Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္း လြတ္ေျမာက္လာသည့္အေပၚ သေဘာထားအျမင္စုစည္းမႈ

ပလက္၀ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္း လြတ္ေျမာက္လာသည့္အေပၚ သေဘာထားအျမင္စုစည္းမႈ

0
By Editor on January 22, 2020 Headline

Zawgyi

ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔မွ ဖမ္းဆီးထိန္းသိမ္းထားသည့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းကို ပညာေရး၀န္ထမ္း ဦးေတာင္ပန္းႏွင့္အတူ ဇန္န၀ါရီလ (၂၁) ရက္ေန႔က ျပန္လႊတ္ေပးခဲ့သည္။

ယခုလက္ရွိတြင္ ဦးေ၀ွ႔တင္းႏွင့္ ဦးေတာင္ပန္းတို႔သည္ ၎တို႔၏ေနအိမ္တြင္ ေကာင္းေကာင္းမြန္မြန္ႏွင့္ ေရာက္ရွိေနၾကၿပီျဖစ္သည္။

ဦးေ၀ွ႔တင္းသည္ အမ်ဴိးသားလႊတ္ေတာ္အစည္းအေ၀းတက္ေရာက္ရန္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕မွ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕သို႔ ကုလားတန္ျမစ္ေၾကာင္းအတိုင္း စက္ေလွျဖင့္ထြက္ခြါစဥ္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ (၃) ရက္ေန႔က (AA) တပ္ဖြဲ႔မွ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

AA တပ္ဖြဲ႔က ဦးေ၀ွ႔တင္းကို ရက္ေပါင္း (၇၈) အၾကာ ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။

ယခုကဲ့သို႔ ဦးေ၀ွ႔တင္းအား AA တပ္ဖြဲ႔မွ ျပန္လည္လႊတ္ေပးလိုက္သည့္ကိစၥႏွင့္ပတ္သက္၍ ခ်င္းလူမႈအသိုင္းအ၀ိုင္းမွ မည္ကဲ့သို႔တုံ႔ျပန္ခဲ့ၾကပါလဲ။ ခ်င္းႏိုင္ငံေရးႏွင့္ အရပ္ဖက္အဖြဲ႔အစည္းတို႔မွ အထင္ကရေခါင္းေဆာင္မ်ား၏ အျမင္သေဘာထားမ်ားကို ခိုႏူမ္းသုန္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါသည္။

၀န္ႀကီးဦးစိုးထက္ (ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္)

နဂိုကတည္းက လႊတ္သင့္တဲ့ဟာပါ၊ အခုမွလႊတ္တာေတာ့အမွန္က ေနာက္က်ပါတယ္ ခုလိုလႊတ္ေပးလိုက္တဲ့အတြက္ လည္း (AA) ေပၚမွာအမ်ားရဲ့အျမင္ကလည္းရွင္းသြားတာေပါ့ေနာ္ မဟုတ္ရင္လူေတြကိုလြယ္လြယ္ကူကူနဲ႔ဖမ္းတယ္ ဆီးတယ္အဲလိုလုပ္ေနတဲ့ဥစၥာက ပံုရိပ္မေကာင္းဘူးေပါ့ေနာ္၊ ဦးေ၀ွ႔တင္းအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့ အတြက္ ေျပာတာဆိုတာေလးေတြရွိႏုိ္င္တာေပါ့ေလ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ရဲ့ေတာ္လွန္ေရးကို အေႏွာက္အယွက္ျဖစ္ ေလာက္ေအာင္ ဆန္႔က်င္တာမ်ဴိးေတြေတာ့မရွိေလာက္ဘူး ေနာက္ တပ္နဲ႔လည္း ဘာမွအဆက္အသြယ္ရွိ တာမဟုတ္ေတာ့ေလ အခုလႊတ္တဲ့အေပၚမွာေတာ့ အားလံုး၀မ္းသာပါတယ္၊ ျပည္တြင္းျပည္ပမွာရွိတဲ့ ခ်င္းေတြလိႈက္လိႈက္လွဲလွဲ၀မ္းသာရတဲ့ကိစၥပါ၊ အခု ခူမီးခ်င္းမ်ဴိးႏြယ္စုေပါင္းစပ္ညိွႏိႈင္းေရးေကာင္စီ(KACC) ရဲ့ထုတ္ျပန္ခ်က္အရ သူတို႔ဖမ္းထားတာ ၁၂ ေယာက္က်န္ေသးတယ္လို႔ေျပာပါတယ္ အဲဒါေတြကိုလည္း ေမးျမန္းစစ္ေဆးၿပီးရင္ေတာ့ ျပန္လႊတ္ေပးသင့္တယ္လို႔ ေျပာလိုပါတယ္။

