္ရွိသူတစ္ဦးျဖစ္သည့္ ဆလိုင္းဂြ်န္ပိုင္နကေတာ့ ပလက္၀ျမိဳ႕ေပၚတြင္ လက္ရိွေဒသခံမ်ားႏွင့္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အဓိကလိုအပ္ခ်က္မွာ ဆန္၊ ဆီ၊ ဆားႏွင့္ ေဆး၀ါးမ်ား၊ ေႏြရာသီျဖစ္လာသည့္အတြက္ ေရလိုအပ္မႈမွာလည္း ျမင့္မားလာေနျပီဟုေျပာသည္။ ခ်င္းျပည္နယ္ေတာင္ပိုင္းပလက္၀ျမိဳ႕နယ္သည္ စစ္ေရးပဋိပကၡေၾကာင့္ ညမထြက္ရအမိန္႔မ်ား ထုတ္ျပန္ထားသလို ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ားလည္း ယေန႔ခ်ိန္ထိ ပိတ္ပင္ခံထားရဆဲျဖစ္သည္။

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ် ကြုံတွေ့နေကြရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန်အိတ် (၈၀ဝ) ကျော်ကို အစိုးရအစီစဉ်ဖြင့် အရောက်ပို့ဆောင်နိုင်ကြသော်လည်း ရေရှည်စားသောက်ရန်အတွက် လုံလောက်မှုမရှိကြောင်း ချင်းစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြီးခဲ့သည့်ဧပြီလ (၁၉) ရက်နေ့က အစိုးရအဖွဲ့၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လှူဒါန်းသော ဆန်အိတ် (၈၃၀) အိ်တ်ကို ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ အရောက်ပို့ဆောင်နိုင်ခဲ့ကြသည်။

သို့သော်လည်း ယင်းပမာဏသည် စစ်ဘေးရှောင်ပြည်သူ (၄၀ဝ၀) နီးပါးနှင့် ပလက်ဝမြို့ခံပြည်သူ (၇၀ဝ၀) ကျော် စုစုပေါင်းလူ (၁၁၀ဝ၀) ကျော်အတွက် ရက်အနည်းငယ်သာလုံလောက်မှု ရှိမည်ဟု ချင်းစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်သည့် Relief and Rehabilitation Committee for Chin IDPs(RRCCI) က ဧပြီလ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

RRCCI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆလိုင်းဂျွန်ပိုင်နန်းက “အဲဒီဟာက တစ်လတောင်မှကောင်းကောင်း စားရမှာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ အခုက အဲဒီဒေသလူတွေနဲ့ အဲဒီ IDPs အကုန်လုံးက အခြေအနေအရမ်းဆိုးနေတယ်၊ IDPs ပဲ ငတ်နေတာမဟုတ်ဘူး ဒေသမှာလုံးဝစားစရာမရှိဘူးဆိုတော့၊ မိသားစုကအရေအတွက်လည်းမတူကြတော့ ဒီလောက်ဒီလောက်ရတယ်ဆိုတာကလည်းညီမျှမှာမဟုတ်ဘူး တချို့မှာကအရေအတွက်အလိုက် မိသားစုများရင်များသလိုပေးရတယ်”  ဟု ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူ (၄၀ဝ၀) နီးပါးခန့်ရှိပြီး ၎င်းတို့ကို မြို့ပေါ်ဘုရားကျောင်း၊ အစိုးရအဆောက်အဦးများတွင် အဆင်ပြေသလိုနေရာချပေးထားသည်ဟု သိရသည်။

စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်ဝမြို့နယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်နှင့်ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သွားခဲ့ရပြီး မည်သည့်ကုန်ပစ္စည်းမျှ သယ်ယူပို့ဆောင်၍မရတော့သည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုကို စစ်ဘေးရှောင်များအပြင် မြို့ခံပြည်သူများကလည်း ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ထို့ကြောင့် မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းမှတဆင့် ပလက်ဝမြို့သို့ ရိက္ခာဆန်များ သယ်ယူပို့ဆောင်ရန် စီစဉ်ခဲ့ကြသော်လည်း ဆမီးနှင့် ပလက်ဝကြားတွင် လက်နက်ကိ်ုင်တပ်ဖွဲ့မှ ကားမီးရှို့မှုများရှိနေသည့်အတွက် မည်သည့် ကားသမားမှ ပလက်ဝမြို့သို့ မသွားရဲကြကြောင်းသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်သို့ ဆန်အိတ် (၂၀ဝ၀) ကျော် ဆက်လက်ပို့ဆောင်ရန်စီစဉ်ထားသည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဆမီးမှာ ဆန်အိတ်က ၃၃၅၄ အိတ်ကျန်သေးတယ်၊ အဲဒီထဲက နောက်ထပ်တစ်ကြိမ်နှစ်ကြိမ်လောက်ထပ်ပို့ဖို့ ဒီရက်ပိုင်းမှာကျနော်တို့ ကြိုးစားနေတယ် ဒါပေမဲ့နယ်မြေမအေးချမ်းတာရယ် လုံခြုံမှုမရှိတဲ့အတွက် ဒီကားသမားတွေကမသွားရဲတာ အဲလိုတော့ဖြစ်နေတယ် နောက်တစ်ကြိမ်ပို့ဖို့က နည်းနည်းအခက်အခဲဖြစ်နေတယ်၊ ဒါပေမဲ့ကျနော်တို့ဒါကတော့ ပြည်ထောင်စုကိုလည်းတင်ပြပြီးတော့  ဆန်အိတ်အနည်းဆုံး ပလက်ဝကို နောက်ထပ် (၂၀ဝ၀) လောက်ပို့ဖို့ ကျနော်တို့လျာထားပါတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

RRCCI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆလိုင်းဂျွန်ပိုင်နကတော့ ပလက်ဝမြို့ပေါ်တွင် လက်ရှိဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် အဓိကလိုအပ်ချက်မှာ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးများ၊ နွေရာသီဖြစ်လာသည့်အတွက် ရေလိုအပ်မှုမှာလည်း မြင့်မားလာနေပြီဟုပြောသည်။ ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့နယ်သည် စစ်ရေးပဋိပက္ခကြောင့် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားသလို ဆက်သွယ်ရေးအင်တာနက်လိုင်းများလည်း ယနေ့ချိန်ထိ ပိတ်ပင်ခံထားရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.