• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်ပြည်သူ ၇၀၀ ကျော်ထိတိုးလာ

ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်ပြည်သူ ၇၀၀ ကျော်ထိတိုးလာ

0
By Editor on June 12, 2019 Headline

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလုံလာသည့် စစ်ဘေးရှောင်ပြည်သူ ၇၀၀ ကျော်ရှိနေပြီဟု သိရသည်။

ယခုလက်ရှိတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမှုမရှိသော်လည်း ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့များက ပလက်ဝမြို့မှ ၇ မိုင်ကျော်ကျော် ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပိန္နဲတပင်၊ သဲမချောင်းထဲ၊ ကျောက်ပျဉ်ထောင့်၊ ကြွေသောင်နှင့် လောင်းတင် စသည့်ကျေးရွာ (၅) ရွာမှ ဒေသခံပြည်သူ အိမ်ထောင်စု ၁၄၃ စု၊ လူဦးရေ ၇၂၂ ယောက်တို့ ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလုံလာကြသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့၏ စာရင်းအရသိရသည်။

ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူအများစုသည် နီးစပ်ရာဆွေမျိုးအိမ်တွင် နေထိုင်ကြပြီး တစ်ချို့ကိုတော့ NLD ရုံး၊ ကြံ့ခိုင်ရေးရုံးနှင့် အင်္ဂလီကန်အသင်းတော်ပိုင်ဝန်းထဲတွင် နေရာချပေးထားသည်ဟု သိရသည်။

ယခုလက်ရှိအခြေအနေတွင် ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့က စစ်ဘေးရှောင်ပြည်သူများကို တစ်ရက်လျှင် မိသားစုတစ်ခုအတွက် ကျပ်ငွေနှစ်ထောင်စီ၊ လူတစ်ယောက်စာအတွက် ဆန် ၂ ဖူးစီဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိသည်ဟု လူမှုကူညီရေးပရဟိတအသင်းမှ ကိုကျော်ခင်ကပြောသည်။

“အလှူရှင်တွေက လှူထားတဲ့ဟာတွေနဲ့ခွဲတမ်းချပြီး ထောက်ပံ့ပေးနေရတယ်၊ မနေ့ကလည်း နှစ်ခြင်းအသင်းတော်က ငွေကြေး ၅ သိန်းလှူထားတယ် ပြည်နယ်အစိုးရကလည်း ဆန်အိတ်ပေါင်း ၅၀၀ လှူထားတာရှိတယ်ပေါ့နော် အဲဒါတွေနဲ့ ခွဲတမ်းချပြီးထုတ်ပေးနေတယ် လောလောဆယ်တော့ ဒီလိုနဲ့ပဲဖြေရှင်းနေကြရတယ်၊ တစ်ချို့ကျတော့ အ၀တ်အစားတွေပါမလာတဲ့သူတွေရှိတော့ အ၀တ်စားလိုအပ်ချက်တွေရှိတယ်၊ဘယ်ချိန်ထိနေကြမလဲဆိုတာလည်းပြောမရတော့ ကြာလာရင်တော့ ခက်ခဲလာနိုင်တယ်’’ ဟု ကိုကျော်ခင်ကပြောသည်။

ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ယခင်က ၂၆၄၀ ရှိခဲ့ရာမှ ယခု ၇၀၀ ကျော်ထပ်တိုးလာသည့်အတွက် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.