ဆလိုင္းအိုက္ဇက္ခင္ (ခ်င္းျပည္နယ္အစိုးရအဖြဲ႔ စည္ပင္၀န္ႀကီးေဟာင္း)

အဲဒီကိစၥက အစကတည္းကေန မဖမ္းသင့္ဘူးေပါ့ေနာ္ အားလံုး၀ိုင္းၿပီးေတာ့ေတာင္းဆိုၾကေပါ့ေလ ၾကားကေန ညိွႏိႈင္းေဆာင္ရြက္ေပးတဲ့အဖြဲ႔အစည္းေတြကလည္းအမ်ားႀကီးပဲ၊ ဦးေ၀ွ႔တင္းအတြက္ဆုိလို႔ရွိင္ CHRO နဲ႔ KACC တို႔ ဦးေဆာင္ၿပီးေတာ့ ျပည္တြင္းျပည္ပလူ႔အခြင့္အေရးအဖြဲ႔အစည္းေတြ၊ Asia Parliamentary for Human Right အဖြဲ႔ေတြ၊ Amnesty International အဖြဲ႔အစည္းေတြကအစပါ၀င္လာတယ္ ေနာက္ၿပီး “၀’’ အဖြဲ႔အစည္းဘက္ကိုလည္းအကူအညီ ေတာင္းတာေတြရွိတယ္ ကခ်င္ဘက္ကိုအကူအညီေတာင္းတာေတြရွိတယ္ အစိုးရကလည္း သူ႔ဘက္ကေနလုပ္တာလည္း ရွိမွာေပါ့ေလ ပါတီေတြဘက္ကေရာ အားလံုး၀ိုင္း၀န္းႀကိဳးစားၾကေပါ့ေနာ္ ခုေတာ့ ျပန္လႊတ္ေပးၿပီေပါ့ေနာ္ အထူးသျဖင့္ က်ေနာ္တို႔က ေက်းဇူးတင္ရမွာကေတာ့ ဦးေ၀ွ႔တင္းအေပၚရပ္တည္ေပးၾကတဲ့ အဖြဲ႔အစည္းေတြ လူ႔အခြင့္အေရးကိုခ်စ္ျမတ္ ႏုိ္းၾကတဲ့ အရပ္ဖက္အဖြဲ႔အစည္းေတြ ၀ိုင္း၀န္းကူညီေပးၾကတဲ့အဖြဲ႔အစည္းေတြကိုေက်းဇူးတင္တယ္လို႔ေျပာရမွာအေ ရးႀကီးတာကေတာ့ က်န္ေသးတယ္  CHRO နဲ႔ KACC တို႔ရဲ့ေျပာဆိုခ်က္အရဆိုရင္ အနည္းဆံုး ၁၂ ေယာက္ေလာက္က်န္ ေသးတယ္ သူတို႔လႊတ္ေျမာက္ႏုိင္ဖို႔အတြက္လည္း က်ေနာ္တို႔ေမွ်ာ္လင့္တယ္၊ က်ေနာ္တို႔ကေတာ့ ၾကားမွာညွပ္ေနတာေပါ့ ေနာ္ (AA) မွမဟုတ္ပါဘူး တပ္မေတာ္ပဲျဖစ္ျဖစ္ ဒီလိုအရပ္သားေတြကို တဖက္သတ္စြပ္စြဲၿပီးေတာ့ ေခၚသြားတာမ်ဴိး ဖမ္းဆီးထိန္းသိမ္းထားတာမ်ဴိးေတာ့ မလုပ္ရင္ေတာ့ေကာင္းတာေပါ့ေနာ္။

