• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ (၂၆၀၀) ကျော်ထိရှိလာ

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ (၂၆၀၀) ကျော်ထိရှိလာ

0
By Editor on April 15, 2019 Headline

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ (၂၆၀၀) ကျော်ထိ ရှိလာပြီဟု ပလက်မြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့၏ စာရင်းအရသိရသည်။

ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့၏ ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ယူရရှိသော စာရင်းအရ ပလက်ဝမြို့ နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈) ရွာမှ အိမ်ထောင်စု (၅၄၄) လူဦးရေ (၂၆၄၀) တို့သည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွါနေကြရပြီး ကူညီထောက်ပံ့မှုတွေလိုအပ်သည်ဟု လူမှုကူညီရေးပရဟိတအဖွဲ့မှ ဥက္ကဌ ဦးဝေတန်းကပြောသည်။

“လောလာဆယ်တော့ သူတို့စားဖို့ ဆန်ရိက္ခာလိုတယ် ကျွန်တော်တို့မှန်းတာတော့ နောက်တောင်ယာစပါးမပေါ်ခင်ကြားကာလ ခန့်မှန်းခြေတော့ လေးလ ငါးလလောက်လိုလိမ့်မယ်ထင်တယ် တောင်ယာစပါးရိတ်ချိန်ပေါ့ စက်တင်ဘာ (၁၅) လောက်ဆိုရင် တောင်ယာစပါးတွေပေါပြီလေ မပေါ်ခင် ဒီမိုးတွင်းချိန်ကာလပေါ့ ရွာမှာကပြန်လို့ကို အဆင်ပြေမှာမဟုတ်ဘူး ဘာလို့ဆိုတော့ သူတို့ရဲ့ရင်ထဲမှာ အကြောက်တရားတွေက ကိန်းအောင်နေတယ်ဆိုတော့ နောက်ပြီးဒီဖက်မှာ လုံခြုံရေးအခြေအနေက ပြောရမယ်ဆိုရင် အရင်ပုံစံတိုင်း တိုက်ပွဲမဖြစ်ပေမဲ့လည်း အရင်ပုံစံအတိုင်းရှိနေတော့ သူတို့ရွာကိုပြန်ဖို့ထက် တစ်ခြားဝင်ငွေရတဲ့လုပ်ငန်းရဲ့ တည်ဆောက်တဲ့လုပ်ငန်းရှိတဲ့ရွာတွေဖက်ကို ပြောင်းဖို့သူတို့ကတော့ စိတ်ဆန္ဒနည်းနည်းရှိတယ်လို့တွေ့ရတယ်’’ ဟု ဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် ၎င်းတို့နေထိုင်သည့်ဒေသများတွင် ၀င်ငွေရရှိသည့် လုပ်ငန်းမရှိသည့်အပြင် နယ်မြေ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် အလှူရှင်များ၏ ထောက်ပံ့မှုများကို အားကိုးနေရသည်ဟု ၎င်းကဆက်ပြောသည်။

“၀င်ငွေရတဲ့အလုပ်က အဲဒီသူတို့နေတဲ့ဖက်မှာက ဒီလိုပေါ့ တည်ဆောက်မှုလုပ်ငန်းတွေ နောက်တစ်ခြား လုပ်ငန်းတွေက သိပ်မရှိတော့ သူတို့အတွက်ဝင်ငွေရတဲ့အလုပ်ငန်းက အခက်အခဲနည်းနည်းကြုံရတယ် နောက်ပြီး နယ်မြေလုံခြုံရေးအခြေအနေအရဆိုရင် သူတို့က သွားချင်သလို သွားလို့လာလို့မရဘူး ဆိုတဲ့အခါကျရင် သူတို့ဝင်ငွေရတဲ့အလုပ်လုပ်ဖို့အတွက် သူတို့အတွက်အခက်အခဲရှိတယ်” ဟု ဦးဝေတန်းကပြောသည်။ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်သည့်ကျေးရွာများမှာ ကုန်ပြင်၊ ပီတောင်၊ ကင်းသလင်း၊ ခမောင်းဝ၊ ဆတ်လိုင်ဝ၊ ယာယာကုန်း၊ ယင်ခံဝ၊ ကူးချောင်းဖျား၊ တပိုးပွီ၊ လန်ဒန်၊ ပွတ်စာချောင်း၊ မြိတ်ဝ၊ ပကာဝ၊ မွေလိုက်ဝ၊ စတင်ဝ၊ ပွီလိုက်ဝ(၁)၊ (၂)၊ မော်တလာကျေးရွာတို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.