ဆလိုင္းက်ဲအိုဘိခ္ေထာင္း

“ဒီကိစၥနဲ႔ပတ္သက္ျပီး အခ်က္ (၂) ခ်က္ကို ကၽြန္ေတာ္ သုံးသပ္ရမယ္ဆိုရင္၊ ပထမအခ်က္အေနနဲ႔ ဦးေဝွ႔တင္းဆိုတဲ့ လူပုဂၢိဳလ္တစ္ဦးကို လႊတ္ေပးရုံနဲ႔ ကၽြန္ေတာ္တို႔ မျပီးဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ဦးေဝွ႔တင္းလို လူပုဂၢိဳလ္ (၁၀) ဦးထက္မနည္း၊ တြက္ထားတာေတာ့ (AA) ကေန ဖမ္းထားတဲ့သူေတြလို႔ ယူဆရတာ (၁၂) ဦး ရွိေသးတယ္၊ သူတို႔ကိုလည္း ခၽြင္းခ်က္မရွိ လႊတ္ေပးဖို႔၊ ဦးေဝွ႔တင္းကို လႊတ္ေပးသလို လႊတ္ေပးသင့္တယ္၊ ဘယ္သူ႔ကိုဖမ္းဖမ္း ဒါက လူေတြရဲ႕အသက္ပဲ၊ ကၽြန္ေတာ္တို႔ စေတာင္းဆိုကတည္းက ဦးေဝွ႔တင္း တစ္ဦးတစ္ေယာက္ကိုပဲ လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တာမဟုတ္ဘူး၊ ဘယ္တုန္းကမွ လူတစ္ဦးတစ္ေယာက္ လြတ္ေျမာက္ေရးအတြက္ မေတာင္းဆိုခဲ့ဘူး၊ တခ်ိဳ႕ပါတီ၊ တခ်ိဳ႕အဖြဲ႔အစည္းေတြကေတာ့ ဦးေဝွ႔တင္းတစ္ဦးတည္း လြတ္ေျမာက္ႏိုင္ေရးအတြက္ လႈပ္ရွားရင္လႈပ္ရွားလိမ့္မယ္၊ ကၽြန္ေတာ္တို႔ကေတာ့ အဲဒီလိုမဟုတ္ဘူး၊ ဦးေဝွ႔တင္းအပါအဝင္ (၁၃) ဦး လြတ္ေျမာက္ဖို႔နဲ႔ ေနာက္ထပ္ ဖမ္းဆီးမႈေတြမလုပ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္၊ ပုဂၢိဳလ္တစ္ဦးရဲ႕ အမည္နာမကို ေဖာ္ျပတာက ေဖာ္ျပခ်က္သာျဖစ္ပါတယ္၊ လက္နက္ကိုင္အဖြဲ႔အစည္းေတြက အေၾကာင္းေၾကာင္းေၾကာင့္ ဖမ္းဆီးသြားျပီဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ပဲျဖစ္ျဖစ္၊ အရပ္သားပဲျဖစ္ျဖစ္ ဘာမွမကြာပါဘူး၊ ဖမ္းဆီးထားတဲ့သူ (၁၂) ဦးကို ျပန္လႊတ္ေပးဖို႔ကလည္း ညီတူညီမွ် အေရးၾကီးပါတယ္”

“ဒုတိယအခ်က္က (AA) ရဲ႕ ေၾကျငာခ်က္ထဲမွာ ခူမီးဆိုတာ ရခိုင္လူမ်ိဳးျဖစ္တယ္လို႔ သုံးႏႈန္းသြားတဲ့/ေျပာသြားတဲ့ဟာမ်ိဳး၊ ေနာက္ျပီး ခိုင္သုခကလည္း ခူမီးနဲ႔ ရခိုင္ဆိုတာ လူမ်ိဳးတစ္မ်ိဳးတည္းျဖစ္တယ္ ဆိုတဲ့ဟာမ်ိဳး၊ သုံးႏႈန္းသြားတဲ့ဟာက ကၽြန္ေတာ္တို႔ ခ်င္းလူမ်ိဳးထဲမွာရွိတဲ့ မ်ိဳးႏြယ္စုေတြကို တမင္တကာ၊ ခ်င္းလူမ်ိဳးေတြရဲ႕ စည္းလုံးညီညြတ္မႈကို ထိပါးေစာ္ကားတဲ့ သေဘာမ်ိဳး သက္ေရာက္သြားတယ္၊ ခ်င္းလူမ်ိဳးကို ရခိုင္အျဖစ္ အတင္းအဓမၼ သြတ္သြင္းခ်င္တဲ့သေဘာသက္ေရာက္တဲ့ စိတ္ထားမ်ိဳး၊ အသုံးအႏႈန္းမ်ိဳး ကၽြန္ေတာ္တို႔ ေတြ႔ရတဲ့အတြက္ေၾကာင့္ လုံးဝလက္မခံဘူး၊ လုံးဝ ရႈတ္ခ်ကန္႔ကြက္ပါတယ္၊ ဒါမ်ိဳးက ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ကေနျပီးေတာ့ျဖစ္ျဖစ္၊ ရခိုင္အဖြဲ႔အစည္း/ပုဂၢိဳလ္ေတြကပဲျဖစ္ျဖစ္၊ အျခားတိုင္းရင္းသားေတြ၊ ဘယ္သူျဖစ္ျဖစ္ ကိုယ့္ရဲ႕ အမ်ိဳးသားအခြင့္အေရးအတြက္ လက္နက္ကိုင္ ခ်င္းေတြေသာ္လည္းေကာင္း၊ ႏိုင္ငံေရးပါတီကေသာ္လည္းေကာင္း အမ်ိဳးမ်ိဳးနဲ႔ ကိုယ့္ရဲ႕အမ်ိဳးသား၊ ကိုယ့္ရဲ႕လူမ်ိဳးအခြင့္အေရးအတြက္ ေတာင္းဆိုတာ ကၽြန္ေတာ္တို႔က ဘာမွ ကန္႔ကြက္စရာလည္းမရွိဘူး၊ မွတ္ခ်က္ေပးစရာလည္း မရွိဘူး၊ ဒါေပမယ့္ တျခားတိုင္းရင္းသား၊ လူမ်ိဳးစုေတြၾကားမွာ ဝင္ေရာက္စြက္ဖက္ျပီးေတာ့ ေသြးခြဲလိုတဲ့ အမူအရာမ်ိဳး၊ စကားမ်ိဳးကေတာ့ လုံးဝ လက္ခံႏိုင္စရာမ်ိဳး မဟုတ္ဘူးေပါ့”

ဦးေစာျမ (ခူမီးခ်င္းမ်ဴိးႏြယ္စုမ်ားေပါင္းစပ္ညိွႏိႈင္းေရးေကာင္စီ KACC)

က်ေနာ္တို႔ဘက္ကေတာ့ ေကာင္းတဲ့လကၡာလို႔ေတာ့ျမင္တယ္ေလ အဲလိုလႊတ္ေပးလိုက္တယ္ဆိုတာက ဒါေပမယ့္ က်ေနာ္တို႔ဘက္ကလိုခ်င္တာက အရင္သူတို႔စြပ္စြဲထားတာေတြရွိတယ္ဗ်ာ စစ္သတင္းေပးဘာညာနဲ႔ အဲဒါေတြကိုလည္း သင္ပုန္းေခ်လိုက္ၿပီဆိုတာဟာ သူတို႔ေျပာေပးရင္ေကာင္းလိုက္မယ္ ဦးေ၀ွ႔တင္းက လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့အ တြက္ ရြာဆင္းၿပီးမွစကားေျပာဆိုတာေတြရွိမွာကိုး စကားဆိုတာကလည္း ေျပာရင္းေျပာရင္းနဲ႔လည္း အဓိပၸါယ္အမ်ဴိးမ်ဴိး ေပါက္ႏုိင္တယ္ေလ အဲဒါေၾကာင့္ သူ႔ရဲ့ေနာက္ေက်ာလံုေစခ်င္တယ္ဗ်ာ သူတို႔ေျပာသလို အမ်ဴိးသားရင္ၾကားေစ့ေရးကို ေရွ႕ရႈၿပီးေတာ့ က်ေနာ္တို႔သင္ပုန္းေခ်လိုက္ၿပီဆိုတဲ့ဟာပါလာရင္ေတာ့ပို႔ေကာင္းတာေပါ့ဗ်ာ အခုလက္ရွိမွာ (AA) ကဖမ္းဆီးထားတာ အနည္းဆံုး (၁၂) ေယာက္က်န္ေသးတယ္ ဒါေပမယ့္ခက္တာက (AA) က ၀န္မခံဘူးဗ် အခုလႊတ္ေပး လိုက္တဲ့ ဦးေတာင္ပန္းကိုေတာင္မွ ဖမ္းတယ္ဆိုတာ သူတို႔က၀န္မခံဘူးေလ ျငင္းဆိုၾကတယ္ေလ ဘာပဲျဖစ္ျဖစ္က်န္တဲ့သူ ေတြကိုလည္း လႊတ္ေပးေစခ်င္တယ္။

Salai Tera, Field Director (Chin Human Right Organization)

AA ကေနအခုလိုမ်ိဳး MP ဦးေ၀ွ႔တင္းျပန္လႊတ္ေပးတဲ့အေပၚမွာက်ေနာ္ေနနဲ႔ေက်းဇူးတင္ပါတယ္ ၾကိဳဆိုတယ္ ျပီးေတာ့ ၀မ္းလည္းသာတယ္ ျပီးေတာ့ AA အဖြဲ႕ကိုလည္း အထူးေက်းဇူးတင္တယ္၊ အခုလိုမ်ိဳး လႊတ္ေပးျခင္းအားျဖင့္ က်ေနာ္တို႔ အဓိက ခ်င္းနဲ႔ရခိုင္ၾကားမွာလည္း ပိုျပီးေတာ့ ခ်စ္ၾကည္ရင္းႏွီးမႈကပိုျပီးေတာ့ ျဖစ္ေစႏိုင္တာေပါ့ေနာ္ အဲဒါေၾကာင့္ ေကာင္းတဲ့လကၡဏပါပဲ၊ အဲလိုလုပ္ျခင္းအားျဖင့္ က်ေနာ္တို႔ ပလက္၀ျမိဳ႕နယ္အတြင္းမွာ ေဒသခံအခ်င္းခ်င္းၾကားမွာ စိုးရိမ္မႈေတြေၾကာက္ေရြ႕မႈေတြ မယံုၾကည္မႈေတြ ရိွတဲ့ဥစၥာေတြလည္းအခု ဒီကိစၥနဲ႔ပတ္သက္ျပီးေတာ့ ျပန္ျပီးေျဖရွင္းေပးႏိုင္မယ္လို႔ က်ေနာ္ထင္တယ္ အခုဆိုရင္က်ေနာ္တို႔သိရသေလာက္ေတာ့ ပလက္၀ျမိဳ႕နယ္အတြင္းမွာရိွတဲ့ က်ေနာ္တို႔ျပည္သူေတြ ခ်င္းနဲ႔ ရခိုင္ၾကားမွာ က်ေနာ္တို႔ ယံုၾကည္မႈလည္းမရိွဘူး ျပီးေတာ့ အခ်င္းခ်င္းစိုးရိမ္တဲ့ အေျခအေနမ်ိဳးေပါ့ေနာ္ ျပီးေတာ့မယံုၾကည္ၾကဘူး အခ်င္းခ်င္းကမယံုသင္ကာျဖစ္ၾကတဲ့အေျခအေနမ်ိဳးမွာရွိေနေတာ့အခု အဲလိုမ်ိဳးလႊတ္ေပးျခင္းအားျဖင့္ အဲဒီဥစၥာေတြအကုန္လံုး က်ေနာ္တို႔ေျဖရွင္းႏိုင္မယ္လို႔ က်ေနာ္ျမင္မိတာေပါ့ ေကာင္းတဲ့လကၡဏလို႔ပဲေျပာခ်င္တယ္။

Unicode

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပညာရေးဝန်ထမ်း ဦးတောင်ပန်းနှင့်အတူ ဇန်နဝါရီလ (၂၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။

ယခုလက်ရှိတွင် ဦးဝှေ့တင်းနှင့် ဦးတောင်ပန်းတို့သည် ၎င်းတို့၏နေအိမ်တွင် ကောင်းကောင်းမွန်မွန်နှင့် ရောက်ရှိနေကြပြီဖြစ်သည်။

ဦးဝှေ့တင်းသည် အမျိူးသားလွှတ်တော်အစည်းအဝေးတက်ရောက်ရန် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်ထွက်ခွါစဉ် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့က (AA) တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

AA တပ်ဖွဲ့က ဦးဝှေ့တင်းကို ရက်ပေါင်း (၇၈) အကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဦးဝှေ့တင်းအား AA တပ်ဖွဲ့မှ ပြန်လည်လွှတ်ပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းလူမှုအသိုင်းအဝိုင်းမှ မည်ကဲ့သို့တုံ့ပြန်ခဲ့ကြပါလဲ။

ချင်းနိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းတို့မှ အထင်ကရခေါင်းဆောင်များ၏ အမြင်သဘောထားများကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

ဝန်ကြီးဦးစိုးထက် (ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်)

နဂိုကတည်းက လွှတ်သင့်တဲ့ဟာပါ၊ အခုမှလွှတ်တာတော့အမှန်က နောက်ကျပါတယ် ခုလိုလွှတ်ပေးလိုက်တဲ့အတွက် လည်း (AA) ပေါ်မှာအများရဲ့အမြင်ကလည်းရှင်းသွားတာပေါ့နော် မဟုတ်ရင်လူတွေကိုလွယ်လွယ်ကူကူနဲ့ဖမ်းတယ် ဆီးတယ်အဲလိုလုပ်နေတဲ့ဥစ္စာက ပုံရိပ်မကောင်းဘူးပေါ့နော်၊ ဦးဝှေ့တင်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် ပြောတာဆိုတာလေးတွေရှိနိ်ုင်တာပေါ့လေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့တော်လှန်ရေးကို အနှောက်အယှက်ဖြစ် လောက်အောင် ဆန့်ကျင်တာမျိူးတွေတော့မရှိလောက်ဘူး နောက် တပ်နဲ့လည်း ဘာမှအဆက်အသွယ်ရှိ တာမဟုတ်တော့လေ အခုလွှတ်တဲ့အပေါ်မှာတော့ အားလုံးဝမ်းသာပါတယ်၊ ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းတွေလှိုက်လှိုက်လှဲလှဲဝမ်းသာရတဲ့ကိစ္စပါ၊ အခု ခူမီးချင်းမျိူးနွယ်စုပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ရဲ့ထုတ်ပြန်ချက်အရ သူတို့ဖမ်းထားတာ (၁၂) ယောက်ကျန်သေးတယ်လို့ပြောပါတယ် အဲဒါတွေကိုလည်း မေးမြန်းစစ်ဆေးပြီးရင်တော့ ပြန်လွှတ်ပေးသင့်တယ်လို့ ပြောလိုပါတယ်။

ဆလိုင်းအိုက်ဇက်ခင် (ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဟောင်း)

အဲဒီကိစ္စက အစကတည်းကနေ မဖမ်းသင့်ဘူးပေါ့နော် အားလုံးဝိုင်းပြီးတော့တောင်းဆိုကြပေါ့လေ ကြားကနေ ညှိနှိုင်းဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းတွေကလည်းအများကြီးပဲ၊ ဦးဝှေ့တင်းအတွက်ဆိုလို့ရှိင် CHRO နဲ့ KACC တို့ ဦးဆောင်ပြီးတော့ ပြည်တွင်းပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ Asia Parliamentary for Human Right အဖွဲ့တွေ၊ Amnesty International အဖွဲ့အစည်းတွေကအစပါဝင်လာတယ် နောက်ပြီး “ဝ’’ အဖွဲ့အစည်းဘက်ကိုလည်းအကူအညီ တောင်းတာတွေရှိတယ် ကချင်ဘက်ကိုအကူအညီတောင်းတာတွေရှိတယ် အစိုးရကလည်း သူ့ဘက်ကနေလုပ်တာလည်း ရှိမှာပေါ့လေ ပါတီတွေဘက်ကရော အားလုံးဝိုင်းဝန်းကြိုးစားကြပေါ့နော် ခုတော့ ပြန်လွှတ်ပေးပြီပေါ့နော် အထူးသဖြင့် ကျနော်တို့က ကျေးဇူးတင်ရမှာကတော့ ဦးဝှေ့တင်းအပေါ်ရပ်တည်ပေးကြတဲ့ အဖွဲ့အစည်းတွေ လူ့အခွင့်အရေးကိုချစ်မြတ် နိ်ုးကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီပေးကြတဲ့အဖွဲ့အစည်းတွေကိုကျေးဇူးတင်တယ်လို့ပြောရမှာအေ ရးကြီးတာကတော့ ကျန်သေးတယ် CHRO နဲ့ KACC တို့ရဲ့ပြောဆိုချက်အရဆိုရင် အနည်းဆုံး ၁၂ ယောက်လောက်ကျန် သေးတယ် သူတို့လွှတ်မြောက်နိုင်ဖို့အတွက်လည်း ကျနော်တို့မျှော်လင့်တယ်၊ ကျနော်တို့ကတော့ ကြားမှာညှပ်နေတာပေါ့ နော် (AA) မှမဟုတ်ပါဘူး တပ်မတော်ပဲဖြစ်ဖြစ် ဒီလိုအရပ်သားတွေကို တဖက်သတ်စွပ်စွဲပြီးတော့ ခေါ်သွားတာမျိူး ဖမ်းဆီးထိန်းသိမ်းထားတာမျိူးတော့ မလုပ်ရင်တော့ကောင်းတာပေါ့နော်။

ဆလိုင်းကျဲအိုဘိခ်ထောင်း

“ဒီကိစ္စနဲ့ပတ်သက်ပြီး အချက် (၂) ချက်ကို ကျွန်တော် သုံးသပ်ရမယ်ဆိုရင်၊ ပထမအချက်အနေနဲ့ ဦးဝှေ့တင်းဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးကို လွှတ်ပေးရုံနဲ့ ကျွန်တော်တို့ မပြီးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဦးဝှေ့တင်းလို လူပုဂ္ဂိုလ် (၁၀) ဦးထက်မနည်း၊ တွက်ထားတာတော့ (AA) ကနေ ဖမ်းထားတဲ့သူတွေလို့ ယူဆရတာ (၁၂) ဦး ရှိသေးတယ်၊ သူတို့ကိုလည်း ချွင်းချက်မရှိ လွှတ်ပေးဖို့၊ ဦးဝှေ့တင်းကို လွှတ်ပေးသလို လွှတ်ပေးသင့်တယ်၊ ဘယ်သူ့ကိုဖမ်းဖမ်း ဒါက လူတွေရဲ့အသက်ပဲ၊ ကျွန်တော်တို့ စတောင်းဆိုကတည်းက ဦးဝှေ့တင်း တစ်ဦးတစ်ယောက်ကိုပဲ လွှတ်ပေးဖို့ တောင်းဆိုခဲ့တာမဟုတ်ဘူး၊ ဘယ်တုန်းကမှ လူတစ်ဦးတစ်ယောက် လွတ်မြောက်ရေးအတွက် မတောင်းဆိုခဲ့ဘူး၊ တချို့ပါတီ၊ တချို့အဖွဲ့အစည်းတွေကတော့ ဦးဝှေ့တင်းတစ်ဦးတည်း လွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားရင်လှုပ်ရှားလိမ့်မယ်၊ ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘူး၊ ဦးဝှေ့တင်းအပါအဝင် (၁၃) ဦး လွတ်မြောက်ဖို့နဲ့ နောက်ထပ် ဖမ်းဆီးမှုတွေမလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမည်နာမကို ဖော်ပြတာက ဖော်ပြချက်သာဖြစ်ပါတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက အကြောင်းကြောင်းကြောင့် ဖမ်းဆီးသွားပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဘာမှမကွာပါဘူး၊ ဖမ်းဆီးထားတဲ့သူ (၁၂) ဦးကို ပြန်လွှတ်ပေးဖို့ကလည်း ညီတူညီမျှ အရေးကြီးပါတယ်”

“ဒုတိယအချက်က (AA) ရဲ့ ကြေငြာချက်ထဲမှာ ခူမီးဆိုတာ ရခိုင်လူမျိုးဖြစ်တယ်လို့ သုံးနှုန်းသွားတဲ့/ပြောသွားတဲ့ဟာမျိုး၊ နောက်ပြီး ခိုင်သုခကလည်း ခူမီးနဲ့ ရခိုင်ဆိုတာ လူမျိုးတစ်မျိုးတည်းဖြစ်တယ် ဆိုတဲ့ဟာမျိုး၊ သုံးနှုန်းသွားတဲ့ဟာက ကျွန်တော်တို့ ချင်းလူမျိုးထဲမှာရှိတဲ့ မျိုးနွယ်စုတွေကို တမင်တကာ၊ ချင်းလူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိပါးစော်ကားတဲ့ သဘောမျိုး သက်ရောက်သွားတယ်၊ ချင်းလူမျိုးကို ရခိုင်အဖြစ် အတင်းအဓမ္မ သွတ်သွင်းချင်တဲ့သဘောသက်ရောက်တဲ့ စိတ်ထားမျိုး၊ အသုံးအနှုန်းမျိုး ကျွန်တော်တို့ တွေ့ရတဲ့အတွက်ကြောင့် လုံးဝလက်မခံဘူး၊ လုံးဝ ရှုတ်ချကန့်ကွက်ပါတယ်၊ ဒါမျိုးက ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကနေပြီးတော့ဖြစ်ဖြစ်၊ ရခိုင်အဖွဲ့အစည်း/ပုဂ္ဂိုလ်တွေကပဲဖြစ်ဖြစ်၊ အခြားတိုင်းရင်းသားတွေ၊ ဘယ်သူဖြစ်ဖြစ် ကိုယ့်ရဲ့ အမျိုးသားအခွင့်အရေးအတွက် လက်နက်ကိုင် ချင်းတွေသော်လည်းကောင်း၊ နိုင်ငံရေးပါတီကသော်လည်းကောင်း အမျိုးမျိုးနဲ့ ကိုယ့်ရဲ့အမျိုးသား၊ ကိုယ့်ရဲ့လူမျိုးအခွင့်အရေးအတွက် တောင်းဆိုတာ ကျွန်တော်တို့က ဘာမှ ကန့်ကွက်စရာလည်းမရှိဘူး၊ မှတ်ချက်ပေးစရာလည်း မရှိဘူး၊ ဒါပေမယ့် တခြားတိုင်းရင်းသား၊ လူမျိုးစုတွေကြားမှာ ဝင်ရောက်စွက်ဖက်ပြီးတော့ သွေးခွဲလိုတဲ့ အမူအရာမျိုး၊ စကားမျိုးကတော့ လုံးဝ လက်ခံနိုင်စရာမျိုး မဟုတ်ဘူးပေါ့”

ဦးစောမြ (ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC)

ကျနော်တို့ဘက်ကတော့ ကောင်းတဲ့လက္ခာလို့တော့မြင်တယ်လေ အဲလိုလွှတ်ပေးလိုက်တယ်ဆိုတာက ဒါပေမယ့် ကျနော်တို့ဘက်ကလိုချင်တာက အရင်သူတို့စွပ်စွဲထားတာတွေရှိတယ်ဗျာ စစ်သတင်းပေးဘာညာနဲ့ အဲဒါတွေကိုလည်း သင်ပုန်းချေလိုက်ပြီဆိုတာဟာ သူတို့ပြောပေးရင်ကောင်းလိုက်မယ် ဦးဝှေ့တင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အ တွက် ရွာဆင်းပြီးမှစကားပြောဆိုတာတွေရှိမှာကိုး စကားဆိုတာကလည်း ပြောရင်းပြောရင်းနဲ့လည်း အဓိပ္ပါယ်အမျိူးမျိူး ပေါက်နိုင်တယ်လေ အဲဒါကြောင့် သူ့ရဲ့နောက်ကျောလုံစေချင်တယ်ဗျာ သူတို့ပြောသလို အမျိူးသားရင်ကြားစေ့ရေးကို ရှေ့ရှုပြီးတော့ ကျနော်တို့သင်ပုန်းချေလိုက်ပြီဆိုတဲ့ဟာပါလာရင်တော့ပို့ကောင်းတာပေါ့ဗျာ အခုလက်ရှိမှာ (AA) ကဖမ်းဆီးထားတာ အနည်းဆုံး (၁၂) ယောက်ကျန်သေးတယ် ဒါပေမယ့်ခက်တာက (AA) က ဝန်မခံဘူးဗျ အခုလွှတ်ပေး လိုက်တဲ့ ဦးတောင်ပန်းကိုတောင်မှ ဖမ်းတယ်ဆိုတာ သူတို့ကဝန်မခံဘူးလေ ငြင်းဆိုကြတယ်လေ ဘာပဲဖြစ်ဖြစ်ကျန်တဲ့သူ တွေကိုလည်း လွှတ်ပေးစေချင်တယ်။

Salai Tera, Field Director (Chin Human Right Organization)

AA ကနေအခုလိုမျိုး MP ဦးဝှေ့တင်းပြန်လွှတ်ပေးတဲ့အပေါ်မှာကျနော်နေနဲ့ကျေးဇူးတင်ပါတယ် ကြိုဆိုတယ် ပြီးတော့ ဝမ်းလည်းသာတယ် ပြီးတော့ AA အဖွဲ့ကိုလည်း အထူးကျေးဇူးတင်တယ်၊ အခုလိုမျိုး လွှတ်ပေးခြင်းအားဖြင့် ကျနော်တို့ အဓိက ချင်းနဲ့ရခိုင်ကြားမှာလည်း ပိုပြီးတော့ ချစ်ကြည်ရင်းနှီးမှုကပိုပြီးတော့ ဖြစ်စေနိုင်တာပေါ့နော် အဲဒါကြောင့် ကောင်းတဲ့လက္ခဏပါပဲ၊ အဲလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ ပလက်ဝမြို့နယ်အတွင်းမှာ ဒေသခံအချင်းချင်းကြားမှာ စိုးရိမ်မှုတွေကြောက်ရွေ့မှုတွေ မယုံကြည်မှုတွေ ရှိတဲ့ဥစ္စာတွေလည်းအခု ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးဖြေရှင်းပေးနိုင်မယ်လို့ ကျနော်ထင်တယ် အခုဆိုရင်ကျနော်တို့သိရသလောက်တော့ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ကျနော်တို့ပြည်သူတွေ ချင်းနဲ့ ရခိုင်ကြားမှာ ကျနော်တို့ ယုံကြည်မှုလည်းမရှိဘူး ပြီးတော့ အချင်းချင်းစိုးရိမ်တဲ့ အခြေအနေမျိုးပေါ့နော် ပြီးတော့မယုံကြည်ကြဘူး အချင်းချင်းကမယုံသင်ကာဖြစ်ကြတဲ့အခြေအနေမျိုးမှာရှိနေတော့အခု အဲလိုမျိုးလွှတ်ပေးခြင်းအားဖြင့် အဲဒီဥစ္စာတွေအကုန်လုံး ကျနော်တို့ဖြေရှင်းနိုင်မယ်လို့ ကျနော်မြင်မိတာပေါ့ ကောင်းတဲ့လက္ခဏလို့ပဲပြောချင်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.